News

အသက် နှစ်ဆယ့်တစ်နှစ် အရွယ် တက္ကသိုလ် ဘွဲ့ရ တစ်ဦး မိုဘိုင်းလ်မှ တစ်ဆင့် ငွေ ပေးချေမှု Application အတွက် ထူထောင်ထားသော ကမ္ဘာ့ အကြီးဆုံး ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ငွေကြေး ထောက်ပ့ံရေး အဖွဲ့ရဲ့ လက်ခံ ဆောင်ရွက်သူ ဖြစ်လာ

Stanford မှ ဘွဲ့ရရှိခဲ့သူ Lucas Duplan သည် ၎င်း၏ Application အတွက် ဒေါ်လာ၂၅သန်း အထိ သုံးစွဲခဲ့ကြောင်း ထုတ်ဖော် ကြေငြာ ခဲ့သော်လည်း ထို Applicationက ဘာအတွက် သုံးလို့ရမယ်ဆိုတာ ဘယ်သူမှ မသိသေးတဲ့အပြင် ယခု ထိလည်း မိ်တ်ဆက် ခဲ့ခြင်း မရှိခဲ့ ပါဘူး။

Clinkle ဝက်ဘ်ဆိုက်ကတော့ ထို Application ဟာ သင့်ရဲ့ သမားရိုးကျ နည်းမှ သင့်ရဲ့ ပိုက်ဆံအိတ်ကို Analog ပုံစံအဖြစ်သို့ အနာဂါတ် ငွေကြေးပေးချေမှုအတွက်
ပြောင်းလဲပေးမှာလို့ ပြောထားပါတယ်။ ဒါပေမဲ့လည်း အဆိုပါ Application ဘယ်လို အလုပ်လုပ်မလဲ ဆိုတာတော့ ဖန်တီးသူ ကာယကံရှင် Duplan ကိုယ်တိုင်က နှုတ်ဆိတ် နေတုန်းပါပဲ။

Duplan က Business Insiderသို့ ကျွန်တော်တို့ ဘာကြောင့်လုပ်သလဲဆိုတာ အခြေခံအားဖြင့်တော့ သင့်ရဲ့ ဖုန်းကို သုံးပြီး လက်ရှိ သင်ငွေပေးချေမှုမှာ အသုံးပြုနေတဲ့ ငွေသားပုံစံ ငွေဖြည့်ကတ် ပုံစံကို ယှဉ်ပြိုင်ဖို့ ဖြစ်ပြီး Hardware လိုအပ်ချက်ကို လစ်လျူရှုကာ Softwareအပိုင်း ကနေ အဆိုပါ Applicationကို အသုံးပြုသူများ Download လုပ်နိုင်အောင် တီထွင်ခဲ့ပါတယ်။

Duplan က ကယ်လီဖိုးနီးယားမှာ ကြီးပြင်းခဲ့ပြီး စီးပွားရေး အနေနှင့်လည်း အတွေ့အကြုံ ရှိခဲ့တယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ ဆယ်ကျော်သက် ဘဝမှာ ပထမဦးဆုံး အနေနှင့် eBayကနေ တစ်ဆင့် iPod Casesရောင်းကာ ဝင်ငွေ ရှာခဲ့ပါတယ်။ သူတို့ မူလနေခဲ့တဲ့ Croatia မှာ Duplanက သူ့မိဘများရဲ့ Wireless Internet Connection ကို ငှားရမ်း ခဲ့ပါတယ်။ ၂၀၁၀ခုနှစ် Duplan ၁၃နှစ် အရွယ်မှာတော့ Standford တက္ကသိုလ်က ပြုလုပ်တဲ့ ပထမနှစ် နှင့် ဒုတိယနှစ် ပေါင်းကူး နိုင်ငံခြား ပညာတော်သင် အစီအစဉ်တွင် စာရင်းပေး ပါဝင်ခဲ့ပါတယ်။

Duplan ဟာ သူ US မှာတုန်းက အသုံးပြုခဲ့ဖူးတဲ့ မှတ်စုတွေ အစား အကြေွစေ့တွေကို သယ်သွားရာကနေပြီး Clinkle လို့ခေါ်တဲ့ အဆိုပါ Application ကို ရေးဖို့ သူ့အနေနှင့် အကြံရခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ထို့ပြင် Application အတွက် အဲဒီနာမည်ကို ရွေးဖြစ်တာကလည်း အကြေွစေ့အသံ “Clinking” အသံကို ကြိုက်တာကြောင့် ဖြစ်ပါတယ်လို့ Wall Street ဂျာနယ်သို့ ပြောကြားခဲ့ပါတယ်။

သူ့အနေနှင့် ကိုယ့်ရဲ့ ဖုန်းနှင့်ပဲဖြစ်ဖြစ် ကွန်ပျူတာနှင့်ပဲဖြစ်ဖြစ် Facebook ပေါ်မှာ ကွန့်မန့် ပေးချင်ရင် ဒါမှမဟုတ် မေးလ် တင်ချင်ရင် အခမဲ့ဖြစ်တာနှင့် ပက်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ရကြောင်း၊ ထို့ပြင် အထက်ပါ ကိစ္စူများကို ဆောက်ရွက်ဖို့ ငွေကိုသုံးရကြောင်း၊ ဆိုလိုချင်တာက အခြားသော အချက်အလက်ပုံစံဆိုရင် ပိုလို့တောင် ခက်ခဲသွားမည်ဟု သူ့အနေနှင့် ထင်ကြောင်း ပြောခဲ့ပါတယ်။

အခု သူတီထွင်ထားတဲ့ Virtual ပိုက်ဆံအိတ်ဟာ Credit Cards တွေ၊ ငွေသားတွေ ကိုင်ဆောင်ပြီး အသုံးပြုနေရတာတွေကို လျော့ပါးစေဖို့ ထွင်ထားတာဖြစ်ပါတယ်။

Duplan အနေနှင့် သူ့ရဲ့ Application ကို Apple နှင့် Android ပစ္စည်းများအတွက် အချိန်အခါသင့် ယခုနှစ်နောက်ပိုင်း ထုတ်ခဲ့မယ်ဆိုရင်တော့ ဈေးကွက်မှာ ရှိပြီးသား Google နှင့် PayPal လိုမျိုး ကိုယ်ပိုင် Online Payment Servicesနှင့် အကြီးအကျယ် ယှဉ်ပြိုင်ရမှာကတော့ အသေအချာပါပဲ။

ဒါပေမဲ့ Duplan ကတော့ Intel၊ Facebook၊ Owen Van Natta နှင့် Wireless နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Qualcommတို့က သူ့ရဲ့လုပ်ဆောင်ချက်တွေကို ယုံကြည်အတွက် သူ့ရဲ့ Applicationမှာ ငွေကြေးအမြောက်အများကို ရင်းနှီးဖို့ စိုင်းပြင်နေကျပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Ref : mobile.news.com.au

Related Posts

One thought on “အသက် နှစ်ဆယ့်တစ်နှစ် အရွယ် တက္ကသိုလ် ဘွဲ့ရ တစ်ဦး မိုဘိုင်းလ်မှ တစ်ဆင့် ငွေ ပေးချေမှု Application အတွက် ထူထောင်ထားသော ကမ္ဘာ့ အကြီးဆုံး ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ငွေကြေး ထောက်ပ့ံရေး အဖွဲ့ရဲ့ လက်ခံ ဆောင်ရွက်သူ ဖြစ်လာ

  1. ei hnin phyo says:

    အရမ်းတော်ပါတယ်အသက်ငယ်ပေမယ့် လည်းတီထွင်နိုင်မှုအရမ်းကောင်းပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *