Apps, Featured, News, Review

Microsoft က IE ဗားရှင်းအဟောင်းတွေကို ဖြုတ်ချပြီ

မိုက်ခရိုဆော့လ်က အရင်ဗားရှင်းအဟောင်းတွေကို ဖယ်ရှားမယ့် အိုင်အီးဘရောက်ဇာရဲ့ နောက်ဆုံးအပ်ဒိတ် ဗားရှင်းကို အမြန်ဆုံးထုတ်နိုင်ရန် အားထုတ်နေပါတယ်။ ပြောင်းလဲမှုကတော့ ၂၀၁၆ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သက်ရောက်မှာပါ။ အဓိပ္ပါယ်ကတော့ Window 7 နဲ့ Window 8 အသုံးပြုသူတွေအနေနဲ့ နောက်ဆုံးအပ်ဒိတ် ဗားရှင်းကို အင်စတောလုပ်ထားမှသာလျှင် အပ်ဒိတ်ဗားရှင်းကို ရရှိမှာပါ။ ၂၀၁၆ ဇန်နဝါရီလ ၁၂ ရက်နေ့မတိုင်ခင် အိုင်အီး 12  ဒါမှမဟုတ် 13 ကို ပွဲဦးထွက် ထွက်လာခဲ့ရင်တော့ Window 7 နဲ့ Window 8 အသုံးပြုသူတွေ အနေနဲ့ နောက်ဆုံး အပ်ဒိတ်ဗားရှင်းကို upgrade လုပ်ရမှာပါ။ မိုက်ခရိုဆော့လ်အနေနဲ့ ၂၀၁၆ ဇန်နဝါရီလ ၁၂ ရက်ကျော်သွားရင်တော့ အရင်ဗားရှင်းအဟောင်းတွေဖြစ်တဲ့ အိုင်အီး 8  နဲ့ 10 တို့ကို ထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်။

၂၀၁၆ ဇန်နဝါရီလ ၁၂ ရက်နောက်ပိုင်းမှာ အိုအက်စ်အတွက် နောက်ဆုံး အပ်ဒိတ်ဖြစ်တဲ့ အိုင်အီးဖြစ်မှသာ technical ထောက်ပံ့မှုနဲ့ လုံခြုံရေးထောက်ပံ့မှု တွေကိုဆက်လက်ရနိုင်မှာပါလို့ မိုက်ခရိုဆော့လ်က ကြေညာထားပါတယ်။ ဒါဟာ အိုင်အီးအသုံးပြုသူတွေအတွက်တော့ ဝမ်းသာစရာ အပြောင်းအလဲတစ်ခုပါ၊ ဒါပေမယ့် အိုင်အီးရဲ့ အခြေခံဖီးချားတွေထက် ကျော်လွန်ပြီး အိုင်အီး အပ်ဒိတ်တွေကို အမြဲတန်း အပ်ဒိတ်သုံးနေတဲ့ ပြီးတော့ သုံးဖို့လည်းလိုတဲ့ enterprise အိုင်တီ ပညာရှင်တွေအတွက်တော့ issue လေးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် မိုက်ခရိုဆော့လ်က စီးပွားရေးလုပ်ငန်းများကို web ပိုင်းဆိုင်ရာအပြည့်အဝ ထောက်ပံ့ပေးနိုင်တဲ့ အိုင်အီး 11 ရဲ့ enterprise modeကို တရားဝင်သုံးဖို့ အကြံပြုထားပါတယ်။ Web developer တွေကတော့ ပျော်ရွှင်ဝမ်းမြောက်ကြမှာပါ။ အနာဂါတ်ရဲ့ တစ်နေ့မှာတော့ မိုက်ခရိုဆော့လ်က အိုင်အီးရဲ့ ဗားရှင်းတွေ အများကြီးကို support မလုပ်တော့ပဲနဲ့ နောက်ပိုင်း Window ဗားရှင်းတွေကို အာရုံထားတော့မယ်လို့ ပြောသွားခဲ့ပါတယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *