Featured, News

ကမ္ဘာ့ တီထွင်ကြံဆမှု အကောင်းဆုံးနိုင်ငံဆယ်နိုင်ငံ

ကမ္ဘာ့ တီထွင်ကြံဆမှုအကောင်းဆုံးနိုင်ငံဆယ်နိုင်ငံ

ဆွစ်ဇာလန် နိုင်ငံဟာကမ္ဘာ့ တီထွင်ဆန်းသစ်မှု အရှိဆုံးနိုင်ငံအဖြစ် လေးနှစ်ဆက်တိုက် သတ်မှတ်ခြင်း ခံခဲ့ရတယ်လို့ Cornell University ၊ World Intellectual Property Organization နဲ့ INSEAD ကျောင်းတို့ရဲ့ ထုတ်ပြန်ချက် အသစ်အရသိရပါတယ်။ ဒီလိုထုတ်ပြန်ချက်ကို 2007 ခုနှစ် ကတည်းက နှစ်စဉ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာ့ပေါ်မှာရှိကြတဲ့နိုင်ငံတိုင်းအနေနဲ့ ယှဉ်ပြိုင်ကြတဲ့အခါမှာ တိုင်းတပါးမှာသာမကပဲ ကိုယ့်နိုင်ငံအတွင်းမှာပဲ ကမ္ဘာ့အဆင့်မှီ ပညာရေးတွေနဲ့ အလုပ်အကိုင်တွေကို ပေးနိုင်ဖို့ လိုအပ်တယ်လို့ “We Have
Lost Sight of the Real Meaning of Innovation ” မှ ဖော်ပြထားပါတယ်။

2013 ခုနှစ်အထိ ကမ္ဘာ့တီထွင်ဆန်းသစ်မှု အမြင့်မားဆုံးနိုင်ငံတွေကတော့…

1.Switzerland (No. 1 in 2013)

2. United Kingdom (3)

3. Sweden (2)

4. Finland (6)

5. Netherlands (4)

6. United States of America (5)

7. Singapore (8)

8. Denmark (9)

9. Luxembourg (12)

10. Hong Kong (China) (7)

တို့ပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်နဲ့ ဆက်သွယ်ရေးနည်းပညာ 81 မျိုးကိုအသုံးပြုပြီး ထွက်ပေါ်လာတဲ့ ရလာဒ်တွေကို ကောက်နှုတ်ထုတ်ပြန်ချက်အရတော့ 143 ခုသောစီးပွားရေး Company တွေဟာ စီးပွားရေးအရ
နောကျေနေသော ဗဟုသုတ ကြွယ်ဝသော အလုပ်သမားများ၊ တီထွင်မှုတွေကို ရယူဖို့ အချိတ်အဆက်များ၊ တီထွင်မှု ပြသနိုင်ဖို့ မိမိဖန်တီးထားသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ online တီထွင်မှုတွေကို များစွာရှိကြပါတယ်။

တီထွင်မှုတွေကို လုပ်ဆောင်ခြင်းဟာ လူတွေကို smart ဖြစ်စေပါတယ်။ ဒါပေမဲ့ တီထွင်မှုတွေ လိုက်လံလုပ်ဆောင်နေကြတဲ့ နိုင်ငံသားတိုင်းဟာ သူတို့ရဲ့ အလုပ်တွေကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင်တော့
ရှုပ်ထွေးလွန်းလှတဲ့ နိယာမတွေ၊ စီမံကိန်းတွေ လိုအပ်ပါလိမ့်မယ်။

တီထွင်မှုတွေက အခုဆိုရင် ကမ္ဘာမှာ ပြိုင်ပွဲကြီးတစ်ခုလိုတောင် ဖြစ်နေပါပြီ။ စီးပွားရေးလုပ်ငန်း အများစုဟာ တီထွင်ဆန်းသစ်မှုတွေနှင့်အတူ ထွက်ပေါ်လာတာနဲ့အမျှ ရှုပ်ထွေးလွန်းတဲ့ ငြင်းဆန်မှုတွေနဲ့လည်းရင်ဆိုင်ကြုံတွေ့
ကြရပါတယ်။ ဒီလို ကြုံတွေမှုတွေကြောင့် အကြံကောင်းများစွာကို ရယူနိုင်ပြီး ပြည်ပအတွေ့အကြုံများ (မိမိနိုင်ငံသားများကို နိုင်ငံရပ်ခြားမှ ပညာရပ်များသင်ယူမှု) နဲ့ ပြည်တွင်းအတွေ့အကြုံများ (နိုင်ငံရပ်ခြားမှ ပညာသင်ပြီး ပြန်လာတဲ့အခါ ကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ကိုယ့်ပြည်တွင်းမှာ အလုပ်အကိုင်တွေ၊ အခြားနိုင်ငံများသို့ ထွက်ခွာအခြေချ နေထိုင်နေကြတဲ့ မိမိနိုင်ငံသားများကို ပြန်လည်စုစည်းပြီး နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် အကောင်းဆုံးပြင်ဆင်မှု) များကို ရယူနိုင်တယ်လို့ INSEAD school ရဲ့ executive director BrunoLanvin က ပြောကြားထားပါတယ်။ (Is Competition a Catalyst for Innovation? မှ ကောက်နှုတ်တင်ပြသည်။)

တူညီတဲ့ စီးပွားရေးလုပ်ငန်း အများစုမှာ ရာထူးနေရာ ၁၀ မှ ၂၅ အတွင်းရှိပြီး ကြီးမားတဲ့ တူညီမှုအဖြစ် တည်ရှိနေကြတာကို တွေ့ရပါတယ်။ Lanvinကို ဆက်လက်ပြီး ပြောကြားရာမှာ” ကျွန်တော် လေ့လာမိသလောက်တော့ စီးပွားရေးလုပ်ငန်းတွေ ပေါ်ထွက်လာခြင်းဟာ စီးပွားရေးလုပ်သူတွေရဲ့ စွမ်းရည်နဲ့ စွမ်းဆောင်မှုတွေကို ထိန်းသိမ်းရာ ရောက်ပါတယ်။”

ကမ္ဘာတစ်ဝှမ်း အင်တာနက်ချိတ်ဆက်မှုတွေနဲ့ ကမ္ဘာတစ်ဝှမ်း ခရီးသွားမှုတွေဟာလည်း စီးပွားရေးအတွက် များစွာသက်ရောက်မှုရှိပြီး တိုးတက်နိုင်မှု များစွာရှိတဲ့ တီထွင်ဆန်းသစ်မှုတွေပဲ ဖြစ်တယ်လို့ Lanvinကို ပြောထားပါတယ်။

တီထွင်ဆန်းသစ်မှုကို ကျွန်တော်တို့တွေ လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်သွားနိုင်ရင် ပိုပြီး ကြီးထွားလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်မှာ နယ်မြေကန့်သပ်ချက် အလွန်နည်းပါးစွာနဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို အမြန်ဆုံး ရယူချင်တယ်ဆိုရင်တော့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဆက်သွယ်ထားရမှာ ဖြစ်ပါတယ်။ Emirates Integrated Telecommunication Company ရဲ့ CEO ဖြစ်သူ Osman Sultan ရဲ့တင်ပြချက်အရ” လူအများနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းဟာ စိန်ခေါ်မှုတွေကို လက်ခံသဘောတူညီနိုင်မဲ့ နည်းလမ်းတွေ၊ လူတိုင်းအတွက် အကျိုးရှိနိုင်တဲ့ အကျိုးခံစားခွင့်တွေကို လွတ်လပ်စွာ ခံစားနိုင်ဖို့အတွက် လောင်စာဖြစ်တယ်။” လို့ တင်ပြပြောကြားထားပါတယ်။

(Radicals & Visionaries: Invention vs. Innovation မှ ထုတ်နှုတ် တင်ပြသည်။)

 

Leave a Reply

Your email address will not be published. Required fields are marked *