News

စည်းကမ်းဖောက်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁၇၄ဦး ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းဖောက်ပျက်သည့် ခရီးသည် တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို သက်ဆိုင်ရာ ယာဉ်လိုင်းများမှ ရာသက်ပန် ထုတ်ပယ်ခဲ့ကြောင်း မ.ထ.သ (ဗဟို)မှ ဥက္ကဌဖြစ်သူ ဦးလှအောင်က စက်တင်ဘာ ၅ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားသည်ဟု သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်လုပ်သားများကို ထုတ်ပယ်သည့် အရေးယူမှုတွင် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တွေ၊ ယာဉ်တိုက်မှုကြောင့် တရားရင်ဆိုင်နေရသူတွေနဲ့ စည်းကမ်းမဲ့မောင်းနှင် နေတာတွေ့လို့ စစ်ဆေးပြီး ဒဏ်ငွေရိုက်ပေမယ့် ဒဏ်ငွေကို လာမဆောင်တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၁၇၄ဦးကို ယာဉ်လိုင်းအသီးသီးကနေ ထုတ်ပယ်လိုက်ပါပြီး”ဟု စက်တင်ဘာ ၅ရက် နံနက်ပိုင်းက မ.ထ.သ (ဗဟို) စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာ၀န်ရှိယူ ဦးမြင့်ဦးက ပြောကြားခဲ့သည်။

အရေးယူခဲ့သည့် ဦးရေမှာ ၂၀၁၃ခုနှစ်၊ ဇန်နဝါရီတွင် ၃၈ဦး၊ ဖေဖော်ဝါရီတွင် ၁၃ဦး၊ မတ်တွင် ၂၂ဦး၊ ဧပြီတွင် ၁၃ဦး၊ မေတွင် ၁၂ဦး၊ ဇွန်တွင် ၃၇ဦး၊ ဇူလိုင်တွင် ၂၂ဦးနှင့် သြဂုတ်တွင် ၁၇ဦးဖြစ်ကြောင်း သိရသည်။ ၂၀၁၃ခုနှစ်အတွင်း ထုတ်ပယ်ခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ မ.ထ.သ (မြို့တွင်း) ယာဉ်လိုင်းမှ ၁၂၂ဦး၊ ဗန္ဓုလ (ပါရမီ) ယာဉ်လိုင်းမှ ၁၅ဦး၊ အရှေ့ပိုင်းခရိုင် ယာဉ်လိုင်းမှ ၂ဦး၊ အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ၁၀ဦး၊ မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ၆ဦး၊ သန်မြန်သူ ယာဉ်လိုင်းမှ ၁၁ဦး၊ စစ်မူထမ်း (အတွင်း) ယာဉ်လိုင်းမှ ၂ဦး၊ ရွေဧည့်သည်ယာဉ်လိုင်းမှ ၃ဦး၊ ရွေအင်း၀ ယာဉ်လိုင်းမှ ၃ဦးတို့ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

5 thoughts on “စည်းကမ်းဖောက်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၁၇၄ဦး ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်

  1. Soe Thiha says:

    စည်းကမ်းဖောက်တဲ့လူတိုင်းထုတ်မယ်ဆိုရင် မောင်းမဲ့လူတောင်ရှိမယ်မထင် အကုန်လုံး စောက်ချိုးမပြေဘူး အဲကောင်တွေ

  2. စည်းကမ်းဖောက်တဲ့လူတိုင်းထုတ်မယ်ဆိုရင် မောင်းမဲ့လူတောင်ရှိမယ်မထင် အကုန်လုံး စောက်ချိုးမပြေဘူး အဲကောင်တွေ

  3. Aung Myint says:

    နေရာတိုင်းမှာစည်းကမ်းလိုက်နာတာ
    အကောင်းဆုံးပါ။
    ဖြစ်သင့်တာကြာပါပြီ။

  4. Hote Ke Par says:

    စည်းကမ်းဖောက်တာလေးကိုများ ယာဉ်တိုက်မှုဖြစ်ထားတဲ့ ယာဉ်မောင်းတွေတောင် ဒီလိုင်းမှာဖြစ် ဟိုလိုင်းပြောင်း ဟိုလိုင်းမှာဖြစ် ဒီလိုင်းပြောင်း လုပ်နေကြတဲ့ကောင်တွေ မောင်းချင်သလိုမောင်းမယ် ဖြစ်ရင်ပြေးမယ်

Leave a Reply

Your email address will not be published. Required fields are marked *