News

ပြည်ပမှာတော့ Note 3နဲ့ Galaxy Gearကို ကြိုတင် အော်ဒါမှာယူ နိုင်ပြီ

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပနေတဲ့ IFA Trade Showမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပွဲထုတ်တင်ဆက် ခဲ့တဲ့ Samsungရဲ့ စမတ်နာရီ Galaxy Gearနဲ့ စမတ်ဖုန်း Galaxy Note 3တို့ကို ကြိုတင်အော်ဒါ မှာယူနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့် အမေရိကရဲ့ AT&T, Verizonစတဲ့ Telecomတွေကနေ မှာယူရမှာ ဖြစ်ပြီး Sprint, T-Mobileစတာတွေ မှာလည်း မကြာခင် အော်ဒါမှာယူ နိုင်တော့မှာ ဖြစ်ပါတယ်။

Verizonမှာတော့ Galaxy Note 3စမတ်ဖုန်းကို ၂နှစ်Contractနဲ့ ယူရင် ဒေါ်လာသုံးရာလို့ သတ်မှတ် ထားပါတယ်။ Contract(စာချုပ်)မပါဘူး ဆိုရင်တော့ ဒေါ်လာ ၇၀၀နဲ့ အော်ဒါမှာ ၀ယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ Galaxy Gearစမတ်နာရီကိုပါ လိုချင်တယ် ဆိုရင်တော့ Note 3ရဲ့တွဲဖက် ပစ္စည်းတစ်ခု အဖြစ် ၀ယ်ယူရမှာ ဖြစ်ပြီး ၂နှစ် Contractကို ဒေါ်လာ ၆၀၀ဖြစ်ပါတယ်။ Contractမပါဘဲ သီးသန့်၀ယ်ယူရင် စမတ်ဖုန်းနဲ့ စမတ်နာရီ နှစ်ခုပေါင်း ဒေါ်လာ တစ်ထောင်ခန့် ကျသင့်မှာပဲ ဖြစ်ပါတယ်။ Verizonရဲ့ အတည်ပြု ပြောကြားချက်အရ အဆိုပါ Productနှစ်ခု စလုံးဟာ အောက်တိုဘာ ၁၀ရက်နေ့ သဘောၤတင်ပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Verizonရဲ့ “Edge Program”ဆိုတဲ့ အစီအစဉ်နဲ့ ၀ယ်ယူရင်လည်း Galaxy Note 3ဖုန်းကို တစ်လ ဒေါ်လာ၃၀ ပေးပြီး အရစ်ကျ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အမေရိကရဲ့ AT&Tမှာလည်း Galaxy Note 3ဖုန်းကို ၂နှစ် Contractနဲ့ ယူရင် ဒေါ်လာ ၃၀၀သတ်မှတ် ထားပြီး Contractမပါရင်တော့ ဒေါ်လာ ၇၀၀ကျော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် AT&Tရဲ့ အစီအစဉ်အရ တစ်လ ၃၅ဒေါ်လာ ပေးသွင်းပြီး Galaxy Note 3ဖုန်းကို ၀ယ်ယူနိုင်ပါ သေးတယ်။ ထူးခြားတာက AT&Tဟာ Note 3ဖုန်းကို အောက်တိုဘာ ၁ရက်နေ့ ၀န်းကျင်လောက်မှာ သဘောၤတင်ပို့မှု အော်ဒါတွေ စတင်မယ်လို့ ဆိုပါတယ်။ Galaxy Gearနဲ့ ပတ်သက်ပြီးကတော့ Spec:တွေ မထုတ်ပြန်ပဲ မကြာမီလာမည်လို့သာ သိရပါတယ်။

နောက်ထပ် Telecomတစ်ခု ဖြစ်တဲ့ T-Mobileကလည်း Galaxy Note 3ကို Contractနဲ့ ၀ယ်ယူရင် ဒေါ်လာ ၂၀၀သာ သတ်မှတ် ပေးထားပြီး လစဉ်အရစ်ကျ ၀ယ်ယူရင်တော့ ၂၁ဒေါ်လာ ဖြစ်ပါတယ်။ စမတ်နာရီ Galaxy Gearကိုတော့ ဒေါ်လာ ၃၀၀ခန့် သတ်မှတ်ထား ပါတယ်။ ဒါ့အပြင် Samsungရဲ့ Galaxy Note 3ဖုန်းကို သီးသန့်၀ယ်ယူရင်တော့ ၇၀၃.၉၉ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။ T-Mobileရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ အဆိုပါ စမတ်ဖုန်းဟာ မကြာမီ လာမည်လို့ ဖော်ပြထားပေမယ့် ကြိုတင်အော်ဒါ မရသေးပါဘူး။ ရနိုင်မယ့် နေ့ရက်ကိုတော့ အောက်တိုဘာ ၂ရက်နေ့လို့ ခန့်မှန်းသိရှိရပါတယ်။

နောက်တစ်ခုကတော့ “Sprint”ဆိုတဲ့ Pageဖြစ်ပြီး အဆိုပါ Pageမှာ Galaxy Note 3ကို မကြာမီ ၀ယ်ယူနိုင်မယ်လို့ သိရပေမယ့် ဈေးနှုန်းနဲ့ ရရှိမယ့်အချိန်ကိုတော့ မကြေညာသေးပါဘူး။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော Note 3နဲ့ Galaxy Gearကို အော်ဒါမှာပြီး ၀ယ်ယူဖို့ စိတ်၀င်စားပါသလား?

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “ပြည်ပမှာတော့ Note 3နဲ့ Galaxy Gearကို ကြိုတင် အော်ဒါမှာယူ နိုင်ပြီ

  1. Clo says:

    တစ်မျိုးမထင်နဲ့နော် ဘာပြောလို့ပြော မှန်းမသိဘူး မြန်မာပြည်က ဝယ်ယင်ဘယ်လိုဝယ် ရမှာလည်း

Leave a Reply

Your email address will not be published. Required fields are marked *