News

Happy Father’s Day

happy-father-day

အဖေများနေ့ဆိုတာက ကမ္ဘာပေါ်က ဖခင် ဖြစ်ပြီးသားသူတွေ အတွက်ရော ဖခင်လောင်း တွေ အတွက်ပါ ဂုဏ်ပြု သတ်မှတ်ထားသော နေ့တစ်နေ့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဖေများနေ့ကို ဇွန်လ တတိယပတ်ရဲ့ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်လေ့ရှိပြီး အချို့ကတော့ ဇွန်လထဲမှာပဲ စိတ်ကြိုက် ရက်တွေ ရွေးချယ် ကျင်းပပြုလုပ်လေ့ ရှိနေ ပါတယ်။ အဖေများနေ့ဆိုတာ အမေများနေ့ ကို သတ်မှတ်ပြီးနောက်ပိုင်းမှ ဂုဏ်ပြု သတ် မှတ်ခေါ်ဆိုတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

သမိုင်းကြောင်း

အဖေများနေ့ဆိုတာ အမေရိကန်နိုင်ငံမှာ ၂၀ ရာစု အစောပိုင်းက သတ်မှတ်ထားရှိ ခေါ်ဆိုခဲ့သော နေ့တစ်နေ့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ Anna Jarvis ဦးဆောင် ပြီး လုပ်ကိုင်ကျင်းပတဲ့ အမေများနေ့ အောင် မြင်ပြီး နောက်ပိုင်း အလားတူ အဖေများနေ့ တစ်နေ့ကို သတ်မှတ်ဖို့ ကြိုးစားလာကြပါ တော့တယ်။ ဒါကြောင့် အမေရိကန်နိုင်ငံ တစ်၀ှမ်းထင်ပေါ် ကျော်ကြားပြီး လူအများ လက်ခံနိုင်တဲ့ စံပြ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ မွေးနေ့ကို အဖေများနေ့ အဖြစ်သတ်မှတ်ဖို့ ရွေးချယ်ကြပါတော့တယ်။ အဖေများနေ့ကို ပထမဆုံး တရား၀င် သတ်မှတ်ခဲ့တာကတော့ ၁၉၁၀ခုနှစ် ဝါရှင်တန်မြို့၊ စပုတ်ကိန်းမှာ ပြုလုပ်တဲ့ YMCA အခမ်းအနားမှာ အကန်း ဆပ်သူ Sonora Smart Doddက အတည်ပြု သတ်မှတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံး တရား၀င် အဖေများနေ့ကို တော့ စပုတ်ကိန်းမှာ ရှိတဲ့ YMCAတွင် ၁၉၁၀ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကျင်းပပြု လုပ်ခဲ့တာ ဖြစ်ပါတယ်။ Dodd သတ်မှတ် လိုက်တဲ့ နေ့ရက်ကတော့ သူမရဲ့ အဖေ William Jackson Smartရဲ့ မွေးနေ့ ဖြစ်ပြီး တော့ အမေရိကန်နိင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မြို့ပြ စစ်ပွဲမှာ ပါ၀င်တိုက်ခိုက်ခဲ့သူ စစ်ပြန် တစ် ယောက် ဖြစ်ပါတယ်။ တကယ်တမ်း Dodd သတ်မှတ်ခဲ့တဲ့ အဖေများနေ့ဟာ အစပိုင်း မှာတော့ အောင်မြင်မှု မရခဲ့ပါဘူး။ ၁၉၂၀ ခုနှစ် နောက်ပိုင်းနှစ်များမှာတော့ Doddဟာ အဖေများနေ့ အခမ်းအနားတွေကို ဆက် လက် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတော့ပါဘူး။ အကြောင်းကတော့ သူမဟာ ချီကာဂို အနုပညာ ကျောင်းကို ပညာပြောင်းရွှေ့ သင်ကြားခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ၁၉၃၀ပြည့်လွန်နှစ်များ အရောက်မှာ စပုတ်ကိန်းကို Doddပြန်လည် ရောက်ရှိ လာပြီး အဖေများနေ့ အခမ်းအနားတွေကို ပြန်လည် အားစိုက် လုပ်ဆောင်နေခဲ့ပါတယ်။

ဒါ့အပြင် ဖခင်များသာ ကျန်ရှိပြီး ရုန်းကန် လုပ်ကိုင်နေကြတဲ့ မိသားစုတွေမှာ ၀င် ရောက် ကူညီ လုပ်ဆောင် နေခဲ့ပါတယ်။ ၁၉၃၈ခုနှစ်အရောက်မှာတော့ နယူးယောက် မှာရှိတဲ့ အဖေများနေ့ ကောင်စီရဲ့ အကူအညီ ကို သူမလက်ခံ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ Doddဦးဆောင်ပြီး အဖေများနေ့ကို တရား၀င် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေး သမားတွေဘက်ကတော့ တင်းခံနေခဲ့ပြီး ၁၉၈၀ပြည့်လွန်နှစ် အရောက်မှသာ တရား ၀င်ရုံးပိတ်ရက် အဖြစ်ပါ သတ်မှတ်ခြင်း ခံခဲ့ရ ပါတယ်။အဲဒီ အရင်ကလည်း Doddဦးဆောင် သတ်မှတ်တဲ့ အဖေများနေ့ဟာ အတိုင်း အတာ တစ်ခုအထိ အောင်မြင်မှု ရရှိခဲ့ပါ တယ်။ ဥပမာဆိုရင် ၁၉၁၆ခုနှစ်က စပုတ် ကိန်းမှာ ပြုလုပ်ခဲ့တဲ့ အဖေများနေ့ အခမ်း အနားမှာ ဆိုရင် သမ္မတ Woodrow Wilson ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ပြီး အဆိုပါ အခမ်းအနားမှာပဲ အဖေများနေ့ကို တရား၀င် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ရှိခဲ့ ပေမယ့် ကွန်ဂရက်က ကန့်ကွက်ခဲ့တာ ကြောင့် အထ မမြောက်ခဲ့ပါဘူး။ ၁၉၂၄ ခုနှစ်မှာလည်း သမ္မတ Calvin Collidgeက အဆိုပါနေ့ကို တရား၀င် သတ်မှတ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက် ပြီး ၁၉၅၇ခုနှစ် အရောက်မှာ မိန်းပြည်နယ်ရဲ့ ဆီးနိတ် လွှတ်တော်အမတ်ဖြစ်သူ Margaret Chase Smithကလည်း တရား၀င် စာတစ် စောင် ရေးသားတင်ပြခဲ့သေးသလို ၁၉၆၆ ခုနှစ် အရောက်မှာ သမ္မတအဖြစ် တာ၀န် ထမ်းဆောင်နေတဲ့ Lyndon B. Johnsonက ပထမဆုံး အနေနဲ့ ဇွန်လ တတိယပတ်ရဲ့ တနင်္ဂနွေနေ့အား အဖေများနေ့ အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ၆နှစ်ကြာပြီး ၁၉၇၂ခုနှစ် အရောက်မှသာ သမ္မတ Richard Nixonက အဆိုပါနေ့အား အမြဲတမ်း အားလပ်ရက်နေ့ အဖြစ် သတ်မှတ်ကြောင်း ဥပဒေကို ထုတ် ပြန်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဂုဏ်ပြုပွဲ

၁၉၀၈ခုနှစ်မှာ ဇူလိုင်လ ၅ရက်မှာ ဗာဂျီး နီးယားပြည်နယ် အနောက်ပိုင်း၊ ဖဲယား မောင့်မှာ ရှိတဲ့ United Methodist Church မှာ ကျင်းပ ပြုလုပ်ခဲ့ပါသေးတယ်။ အဆိုပါ အခမ်းအနားကတော့ ၁၉၀၇ခုနှစ် ဒီဇင် ဘာလအတွင်းက မိုနိုဂန် မိုင်းတွင်း ပြိုကျရာ မှာ အလုပ်သမားပေါင်း ၃၆၁ဦး သေဆုံးမှုနှင့် သေဆုံးမှုတွင် ပါ၀င်သော ဖခင်ပေါင်း ၂၅၀ ကြောင့် ဖခင်မဲ့ ဖြစ်သွားကြသော ကလေး များအတွက် ဂုဏ်ပြုရည်ရွယ်၍ ပြုလုပ်ခဲ့ ပေမယ့် တရား၀င် သတ်မှတ်ခြင်း ခံရ လောက်သည် အထိတော့ အောင်မြင်မှု မရ ရှိခဲ့ပါဘူး။ကျင်းပလေ့ရှိသည့် နေ့များကမ္ဘာတစ်၀ှမ်း ကျင်းပလေ့ရှိသော အဖေ များနေ့ နှစ်တစ်နှစ်ရဲ့ အစောဆုံး ကျင်းပမှု ကိုတော့ ရုရှားနိုင်ငံက ဖေဖော်ဝါရီ ၂၃ရက် နေ့မှာ ကျင်းပလေ့ရှိပြီး၊ မတ်လ ၁၉ရက် နေ့မှာတော့ အီတလီ၊ အန်ဒိုရာ၊ စပိန်၊ ခရိုအေးရှား၊ ဆွစ်ဇာလန်အပါအ၀င် နိုင်ငံ ပေါင်း ၁၀နိုင်ငံမှာ ကျင်းပလေ့ရှိပါတယ်။

ဒါ့အပြင် ရိုမေးနီးယားနိုင်ငံနဲ့ တောင်ကိုရီး ယားနိုင်ငံတွေမှာ မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့၊ လစ်သူရေးနီးယားနဲ့ ဒိန်းမတ် နိုင်ငံတွေမှာ ဇွန်လ ပထမပတ် တနင်္ဂနွေနေ့၊ သြစတီးယားမှာ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့၊ ကနေဒါ၊ ဘရာဇီး၊ ချီလီ၊ ပြင်သစ်၊ ဟောင်ကောင်၊ အင်္ဂလန်နဲ့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၇၃ နိုင်ငံ မှာ ဇွန်လ တတိယပတ် တနင်္ဂနွေနေ့၊ လက်ဘနွန်၊ အီဂျစ်၊ ဆီးရီးယားစသော ၆ နိုင်ငံမှာ ဇွန်လ ၂၁ ရက်နေ့၊ ဥရုဂွေးနိုင်ငံမှာ ဇူလိုင်လ ဒုတိယပတ် တနင်္ဂနွေနေ့၊ လတ်ဗီး ယားနိုင်ငံမှာ စက်တင်ဘာလ ဒုတိယပတ် တနင်္ဂနွေနေ့၊ ယူကရိန်းမှာ အောက်တိုဘာ လ ပထမပတ် တနင်္ဂနွေနေ့၊ နော်ေ၀၊ ဖင်လန်နှင့် အခြား ၅နိုင်ငံတွင် နို၀င်ဘာလ ဒုတိယပတ် တနင်္ဂနွေနေ့၊ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၅ရက်နေ့တွေမှာ ကျင်းပလေ့ ရှိကြပါတယ်။

Ref: www.wikipedia.org

Leave a Reply

Your email address will not be published. Required fields are marked *