News

T ဖြင့် စ၊ ဆုံးသော Model Handset များမှာ မြန်မာနိုင်ငံရှိ Network System အတွက် သင့်တော်သည့် Handsetများ မဟုတ်

huawei

ယခု မြန်မာနိုင်ငံ မိုဘိုင်းဟန်းဆက် ဈေးကွက်အတွင်းရှိ Huawei အမျိုးအစား Handset များထဲမှ T 9200, T 8830, T 8828, T 8620, Ascend Y200T, Y220T စသည့် ဟန်းဆက်များမှာ 2G Network တစ်ခုတည်းကိုသာ အထောက်အပံ့ပေးပြီး 3G Network ကိုမူ အထောက်အပ့ံ မပေးနိုင်ဟု သိရသည်။ ၎င်း Model Handsets များကို သုံးစွဲသူများကလည်း System Error များ ခဏခဏ ကြုံတွေ့ရကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ Huawei Company မြန်မာနိုင်ငံ ရုံးခွဲမှ တာ၀န်ရှိသူများက “ထိုကဲ့သို့ T ဖြင့််စ၍ T ဖြင့်ဆုံးသော Model Handset များမှာ မြန်မာနိုင်ငံရှိ Network System အတွက် သင့်တော်သည့် Handset များ မဟုတ်ကြောင်း၊ ၄င်း Model များမှာ TD-SCDMA Network ကိုသာ အထောက်အပ့ံ ပေးနိုင်ပြီး WCDMA Networkကိုမူ အထောက်အပံ့ မပေးနိုင်ပေ။ TD-SCDMA Network ဆိုသည်မှာ China Operatorအတွက်သာ အထောက်အပံ့ ပေးနိုင်ပြီး မြန်မာနိုင်ငံရှိ Network နှင့် ကိုက်ညီမှု မရှိပေ။ ထို့ကြောင့် System Error များ ခဏခဏ ဖြစ်တတ် ပေါ်တတ်ခြင်း ဖြစ်ပေသည်။ ဈေးကွက်အတွင်းရှိ ၎င်း Model Handset များမှာ ဈေးနှုန်းအားဖြင့် သက်သာသော်လည်း အသုံးပြု၍ အဆင်မပြေသောကြောင့် Customer များအနေဖြင့် သတိပြုဆင်ခြင်၍ ၀ယ်ယူသင့်ကြောင်း၊ ထို့အပြင် အဆိုပါ Model Handset များမှာ China မှ တိုက်ရိုက် တင်သွင်းလာသည့် ပစ္စည်းများ ဖြစ်ပြီး မြန်မာနိုင်ငံ ရုံးခွဲအနေဖြင့် စမ်းသပ်စစ်ဆေးပြီး တာဝန်ယူ တင်သွင်းသည့် ပစ္စည်းများ မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ ၄င်း Handset များ၏ နောက်ကျောဘက်တွင် China Mobileဟု ပါ၀င်ပြီး ရှေ့မျက်နှာပြင်တွင် ခရုပတ်ပုံ Logo တစ်ခု ပါရှိသည်။ အိုင်စီတီဂျာနယ် ဖတ်ရှုသူများအနေဖြင့် အသေးစိတ် သိရှိလိုပါက Facebook ရှိ Huawei Smart Phone in Myanmar တွင် တိုက်ရိုက်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *