Featured, News, Review

Web သမားတွေအတွက် developer အသိုင်းဝိုင်းက ဝိုင်းချီးမွမ်းကြတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ IE အသစ်

မိုက်ခရိုဆော့ဖ်က IE browser ထဲမှာ ဘာတွေသိမ်းလို့ရတယ် ဆိုတာကို developers တွေကို ပြချင်နေပါတယ်။ ဒီလိုသိမ်းလို့ရရင် ပိုမိုကောင်းမွန်တဲ့ web sites တွေ ဆောက်နိုင်ပါတယ်။ ဒီဖန်ရှင်တွေက Goolge နဲ့ Mozilla မှာ ရှိနှင့်ပြီးသားတွေပါ။ မိုက်ခရိုဆော့ဖ်ရဲ့ ဗားရှင်းအသစ်ကို တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ Goolge’s Chrome၊ Mozilla’s Firefox နဲ့ Opera Software’s Opera တိုနဲ့ ခပ်ဆင်ဆင် ပြောင်းလဲမှု ဗားရှင်းပါ။ IE အတွက် developer-channel ဗားရှင်းကို အခြားဟာတွက်ထက် နောက်ကျပြီးမှ မိုက်ခရိုဆော့ဖ်က ထုတ်လိုက်ခြင်းဟာ သူအနေနဲ့ Web ပိုင်းမှာ ကြမ်းတမ်းတဲ့ ခရီးတစ်ခုကို ရင်ဆိုင်နေရဖွယ်ပါပဲ။

ဒါပေမယ့်လည်း အရင်းရှိပြီးသား browser နဲ့တွေနဲ့ အလွန်ကွဲပြားပါတယ်။ ဒီ developer-test ဗားရှင်းဟာ stable မဟုတ်သေးပါဘူး။ beta ဗားရှင်းဖြစ်ပြီးတော့ မိုက်ခရိုဆော့ဖ်အနေနဲ့ အများပြည်သူကို မချပြခင်မှာ Web programmers တွေကို Web ပိုင်းဆိုင်ရာနည်းပညာတွေကို စမ်းသုံးစေခြင်းဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ်ကနေပြီး “ဒီနေ့လိုမျိုး IE ရဲ့ Developer Channel ကို ထုတ်လိုက်ခြင်းဟာ ကျွန်တော်တို့ အတွက်တော့ အရမ်းကို စိတ်လှုပ်ရှားစေပါတယ်၊ Web developers တွေအတွက်လည်း ပြည့်စုံကောင်းမွန်လှတဲ့ browser ဒီဇိုင်းတွေကို ပေးသုံးထားပါတယ်၊ ပြီးတော့ Web platform မှာဆို ဒီလို ပြည့်စုံတဲ့ ဖန်ရှင်တွေပါတာဟာ ကျွန်တော်တို့က အစောဆုံးပါပဲလို့” ပြောခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်အနေနဲ့ browser world ထဲက Firefox၊ Apple’s Safari နဲ့ Google Chrome တို့ရဲ့ လိုအပ်ချက် ကွက်လပ်တွေကို ဖြည့်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်လည်း Web developer တွေအတွက်တော့ စျေးကွက်မှာ ဦးဆောင်ကောင်း ဦးဆောင်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ IE ရဲ့ အရင်ဗားရှင်းတွေထက် Web applications တွေကို ထောက်ပံ့တဲ့ Web ဖီးခြားတွေအများကြီးကို ထပ်ထည့်ထားတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် Web ပိုင်းဆိုင်ရာဖန်တီးမှုတွေမှာ အရင်ကထက် ပိုပြီးတုန့်ပြန်မှုကောင်းလာမယ်၊ ပိုပြီးလည်း ခေတ်ဆန်ပြီး၊ ပိုပြီးလည်း စွမ်းဆောင်ရည် မြင့်မယ်လို့ ခန့်မှန်းရပါတယ်။

Goolge’s Android နဲ့ Apples’s iOS ရဲ့ မိုဘိုင်းအိုအက်စ်တွေအတွက် apps တွေရေးနေတဲ့ ခမ်းနားထည်ဝါလှတဲ့ ပရိုဂရမ်မာတွေကတောင် အာရုံစိုက်လာကြပါတယ်။ Web ဟာ pc တွေ၊ မိုဘိုင်းတွေနဲ့ တခြား tablets တွေမှာ run နေတဲ့ standalone apps တွေထက်စာရင် ပိုပြီးတော့ response ဖြစ်လာပြီး နောက်လည်း တွင်ကျယ်လာမှာပါ။ ဒါကြောင့် မိုက်ခရိုဆော့ဖ်က Office ကို Web မှာ သုံးနိုင်အောင် ကြိုတင်လုပ်ဆောင် ထားတာဖြစ်ပါတယ်။ Window တစ်ခုတည်း မဟုတ်ဘဲ အခြား အိုအက်စ်တွေမှာလည်း သုံးနိုင်အောင်ပေါ့။

IE ရဲ့ developer version ရဲ့ လိုအပ်ချပ်တွေကတော့ Window 7 SP1 or Windows 8.1 ဖြစ်ပြီးတော့ stable ဗားရှင်းဖြစ်တဲ့ IE 11 ကိုလည်း အင်စတော လုပ်ထားရမှာဖြစ်တယ်လို့ မိုက်ခရိုဆော့ဖ်က ပြောပါတယ်။ Developer Channel ဗားရှင်းက IE 11 ကို overwrite မလုပ်ပါဘူး။ IE Developer Channel ကို IE 11 ထဲမှာပဲ run နိုင်သလို သီးခြားလည်း သုံးနိုင်ပါတယ်။ IE 11 မှာပါတဲ့ ဖီးခြားတွေအားလုံး ပါမှာဖြစ်ပါတယ်။ Dev ဗားရှင်းမှာ Web ဖီးခြားအသစ်တွေဖြစ်တဲ့ WebDriver၊ Gamepad interface နဲ့ ပိုမိုကောင်းမွန်အောင် ပြောင်းလဲထားတဲ့ WebGL၊ 2D နဲ့ 3D ဂရပ်ဖစ်တွေအတွက် hardware ကို မြင့်ထားတဲ့ နည်းပညာတွေ ပါပါတယ်။

Browser ပိုင်းက Webနဲ့ development အတွက်လုပ်နေတဲ့ လူတွေကတောင် ဒီသတင်းကို စိတ်ဝင်စားနေကြပါတယ်။ “ဒါဟာ တကယ့်ကို အကြီးကြီးပါပဲ” လို့ Google’s Chrome ရဲ့ developer အက်ဒီ အိုစမန်နီက ပြောသွားပါတယ်။ Web ပိုင်းဆိုင်ရာ ebooks တွေကိုရေးနေတဲ့ စာရေးဆရာ ပီတာ ဂက်စတန် ကတော့ twitter မှာ “ ဒီလိုမျိုး နည်းပညာကို ထုတ်နိုင်တဲ့ IE dev team ကို ဂုဏ်ပြုပါတယ်” ဆိုတဲ့စာသားကို တွိလုပ်ခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်က ဒီလိုမျိုး IE နဲ့ဆိုင်တဲ့ open-source ကို GitHub ကို ထုတ်လိုက်ခြင်းဟာ Web ပိုင်းဆိုင်ရာ ပရိုဂရမ်မာတွေကို အားပေးအားမြှောက်ပြုဖို့ တွေးတောနေပုံပါပဲ။

အဓိကအကြောင်းအရာတစ်ခုကတော့ Google နဲ့ Mozilla က ဒီ browser vendor ကိုပဲ ထောက်ပံ့တဲ့ standard တစ်ခုကိုပဲ အားလုံးဝိုင်းပြီး လုပ်တော့မယ်လို့ စဉ်းစားနေကြပါတယ်။ ဒီအကူအညီဟာ တကယ်ကို လိုက်ဖက်ပြီး၊ တသတ်မတ်တည်းသွားမဲ့ ပုံစံဖြစ်ပါတယ်။ တကယ်လို့ အမှန်တကယ် အဲဒီလိုဟာ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ Web ပရိုဂရမ်မာတွေအနေနဲ့ browser တစ်ခုစီအတွက် Web sites ဒါမှမဟုတ် Web apps တွေကို သီးခြား ဖန်တီးနေစရာမလိုတော့ပဲ browser independent ဖြစ်လာမှာပါ။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *