News

BMWရဲ့ အသစ်စက်စက် BMW i3

ကမ္ဘာကျော် ကားကုမ္ပဏီ BMW ကတော့ ကားအသစ် တစ်စီးကိုထပ်မံ မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။ BMW i3လို့ နာမည် ပေးထားပြီးတော့ 2014မော်ဒယ်ပဲ ဖြစ်ပါတယ်။ စွမ်းအင် ခေျွတာရေး လျှပ်စစ်ကား ဖြစ်ပြီးတော့ အလေးချိန် ပေါင် ၂၆၀၀ ရှိပါတယ်။ နယူးယောက်၊ လန်ဒန်၊ ပေကျင်းစတဲ့ မြို့ကြီးတွေမှာ အဆိုပါ BMW ကားသစ်ကို မိတ်ဆက်ပြခဲ့တာပဲ ဖြစ်ပါတယ်။


မြင်းကောင်ရေ ၁၇၀အား ရှိပြီးတော့ ဒေါ်လာ ၄၁၃၅၀ နဲ့ စတင် ရောင်းချမယ်လို့လည်း သိရပါတယ်။ 5-door Structure ဖြစ်ပြီးတော့ ယနေ့ ရန်ကုန်မြို့မှာ တွေ့နေရတဲ့ ဆီစား သက်သာတဲ့ Van ကားလေးတွေ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ အိုင်စီတီ ပရိသတ်ကြီးအတွက် BMW ကားသစ်လေးရဲ့ ပုံတွေကို တင်ဆက် ပြသလိုက်ပါတယ်။

Ref: http://www.theverge.com/2013/7/29/4568034/ultimate-driving-ev-bmw-launches-electric-i3

Leave a Reply

Your email address will not be published. Required fields are marked *