News

Tabletတွေထဲမှာ ထူးခြားနေမယ့် Microsoftရဲ့ Surface Tabletအသစ်တွေ

အမေရိကန် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီး Microsoftကတော့ အစောပိုင်းက ထွက်ရှိခဲ့တဲ့ သတင်းတွေ အတိုင်းပဲ Tabletလောက ကိုတစ်ခေတ် ဆန်းစေတဲ့ ၎င်းတို့ရဲ့ Surface Tabletအသစ် တွေကို မိတ်ဆက် ပွဲထုတ် လိုက်ပြီ ဖြစ်ပါတယ်။ Surface 2နဲ့ Surface 2 Pro Tabletနှစ်ခု ဖြစ်ပြီး ပိုမိုစွမ်းရည် ပြည့်၀တဲ့ Chipset, ပိုမိုကြာရှည်ခံတဲ့ Batteryသက်တမ်း၊ ပိုမို ကောင်းမွန်တဲ့ Screen၊ ပိုမို များပြားတဲ့ Portတွေနဲ့ အတူ Accessoriesတွေလည်း ပိုကောင်းလာတာကို တွေ့ရပါတယ်။

Surface 2 Pro Tabletမှာ ဆိုရင် Intelမှ ထုတ်လုပ်တဲ့ Haswell Processorအသစ် ကိုတပ်ဆင် အသုံးပြု ပေးထားကာ ပိုမိုမြန်ဆန်စွာ Runနိုင်ပြီး Batteryစားနှုန်းလည်း သက်သာမှာ ဖြစ်ပါတယ်။ Tabletမှာ ပါ၀င်လာတဲ့ Keyboardဟာ အလွန်ပါးလွှာပြီး Accessoryတစ်ခု အနေနဲ့ ထည့်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကနဲ့ ယူကေ ဈေးကွက်မှာတော့ အောက်တိုဘာ ၂၂ရက်နေ့မှ ၀ယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ Surface Tabletတွေရဲ့ ပုံတွေကိုလည်း တင်ဆက် ပေးလိုက်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *