နှစ်ပေါင်းအနည်းငယ် ကြာပြီးတဲ့နောက်မှာ iPad မှာ Office ကို ဖီးချားစုံလင်စွာ သုံးနိုင်ဖို့ကို မိုက်ခရိုဆော့ဖ်လ်အနေနဲ့ အချိန်ဖြုန်းမနေတော့ပဲ productivity suite update ဗားရှင်းအသစ်ကို ထုတ်လိုက်ပါတယ်။ ဒါဟာ iPad သမားတွေအနေနဲ့ PowerPoint စလိုက် လုပ်ရန်အတွက်တော့ သတင်းကောင်းဖြစ်ပါတယ်။ ဒီ iPad ဗားရှင်း Office က Word, Excel နဲ့ PowerPoint တွေကနေ PDF ဖိုင်ဖော်မက်ကိုလည်း ပြောင်းဖို့ ထောက်ပံ့ထားပါတယ်။ ဒီဖီးချားကို Office 365 ကို subscribe မလုပ်ဘဲနဲ့တောင် အသုံးပြုနိုင်မှာပါ။ PowerPoint အသုံးပြုသူတွေအနေနဲ့ iPad မှာသုံးလို့ရတဲ့ Presenter View ထက်စာရင် ပရောက်ဂျက်တာမျိုးတွေနဲ့ ပြသရတဲ့ နေရာတွေမှာဆို ဒီပက်ကေ့ရှ်က ပိုပြီးတော့ အကူအညီပေးမှာ ဖြစ်ပါတယ်။
ထပ်ပြီးတော့ သင့်အနေနဲ့ iPad ရဲ့ ကင်မရာမှတစ်ဆင့် presentation ဆီကို တိုက်ရိုက် ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို အလွယ်တကူ ထည့်သွင်းနိုင်မှာပါ။ ပြီးရင် tablet ကနေ သင့်ရဲ့ တင်ပြပုံတွေထဲက ဗီဒီယိုတွေကို ပလေးလုပ်ပြီး ကြည့်နိုင်ပါတယ်။ Excel လိုမျိုး စာရွက်တွေမှာလည်း sorting တွေစီနိုင်မယ်၊ အမျိုးတွေခွဲနိုင်မယ်၊ အသေးစိတ်ကို ကြည့်နိုင်မယ်၊ ပြီးတော့ PivotTables တွေရဲ့ လေးရောက်တွေကိုတောင် စတိုင်တွေ ပြောင်းနိုင်ပါတယ်။ document ထဲမှာ ဓါတ်ပုံတွေကို တိုက်ရိုက် ဖြတ်တဲ့အခါမှာ Reset ဆိုတဲ့ ဖန်ရှင်တစ်ခုတည်းနဲ့ document ထဲက စတိုင်တွေအားလုံးကို ဖယ်ရှားနိုင်ပါတယ်။ ပက်ကေ့ရှ်တစ်ခုလုံးကတော့ third-party fonts တွေကိုလည်း ထောက်ပံ့ထားပါတယ်။