အခုဆိုရင် Appleရဲ့ မျိုးဆက်သစ် iPhoneကို ထုတ်ဖော်ဖို့ အချိန် တစ်ပတ်သာ လိုပါတော့တယ်။ Appleအနေနဲ့ Hardwareထုတ်ကုန် အသစ်တစ်ခု ဖြစ်တဲ့ iPhone 5ကို ထုတ်လုပ်ခဲ့တာ တစ်နှစ်လောက် ရှိခဲ့ပြီ ဖြစ်လို့ အခု iPhoneအသစ်ကို မိတ်ဆက်မယ့် ပွဲဟာ ပုံမှန်ထက် ခမ်းနားကြီးကျယ်မယ်လို့ ခန့်မှန်း ရပါတယ်။ တကယ်လို့ သင်ဟာ iPhone အသစ်နဲ့ ပတ်သက်ပြီး အံ့အားသင့်စရာ တွေကို နှစ်သက်တဲ့ လူတစ်ယောက် ဆိုရင်တော့ ဒီနေရာမှာတင် ဆက်မဖတ်တော့တာ ကောင်းပါလိမ့်မယ်။ iPhoneအသစ်ကို စိတ်၀င်စားရင်တော့ ဆက်လက် ကြည့်ရှုသွားပေါ့ ခင်ဗျာ။ မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် Appleရဲ့ နောင်ထွက်မယ့် စိတ်၀င်စားဖွယ် ထုတ်ကုန်နဲ့ ပတ်သက်လို့ အဓိက သတင်းတွေကို စုစည်းတင်ဆက် ပေးလိုက် ပါတယ်။
၁။ နံပါတ်တစ် အချက်ကတော့ အားလုံးသိထားတဲ့ အတိုင်း Appleဟာ iPhoneအသစ်ကို စက်တင်ဘာ ၁၀ရက်နေ့မှာ ကြေညာပွဲထုတ်မှာ ဖြစ်ပါတယ်။ လုံးလုံးသေချာတာမျိုးတော့ မဟုတ်ပေမယ့် တရား၀င်နီးပါး ပါပဲ။ ကျွန်တော်တို့ ခန့်မှန်းမိသလောက် နောက် ၂ရက် ၃ရက်လောက်နေရင် Appleဟာ အဆိုပါ ပွဲအတွက် တရား၀င် ဖိတ်စာတွေ ပေးပို့သွားနိုင်ဖွယ် ရှိနေပါတယ်။
၂။ iPhoneအသစ်ကို “iPhone 5S”လို့ အမည်ပေး မှည့်ခေါ်သွားမှာ ဖြစ်ပြီး အပြင်ပန်းအားဖြင့်တော့ iPhone 5နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။
၃။ ကွာခြားသွားမယ့် အချက်တစ်ခုကတော့ “Gold Version”လို့ ခေါ်ဆိုနေကြတဲ့ ရွေှရောင်သန်းတဲ့ ကာလာတစ်မျိုးနဲ့လည်း ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
၄။ အပြင်ပန်းသာ ဆင်တူပေမယ့် iPhone 5နဲ့ iPhone 5Sဟာ အထဲမှာ တော်တော် ကွဲပြားခြားနားမှာ ဖြစ်ပါတယ်။ အချို့က iPhone 5ရဲ့ Componentတွေကို iPhone 5Sရဲ့ Shellမှာ Fitဖြစ်အောင် ကြိုးစား တပ်ဆင်ခဲ့ပေမယ့် ဖုန်းဟာ အလုပ်မလုပ်ပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ iPhone 5Sမှာ ပိုမိုမြန်ဆန်တဲ့ Processorနဲ့ ပိုမိုကြီးမားတဲ့ Batteryကို အသုံးပြုမှာ ကြောင့်ပဲ ဖြစ်ပါတယ်။
၅။ Appleကုမ္ပဏီက iPhoneအသစ်ရဲ့ လုပ်ဆောင်ချက်တွေကို ၃၁%ပိုမို မြန်ဆန်စေမယ့် 64-bit A7 Processorလည်း စမ်းသပ်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ A7ဆိုတာကတော့ Appleအနေနဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ Mobile Chipsတွေကို ပေးထားတဲ့ နာမည်ဖြစ်ပြီး အဆိုပါ Chipအကြောင်း ပြောကြားခဲ့တဲ့ Mark Gurmanက 64-bit Processorဟာ ဖုန်းအသစ်ရဲ့ အန်နီမေးရှင်းနဲ့ ဂရပ်ဖစ်တွေမှာ ပိုမိုချောမွေ့ စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ အန်နီမေးရှင်း အသုံးပြုမယ့် Appleရဲ့ OSအသစ် iOS 7အတွက်လည်း အဆိုပါ Processorဟာ အရေးပါလှ ပါတယ်။ ၃၁%ပိုမို မြန်ဆန်သွားခြင်းဟာ အသံတွေကိုလည်း ပိုမိုကောင်းမွန် စေပြီး ပြီးခဲ့တဲ့ နှစ်ကလည်း Appleဟာ iPhoneရဲ့ အမြန်နှုန်းကို နှစ်ဆ တိုးမြှင့်ခဲ့ ပါတယ်။ ဒါကြောင့်မို့ အခုတစ်ခါ ၃၁%ဆိုတာကတော့ အရမ်းကြီး မျှော်မှန်းထားရမယ့် အရာတစ်ခု မဟုတ်ပါဘူး။
၆။ iPhone 5Sဟာ 12MPကင်မရာ ပါ၀င်မှာ ဖြစ်ပြီး အလင်းရောင်နည်းတဲ့ အခြေအနေ တွေမှာတောင် ကောင်းကောင်း အလုပ်လုပ် နိုင်မှာဖြစ်ပါတယ်။
၇။ ပိုမိုကောင်းမွန်တဲ့ ကင်မရာ Flashလည်း ပါ၀င်လာမှာ ဖြစ်ပြီးတော့ ဓာတ်ပုံထဲက “Red-Eye”တွေကို ပျောက်ကွယ်သွားစေ မှာပါ။
၈။ နောက်တစ်ချက်ကတော့ iPhoneအသစ်ဟာ “Fingerprint Scanner”လို့ခေါ်တဲ့ လက်ဗွေမှတ်သားတဲ့ စနစ်လည်း ပါ၀င်လာမှာ ဖြစ်တယ်လို့ သတင်းထွက်ရှိ ထားပါတယ်။
၉။ iPhone 5Sနဲ့ အတူ တန်ဖိုးနည်းဖုန်း ဖြစ်တဲ့ iPhone 5Cလည်း ထွက်ရှိလာမှာ ဖြစ်တယ်လို့ ကြားသိရပါတယ်။
၁၀။ အဆိုပါ iPhone 5Cဟာ လူတွေရဲ့ တောင်းဆိုမှုကြောင့် Appleအနေနဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။
၁၁။ ဒါ့အပြင် ရရှိထားတဲ့ သတင်းတွေ အရ iPhone 5Cဟာ အရောင်စုံ အသွေးစုံလာမှာ ဖြစ်ပြီး ပလတ်စတစ် ကိုယ်ထည် အသုံးပြုသွားနိုင်ဖွယ် ရှိပါတယ်။
၁၂။ နောက်တစ်ချက်က စိတ်၀င်စားစရာပါ။ Appleအနေနဲ့ iPhone 5တွေကို ထုတ်လုပ်ခြင်း ရပ်စဲတော့မှာ ဖြစ်ပြီး iPhone 5S, iPhone 5Cနဲ့ iPhone 4Sတွေကို သာရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
၁၃။ တန်ဖိုးနည်း ဆိုတဲ့ iPhone 5Cဟာ ဈေးဘယ်လောက် ရှိပါသလဲ? ဒါဟာ ခုချိန်ထိ တိတိကျကျ မဖြေနိုင်သေးတဲ့ မေးခွန်းတစ်ခု ဖြစ်ပြီး လူတွေ တွေးထင်ထားတာ ကတော့ ဒေါ်လာ ၄၀၀ကနေ ၅၀၀လောက် ရှိမယ်လို့ ဆိုပါတယ်။ ဒါဟာ တန်ဖိုးနည်းဖုန်း တစ်လုံးအတွက် မြင့်မားတဲ့ ဈေးနှုန်းဖြစ်နေပြီး Appleအနေနဲ့ လူတွေဟာ ဒီဖုန်းကို ၀ယ်ယူကြမှာပဲလို့ ယူဆလျက် ရှိနေပါတယ်။ လက်ရှိမှာတော့ ကမ္ဘာတစ်လွှားမှာ iPhoneတစ်လုံးရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၆၅၀ကနေ ဒေါ်လာ ၁၀၀၀အထိ တန်ဖိုးရှိနေပါတယ်။
၁၄။ ပြီးခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့ ပြန်လည် ချိန်ထိုးကြည့်တဲ့အခါ Appleဟာ တကယ်ပဲ စက်တင်ဘာ ၁၀ရက်နေ့မှာ iPhone 5Sကို ကြေညာပွဲထုတ်မယ် ဆိုရင် နောက်ထပ် ၁၀ရက်အကြာ စက်တင်ဘာ ၂၀ရက်နေ့ ကျရင်တော့ iPhone 5Sကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
၁၅။ နောက်ဆုံးအချက်ကတော့ Appleရဲ့ iPhoneအသစ်မှာ OSအသစ် ဖြစ်တဲ့ iOS7ကို အသုံးပြုသွားမယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါဟာလည်း Appleပရိသတ်တွေကို အလွန်တရာ ဆွဲဆောင်ဦးမယ့် အရာတစ်ခုပါ။
ဘာမွဖတ္လို့မရဘူး
Mozilla Browser အသုံးပြုတယ်ဆိုရင် Mozilla Latest Version ကို download လုပ်ပြီး သုံးကြည့်ပါလားခင်ဗျာ