News

Yahooရဲ့ Logoအသစ်

ကမာဘကျော် Search Engineတစ်ခု ဖြစ််တဲ့ Yahooအနေနဲ့ ၎တို့ရဲ့ Logoအသစ်ကို တရားဝင် ကြေညာပွဲထုတ် လိုက်ပြီ ဖြစ်ပါတယ်။ Yahooရဲ့ Marketingခေါင်းဆောင် ဖြစ်သူKathy Savittက ‘ကွျနု်ပ်တို့ အနေနဲ့ Yahooရဲ့ Logoအသစ်ကို ထုတ်ဖော်ပြသဖို့ စိတ်လှုပ်ရှားခဲ့ မိပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီLogoအသစ်ဟာ တစ်ကမာဘလုံးရဲ့ Yahooဝက်ဘ်ဆိုဒ်မှာ ပေါ်ထွက်လာမှာ မို့လို့ပါ’ဟု Blogတစ်ခုတွင် ရေးသားပြောကြား ခဲ့ပါတယ်။

Yahooရဲ့ Home Pageမှာ ယခုတင်ထားတဲ့ Logoအသစ်ဟာ Logoအဟောင်းနဲ့ အရောင်ရော အာမေဋိတ် သငေ်္ဪတပါ ဆင်တူပေမယ့် ၁၉၉၅ခုနှစ် ကစပြီး Yahooရဲ့ ပထမဆုံးအကြိမ် အဓိကပြောင်းလဲမှု တစ်ခုပဲ ဖြစ်ပါတယ်။ Logoအဟောင်းနဲ့ အသစ်ကြားထဲမှာ အထင်ရှားဆုံး ကွာခြားမှုကတော့ စာလုံးပုံစံဖြစ်ပြီး ‘Sans Serif’ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Yahoo CEO Mrs.Mayerကလည်း Logoအသစ် ဖန်တီးတဲ့ နေရာမှာ အထူးကြိုးစားခဲ့တယ်လို့ သူမကိုယ်ပိုင် Blogမှာ ဖော်ပြထားပါတယ်။

‘Yahooကို ထင်ဟပ်နေစေမယ့် Logoအသစ် တစ်ခုလိုအပ် နေပြီဆိုတာ ကွျနု်ပ်တို့ သိရှိပြီးသား ဖြစ်ပါတယ်။ ခေတ်မီလန်းဆန်းတဲ့ ပုံစံနဲ့ ကွျနု်ပ်တို့ရဲ့ နောက်ကြောင်းကို တိမ်းညွတ် ဖော်ပြနေပြီး လူသားဆန်တဲ့ ထိတွေ့မှု စတဲ့အချက်တွေနဲ့ ပေါင်းစည်းပြီး ဂုဏ်ယူစွာနဲ့ ဖန်တီးခဲ့တာပါ’လို့ သူမက ပြောကြားခဲ့ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးလည်း Yahooဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Yahooရဲ့ Logoအသစ်နဲ့ ပတ်သက်လို့ ဘယ်လိုများ မှတ်ချက်ပြုချင် ပါသလဲ?

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *