ဇူလိုင်လ ၁၁ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “လာဘ်ပေးလာဘ်ယူမှု တိုင်ကြားနိုင်”ဟူသော ခေါင်းစဉ်ဖြင့် အသိပေးကြေညာချက် တစ်ရပ် ဖော်ပြထားသည်ကို တွေ့ရပါသည်။ လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ တိုင်ကြားလိုသည့် ကိစ္စရပ်များကို အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာအပြည်အစုံနှင့် ခိုင်လုံသော အထောက်အထားများ အပြည့်အစုံ ဖော်ပြလျက် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ၊ နိုင်ငံတော်သမ္မတရုံး၊ ရုံးအမှတ် (၁၈)၊ နေပြည်တော်သို့ လိပ်မူ၍ ပေးပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် အထောက်အထားပြည့်စုံမှုရှိသည့် တိုင်ကြားစာများအား လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်၍ မှန်ကန်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ဟု ဖော်ပြပေးထားပါသည်။
Ref: filosofo-vsol.blogspot.com