How-to

သင့်ကွန်ပြူတာရဲ့ Hardware Information တွေကို အသေးစိတ်ပြပေးမယ့် Speccy

သင့်ကွန်ပြူတာမှာပါရှိတဲ့ Hardware တွေ အကြောင်းအသေးစိတ်သိချင်ရင်တော့ Speccy ဆိုတဲ့ Freeware ကိုသုံးပါ။ နာမည်ကြီး CCleaner ရဲ့ Developers တွေက ပြုလုပ်ထားတာဖြစ်ပြီး Portable Version လည်းရှိပါတယ်။ တစ်ခြားကွန်ပြူတာက Hardware တွေကို စစ်ဆေးချင်ရင်တော့ Portable Version ကအဆင်ပြေပါတယ်။
Speccyကို Runလို့ Error Message ကျလာရင် Administrator  အနေနဲ့ Run ပေးရပါမယ်။ Run ပြီးရင် သင့်ကွန်ပြူတာရဲ့ Detailed Overview ကိုတွေ့မြင်ရမှာပါ။

Section တစ်ခုချင်းစီမှာ အသေးစိတ်အချက်အလက်တွေကိုကြည့်နိုင်ပါတယ်။ CPU panel မှာ Processor က Support ပေးတဲ့ Technology တွေရဲ့ အသေးစိတ် အချက်အလက်တွေကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် Code Name, Family, Bus Speeds, Temperature တွေနဲ့ တစ်ခြား အချက်အလက်တွေကို တွေ့မြင်နို်င်ပါတယ်။

Graph Indicators တွေကို နှိပ်ပြီး Temperature,  Speed တွေကိုကြည့်နိုင်ပါတယ်။

RAM panel မှာတော့ Brand, Part Number, Frequency, Latencyနဲ့ တစ်ခြားအချက်အလက်တွေကို တွေ့မြင်နိုင်ပြီး RAM ထပ်စိုက်ရင်ဖြစ်ဖြစ်၊ Upgrade လုပ်ရင်ဖြစ်ဖြစ် ဒီသတင်းအချက်အလက်တွေက အသုံး၀င်ပါတယ်။

Motherboard Page မှာတော့ Chipset, BIOS တွေကို တွေ့မြင်နိုင်ပါတယ်။

Speccy က သင့် ကွန်ပြူတာရဲ့ Hardware နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသေးစိတ်ပြပေးနို်င်ပြီး အဲဒီသတင်းအချက်အလက်တွေဟာ ကွန်ပြူတာ ပြဿနာတွေကို အဖြေရှာတဲ့ နေရာမှာ အလွန်အသုံး၀င်ပါတယ်။ ဒါ့အပြင် လက်ရှိ Hardware တွေရဲ့ သတင်းအချက်အလက်တွေကို Snapshot အနေနဲ့ သိမ်းပေးထားနိုင်ပါတယ်။အဲဒီအတွက် နောင်တစ်ချိန်မှာ ပြန်ပြီးသိရှိနိင်သလို ကွန်ပြူတာ ပြဿနာတက်တဲ့အချိန်တွေမှာလည်း Support Team တွေဆီ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ပါတယ်။

Speccy ကို XP,Vista,2000,2003 နဲ့ Windows 7 (32 & 64-bit versions) တို့မှာ သုံးနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *