News

ASUSရဲ့ Memo Padကို မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ

တိုးတက်နေတဲ့ IT ခေတ်ထဲမှာ ကလေး၊ လူငယ်၊ လူကြီးမရွေး Tabletတော်တော် များများကို အသုံးပြုတာ များလာကြပါတယ်။ ယခုလည်း သက်သာတဲ့ဈေးနှုန်း၊ ထူးခြားဆန်းသစ်တဲ့ Designတွေနဲ့ ဖန်တီးထားတဲ့ Asusမှ ထွက်ရှိထားသော Asus Memo Pad Tabletလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ Android 4.1 Jelly bean ကိုသုံးပေးထားပြီး Processorအနေနဲ့ VIA WM8950@1GHz, Memory 1G, Storage 8Gပါဝင်ပြီး (up to 32G MSD)အထိ အသုံးပြုလို့ရပါတယ်။ Resolution (1024 x 600) နဲ့ Front cam 1MP အပြင် internet သုံးချင်သူတွေအတွက် Wireless ကို အမြင့်ဆုံး (b/g/n) အထိသုံးပေးထားပါတယ်။ Polymer battery က battery သက်တမ်းကို ကြာရှည်စွာအသုံးပြုနိုင်တဲ့အတွက် ခရီးဝေးသွားမယ့်သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

7” display ရှိပြီး G-sensor လည်း ပါဝင်တဲ့အတွက် game ကစားချင်သူများ နှင့် တခြားလုပ်ဆောင်ချက်တော်တော်များများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ အသံပိုင်းဆိုင်ရာမှာလည်း ကြည်လင်ပြတ်သားမှု ကိုပေးစွမ်းပါတယ်။ Gray & White colorနှစ်ရောင်ကိုလည်း ရွေးချယ်လို့ရပါတယ်။ Warranty အားဖြင့်လည်း 1 year ပေးထားပြီး ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် 129,000Ksဖြင့် Golden Power Technology, PH:(226664,210943)နှင့် ကွန်ပျူတာဆိုင် အများစုတွင် ရရှိနိုင်ပါပြီ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *