News

Samsaung ပစ္စည်းက Apple လောက် မ’လန်း’ပါဘူးဟု တရားသူကြီး ဆုံးဖြတ်

လန်ဒန်တရားရုံးမှာ အငြင်းပွားနေတဲ့ Samsaung Galaxy Tablet ဒီဇိုင်း 3မျိူးဟာ Appleရဲ့ တရား၀င် register လုပ်ထားတဲ့ ဒီဇိုင်းတွေကို ခိုးယူထားခြင်း မရှိကြောင်း အရှေ့ တစ်ပတ်က UK တရားသူကြီး Colin Birssမှ ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့ပါသည်။

အမိန့်တော်မှာတော့ တရားသူကြီးက Samsaungရဲ့ အသွင်အပြင်တွေဟာ Appleရဲ့ ပစ္စည်းတွေလို ရိုးရှင်းမှု မရှိကြောင်း၊ Apple ချစ်သူပရိသတ်များ ထင်ယောင််ထင်မှား မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် Galaxy Tabletတွေက Apple ပစ္စည်းတွေလောက် မလန်းပါဘူးလို့ ပြောကြားသွားပါသည်။

Appleကိုတော့ တရားသူကြီးက 21ရက် ပြန်လည် အဆိုတင်သွင်းဖို့ အချိန်ပေးထားကြောင်း သတင်းများအရ သိရှိရပါသည်။
ယခုအချိန် နည်းပညာထဲမှာ အချမ်းသာဆုံးဖြစ်တဲ့ အမေရိကန် Appleကတော့ ကမ်ဘာတစ်၀ှမ်းလုံးမှာရှိတဲ့ ထိုင်၀မ် HTC, ကိုရီးယား Samsaungတို့နှင့် ဒီဇိုင်းခိုးယူမှု၊ နည်းပညာ တူညီကူးချမှုများကို ကမ်ဘာအရပ်ရပ်မှာ တရားရင်ဆိုင်လျက်ရှိပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “Samsaung ပစ္စည်းက Apple လောက် မ’လန်း’ပါဘူးဟု တရားသူကြီး ဆုံးဖြတ်

  1. Myo Thiha says:

    သူတို့ ပဲအပြိုင်ကြဲနေကျတယ်။ဟိုကခိုးယူတယ်ပြောလိုက် ဒီက ခိုးတယ်ပြောလိုက်နဲ့ ကြားတဲ့က ၀ယ်သူတွေကတော့
    ကြာရင် သူတို့ အပြိုင်ထုတ်တဲ့ဟာတွေကို ၀ယ်ရင်းဝယ်ရင်းနဲ့ ဘာတွေဖြစ်လာမလဲမသိဘူး။လောလောဆယ်တော့ ပေါ်တာမှန်သမျှ လိုက်ဝယ်လို့ နေလေရဲ့ ။

Leave a Reply

Your email address will not be published. Required fields are marked *