အမေရိကန် နယူးယောက်မြို့မှာတော့ Microsoftမှ ထုတ်လုပ်တဲ့ Windows 8 Tabletဖြစ်တဲ့ Surface Tabletအသစ် (Surface 2)ကို မနက်ဖြန်မှာ မိတ်ဆက်ပွဲထုတ် တော့မှာ ဖြစ်ပါတယ်။ ဖိတ်စာတွေလည်း ပေးပို့ထားပြီး Hardwareအသစ်တွေ တပ်ဆင်အားဖြည့်ထားကာ Keyboardပါ၀င်တဲ့ ကာဗာလည်း ပါ၀င်လာနိုင်ဖွယ် ရှိပါတယ်။ Tabletမှာ သုံးမယ့် Processorဟာ Haswell Processorဖြစ်ပြီး RAMကိုလည်း 8GBတပ်ဆင်ကာ ရုပ်ထွက်က 1080pixelsရှိမှာ ဖြစ်ပါတယ်။ Haswell Processorသုံးထား တာကြောင့် Batteryသက်တမ်း ပိုမိုကြာရှည်ခံမှာ ဖြစ်ပြီး Surface 2 Tabletအပြင် Surface Pro Tabletကိုပါ ပွဲထုတ်လာနိုင်ဖွယ် ရှိပါတယ်။
Microsoftရဲ့ Surface Tabletအသစ် ဒီနေ့ပွဲထုတ်ပြီ

23
Sep