Review

Frozen

Genre –  Fantasy, Adventure
Studio – Walt Disney Animation Studio
Distributor – Walt Disney Studios Motion Pictures
Score – 4 out of 5

Frozen ရုပ်ရှင်ဟာ Walt Disney Animation Studios ရဲ့ Studio သက်တမ်းတစ်လျှောက် 53 ကားမြောက်ထွက်ရှိလာတဲ့ ရုပ်ရှင်ဖြစ်ပြီး musical-fantasy အမျိုးအစား 3D animation ဇာတ်ကားဖြစ်ပါတယ်။ 19*0 ကျော် 1990 ကျော် ခုနှစ်တွေမှာ The Little Mermaid, Beauty & the Beast, Aladdin နှင့် The Lion King အစရှိတဲ့ Disney ရဲ့ အောင်မြင်ကျော်ကြားတဲ့ ကာတွန်းရုပ်ရှင်တွေဟာ 2D အမျိုးအစားတွေသာ ဖြစ်ခဲ့ပေမည့် နောက်ပိုင်းမှာတော့ Princess & the Frog လောက်ကလွဲလို့ကျန်တဲ့ Disney ရုပ်ရှင်တွေကော Pi×ar Animation Studio နှင့် ပူးပေါင်းဖန်တီးဖြစ်တဲ့ ရုပ်ရှင်တွေကပါ 3D Animation ဇာတ်လမ်း တွေအဖြစ်ပြောင်းလဲလာပါတယ်။ အခုရုပ်ရှင်သစ် Frozen အားမူလက 2D Animation ဖြင့် ရေးဆွဲရန် ကြံရွယ်ခဲ့သော်လည်း 3D ရုပ်ရှင်အဖြစ် အသွင်ပြောင်းခဲ့ပြီး Tangled နှင့် Wreck-it-Ralph ဇာတ်လမ်းတို့မှ စာရေးဆရာများနှင့် Animators များ ပူးပေါင်းဖန်တီးထားပါတယ်။ Animation စတိုင်ပြောင်းလဲရုံသာမက အရင်တုန်းကလို တေးသရုပ်ဖော် ဇာတ်ဎင်ခန်းတွေက ခုနောက်ပိုင်း Disney ရုပ်ရှင်တွေမှာ ပိုပိုပြီးရှားလာပေမည့် Frozen ရုပ်ရှင်သစ်ကတော့ သီချင်းအမြောက်အများပါဎင်တဲ့ Fantasy Musical ဇာတ်လမ်းအဖြစ် ရေးဆွဲထားလို့ 2D ကာတွန်းရုပ်ရှင်တွေခေတ်က ပျော်စရာနောက်ခံသီချင်းတွေနှင့် တွဲဖက်ပြီး ဇာတ်လမ်းကြည့်ခဲ့ရတဲ့ အရသာကို ပြန်ခံစားနိုင်မှာပါ။

Frozen ရဲ့ ဇာတ်လမ်းဟာ စာရေးဆရာ Hans Christian Andersen ၏ 1*45 တွင်ထွက်ရှိခဲ့သော The Snow Queen ပုံပြင်အားမှီငြမ်းထားခြင်းပြီး Frozen ရဲ့ ဇာတ်လမ်းအစမှာ အိမ်ရှေ့မင်းသမီး နှစ်ယောက်ဖြစ်တဲ့ ညီမငယ် Anna နှင့် အစ်မဖြစ်သူ Elsa တို့နှစ်ယောက်အနက် Elsa ဟာ ပတ်ဝန်းကျင်မှ အရာအားလုံးကို အေးခဲသွားအောင် ပြုလုပ်နိုင်တဲ့ မှော်စွမ်းရည်ပိုင်ဆိုင်ထားသူ အဖြစ် မိတ်ဆက်ပေးထားပြီး ရေခဲပြင်မှာ ကစားရင်း Elsa ရဲ့ရေခဲအစွမ်းကြောင့် Anna တစ်ယောက်ဒဏ်ရာရရှိသွားပါတယ်။ နောက်ပိုင်းမှာ Anna နှင့်အတူ အခြားလူသားများ အန္တရာယ်မဖြစ်အောင်နှင့် Elsa အပေါ်စုန်းမတစ်ယောက်အဖြစ် အထင်မမှားအောင် သူ့ရဲ့မိဘနှစ်ပါးက Troll မှင်စာလေးတွေရဲ့အကူအညီနှင့် Elsa ရဲ့အစွမ်းနှင့် ပတ်သက်တဲ့ မှတ်တမ်းများကို Anna ရဲ့အတွေးထဲက ဖျောက်ဖျက်ခဲ့ပါတယ်။ ဒါပေမည့် Elsa တစ်ယောက် အရွယ်ရောက်လို့ ဘုရင်မအဖြစ် ဆက်ခံတဲ့ပွဲမှာတော့ သူမမှာ အေးခဲနိုင်တဲ့စွမ်းရည်ကို မြို့သူမြို့သားများနှင့် ဧည့်သည်များရှေ့မှာ  မရည်ရွယ်ဘဲ အသုံးချမိခဲ့ပါတယ်။ မိမိအစွမ်းတွေကို မထိမ်းနိုင်သေးတဲ့ Elsa ဟာ သူမရဲ့ ရဲတိုက်သာမကဘဲ တစ်မြို့လုံးကို အလွန်အေးတဲ့ ဆောင်းရာသီရောက်အောင် ပြောင်းလဲမိပြီးနောက်မှာတော့ ရေခဲတောင်တွေကြား ပုန်းအောင်နေတဲ့အတွက် မိမိ၏အစ်မဖြစ်သူ ဘုရင်မ Elsa အားလိုက်လံရှာဖွေတဲ့ အိမ်ရှေ့မင်းသမီး Anna ရဲ့စွန့်စားခန်းကို ဂီတဖျော်ဖြေမှုများဖြင့် တင်ဆက်ထားပြီး Anna နှင့်အတူ တောင်တက်သမား Kristoff နှင့် သူ၏ ဒရယ် Sven၊ နှင်းလူသား Olaf အစရှိသည့် ဇာတ်ကောင်များပါဎင်ထားပြီး Elsa အဖြစ် Idina Menzel၊ Anna အဖြစ် Kristen Bell တို့က အသံသရုပ်ဆောင်အဖြစ် ပါဎင်ထားပါတယ်။

Tangled နှင့် Wreck-it-Ralph ရုပ်ရှင်အဖွဲ့သားတွေ အဓိကပါဝင်ထားတဲ့ Frozen ရုပ်ရှင်ဟာ Animation ပိုင်းနှင့် ဂီတပိုင်းမှာ နောက်ပိုင်း Disney 3D ရုပ်ရှင်တွေထက် ပိုတိုးတက်လာပြီး Anna တို့ရဲ့ Arendelle တိုင်းပြည် မအေးခဲခင်အချိန် သာယာတဲ့ကာလမှာကော Elsa ကြောင့် အေးခဲသွားချိန်မှာပါ နောက်ခံရှုခင်းပိုင်းတွေ၊ 3D effects တွေကိုပါ ကောင်းမွန်အောင် ဖန်တီးပေးထားနိုင်တာ တွေ့ရပါတယ်။ အဓိကဇာတ်ကောင်ကတော့ မင်းသမီးနှစ်ယောက် ဆိုပေမည့် ဇာတ်လိုက်မင်းသား Kristoff နှင့် Elsa ဖန်တီးထားတဲ့ နှင်းလူသား Olaf တို့လို ဇာတ်ကောင်တွေကိုလည်း ဟာသခန်းတွေမှာ အဓိထည့်သွင်းပေးထားပြီး ဇာတ်လမ်းအစပိုင်းမှာ ဇာတ်ဝင်သီချင်းကောင်းတွေ ပိုများများထည့်ထားကာ နောက်ပိုင်းမှာတော့ ဟာသနှင့် စွန့်စားခန်းတွေကို အဓိက ထည့်သွင်းပေးထားပါတယ်။ ဇာတ်လမ်းသရုပ်ဆောင်ပုံစံနှင့် ရေးထားတဲ့သီချင်းတွေ ထဲမှာတော့ Do You Want to Build a Snowman? နှင့် Let It Go တို့လို သီချင်းတွေကို ပရိသတ်ကြိုက်ကြမှာ ဖြစ်ပြီး Frozen ဟာ ကလေးကော လူကြီးပါ သဘောကျမည့် Disney Princess Movie ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။  Walt Disney Animation Studio ဟာ Marvel Comics ရဲ့ Superheroes ဇာတ်လမ်း Big Hero 6 ကို မှီငြမ်းထားတဲ့ 3D Animation ရုပ်ရှင်ကို 2014 November လအတွင်း ပြသနိုင်ဖို့ ရေးဆွဲလျှက်ရှိလို့ ဘယ်လိုပုံစံသစ်တွေနှင့် တင်ဆက်နိုင်ဦးမလည်းဆိုတော့ စောင့်ကြည့်ရဉီးမှာပါ။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *