News

MacBook အသစ်နှင့် inDesign အသုံးမတည့်သေး

Adobeမှ ထုတ်လုပ်သည့် Layout Designerများ အသည်းစွဲ inDesign Softwareသည် PCနှင့် Mac Platform နှစ်ခုလုံးအတွက် တည်ရှိနေခဲ့သည်မှာ ရာစုနှစ် ချီခဲ့ပါပြီ။ Softwareဆိုသည့်အတိုင်း Hardware၏ စွမ်းဆောင်နိုင်မှု ပမာဏကို မူတည်ပြီး Featureတွေ၊ Functionတွေကို ပြောင်းလဲမှုများ အမြဲတစေ Version အသစ်တစ်ခုအဖြစ် တင်ဆက်လေ့ရှိပါတယ်။

ယခုအခါ Appleမှ MacBook အသစ်တစ်ခု ထွက်ရှိပြီးတာ တစ်လကြာခဲ့ပြီဖြစ်သော်လည်း Adobeမှ inDesign version အသစ်ကို မတင်ဆက်နိုင်သေးပေ။ ထိုရလဒ်ကြောင့် Version အဟောင်းနှင့် Intel Ivy Bridgeပါလာသည့် MacBook အသစ်သုံးသူများသည် inDesign Software အသုံးပြုနေစဉ် contentပါရှိသည့် စာမျက်နှာကို deleteလုပ်ပါက Software တစ်ခုလုံး အသုံးပြု၍ မရတော့ဘဲ Warning Box ပေါ်လာကာ Adobeသို့ အကြောင်းကြားရန် သတိပေးစာ ပေါ်လာသည်ဟု သတင်းများက ဆိုပါတယ်။

ဤကိစ္စကို Adobeမှ သိရှိပြီးဖြစ်သော်လည်း Version အသစ် မထွက်နိုင်သေးခင် MacBook အသစ်မှာ Software အသစ်မသုံးဘဲ OSX 10.7.4ကို ပြန်လည်နှိပ်ချလိုက်လျှင် ယခုပြဿနာကို ပြန်လည်ဖြေရှင်းနိုင်မည်ဟု ဆိုပါတယ်။ Mountain Lionလည်း ယခုလအတွင်း ထွက်ရှိလာတော့မည် ဖြစ်သည့်အတွက် ဒီဇိုင်းပညာရှင် အများစုက Adobe inDesign၏ Version အသစ်ပါ တစ်ပြိုင်တည်း ထွက်ရှိလာမှာလားဟု မျှော်လင့်နေကြပါသည်။

Mountain Lionကို စမ်းသပ်သုံးစွဲနေသည့် Developerများမှလည်း Adobe Software တော်တော်များများဟာ ယနေ့လက်ရှိအချိန်အထိတော့ အသုံးပြုရ အဆင်မပြေသေးကြောင်း Mountain Lion တစ်ခုတည်းကြောင့် မဟုတ်ဘဲ အသစ်ထွက်လာသည့် Retina Displayရဲ့ Resolution အရမ်းမြင့်မားလွန်းသည့်အတွက်ကြောင့် Adobeမှ Interfaceကိုပါ ပြန်လည်မွမ်းမံရန်လိုကြောင်း ပြောကြားကြပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *