News

Microsoftရဲ့ Xbox One, နို၀င်ဘာ ၂၂ရက်နေ့

Microsoftရဲ့ နာမည်ကြီးဂိမ်းစက် Xbox Oneကိုတော့ နို၀င်ဘာ ၂၂ရက်နေ့မှာ ပွဲထုတ်ဖြန့်ချိ တော့မှာဖြစ်တယ် လို့ိသိရပါတယ်။ ၎င်းရဲ့ နောင်တော် Xbox 360ဂိမ်းစက်ကို တရား၀င်ဖြန့်ချိ ခဲ့ပြီး ရှစ်နှစ်အကြာမှာ Xbox Oneကို ထုတ်လုပ် လိုက်တာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၅၀၀ခန့် ရှိနေပါတယ်။ ဂိမ်းကစားဖို့သာမက TVကြည့်ဖို့နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ အတွက်ပါ အသုံးပြုနိုင်တဲ့ All-In-Oneစနစ်တစ်ခု ဖြစ်ပါတယ်။ Xboxထက် တစ်ပတ်စောပြီး ထုတ်လုပ်ဖြန့်ချိမယ့် SONYရဲ့ Play Station 4ဂိမ်းစက် ကတော့ ဈေးနှုန်း ဒေါ်လာ ၄၀၀လို့ သိရပါတယ်။

Xbox Oneဂိမ်းစက်မှာ အသုံးပြုသူတွေကို ရုပ်ရှင်Streamingကြည့်တာက စပြီး၊ TVကြည့်တာ၊ ဂိမ်းဆော့တာ စတဲ့ မတူညီတဲ့Taskတွေ အများအပြား လုပ်ဆောင်နိုင်စေမယ့် Dashboardတစ်ခု စီစဉ်ပေးထား ပါတယ်။ Microsoftရဲ့ Kinect Sensorကို အဆင့်မြှင့်တင် ပေးထားပြီး Screenပေါ်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို ထိန်းချုပ်နိုင်ဖို့ Gesture Controlလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Xbox Oneမှာ ရုပ်ရှင်ကြည့်နေရင်းနဲ့ Skypeသုံးနိုင်သလို “TV Guide”စတဲ့ Featureတွေလည်း ပါ၀င်လာမှာပါ။ “Kinect”စနစ်လည်း ပိုမိုတိုးတက် လာမှာ ဖြစ်ပါတယ်။

Microsoft ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောကြားချက်အရ ဈေးကွက်ထဲမှာ ရှိတဲ့စတိုး ဆိုင်တွေဟာ Xbox Oneဂိမ်းစက်ရဲ့ ကြိုတင် အမှာစာတွေကို ရောင်းချပြီး ဖြစ်တယ်လို့ သိရပါတယ်။ သြစတြီးယား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ မက္ကဆီကို၊ စပိန်၊ အင်္ဂလန်၊ အမေရိကန်နဲ့ နယူးဇီလန် နိုင်ငံတွေမှာ Xbox Oneဂိမ်းစက် ကိုရောင်းချ တော့မှာ ဖြစ်ပြီး ရုရှားနဲ့ ဂျာမနီတို့လို အခြားနိုင်ငံ တွေကိုတော့ နောင်နှစ်လောက်မှာမှ တင်ပို့နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *