Featured, How-to

Hackခံရခြင်းမှ ကင်းဝေးစေမယ့် နည်းလမ်းများ

Simple tips to avoid getting hacked

မကြာမီက သတင်းတွေမှာ အစိုးရရဲ့ ထောက်လှမ်းမှုတွေ၊ ကုမ္ပဏီတွေရဲ့ ဆိုက်ဘာလုံခြုံရေး အားနည်းမှုတွေ၊ တစ်ပြုံတစ်မ Hackခံရမှုတွေ ကြားနေရတဲ့အတွက် အွန်လိုင်းမှာ လုံခြုံအောင်နေဖို့ဆိုတာ ခက်ခဲလှပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSAရဲ့ ရန်ကနေ ရှောင်ပြေးနိုင်မယ့်နည်းလမ်း မရှိနိုင်လောက်ပါဘူး။ ဒါပေမယ့် အစိုးရထောက်လှမ်းမှုတွေ၊ Hackerတွေရဲ့ ဖောက်ထွင်းမှုတွေကနေ တတ်နိုင်သလောက် ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှိနေပါတယ်။

HTTPS Everywhere ကို အသုံးပြုပါ။

HTTPS Everywhereဆိုတာ Browser Extensionတစ်ခုဖြစ်ပြီး Chrome, Firefox, Operaတို့မှာ သုံးနိုင်ပါတယ်။ HTTPS Everywhereက သင်နဲ့ ၀က်ဆိုက်ကြားမှာ ဒေတာများကို Encryptလုပ်ပေးပါတယ်။ ၀က်ဆိုက်တစ်ခုကို ဖွင့်ကြည့်တဲ့အခါမှာ HTTPSကို အသုံးပြုအောင် Extensionက ပြုလုပ်ပေးပါတယ်။

ဘရောက်စာရဲ့ Address Barကနေ ၀က်ဆိုက်ဟာ HTTPSကို အထောက်အပံ့ပေးလားဆိုတာ သင်ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ Address Barမှာ https, http, www စတာတွေကိုတွေ့မြင်နိုင်ပါတယ်။ HTTPSမှာပါတဲ့နောက်ဆုံး Sရဲ့ အဓိပ္ပါယ်က Secureဖြစ်ပါတယ်။

HTTPS Anywhereကို Electronic Frontier Foundationကနေ အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

140605070839-nsa-https-twitter-620xa

Software Updatesများကို ရယူပါ။

ကုမ္ပဏီတွေက သူတို့ရဲ့ ဆော့ဝဲမှာ ဟက်ကာတွေဖောက်ထွင်းနိုင်တဲ့ အားနည်းချက်ကို တွေ့တာနဲ့ Security Patchတွေကို ဒေါင်းလုပ်ရယူဖို့ သတိပေးတတ်ပါတယ်။ Security Patchတွေကို ဒေါင်းလုပ်ရယူပြီး ကွန်ပြူတာကို Restartလုပ်ရတာ အလုပ်ကို အနှောင့်အယှက်ဖြစ်ပေမယ့် Hackမခံရအောင် အလျှင်အမြန် ဒေါင်းလုပ်ရယူသင့်ပါတယ်။

140605070828-nsa-software-update-620xa

Two-Factor Authenticationကို အသုံးပြုပါ။

Facebook, Twitter, Googleတို့ဟာ အကောင့်များကို Log In ၀င်ရောက်တဲ့အခါမှာ ဖုန်းမှ ကုဒ်များကို အသုံးပြုရတဲ့ Two-Factor Authenticationလို့ ခေါ်တဲ့ လုံခြုံရေး စွမ်းဆောင်ချက်ကို ပြုလုပ်ပေးထားပါတယ်။ Two-Factor Authenticationကို အသုံးပြုရင် သင့်အကောင့်ကို Log In ၀င်တဲ့အခါမှာ သာမန်အတိုင်း Username, Passwordများကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဒုတိယလုံခြုံရေး အတွက် ကုဒ်များကို သင့်ဖုန်းကို ပို့ပေး ဒါမှမဟုတ် Google Authenticator Mobile Appကနေ ထုတ်လုပ်ပေးမှာပါ။ အဲဒီကုဒ်များကို Log In ၀င်တဲ့အခါမှာ အသုံးပြုရမှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်အကောင့်ရဲ့ Passwordကို သိသွားရင်တောင် သင့်ဖုန်းသူ့မှာ မရှိတဲ့အတွက် သင့်အကောင့်ကို သူက Log In၀င်လို့မရပါဘူး။

Lifehackerက Two-Factor Authenticationအသုံးပြုနိုင်တဲ့ ၀က်ဆိုက်များကို စာရင်းပြုစုပေးထားပါတယ်။

ကင်မရာကို မသုံးတဲ့အချိန်မှာ Tapeနဲ့ ကပ်ထားပါ။

သင့်ရဲ့ Webcamကို အသုံးမပြုတဲ့အချိန်မှာတောင် ကျွမ်းကျင်တဲ့ ဟက်ကာတွေက အဝေးကနေ ကင်မရာကို ဟက်ပြီး သင့်နဲ့ သင့်အိမ်ကို ကြည့်ရှုနိုင်ပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် ကင်မရာကို မသုံးတဲ့အချိန်မှာ Tapeဒါမှမဟုတ် မှတ်စုမှတ်တဲ့ ကပ်ခွာနဲ့ ကပ်ထားပါ။

Electronic Frontier Foundationက စတိုင်ကျလှပတဲ့ Webcam Stickersများကို ရောင်းချပေးနေပါတယ်။

Ashampoo_Snap_003_

ဖုန်းကို အသုံးမပြုရင် သင်နဲ့ ဝေးကွာတဲ့ နေရာမှာထားပါ။

ဟက်ကာများက သင့်ကို Webcamကနေ စောင့်ကြည့်နိုင်သလိုပဲ သင့်ဖုန်းရဲ့ အတွင်းပိုင်း မိုက်ခရိုဖုန်းကို အဝေးကနေ Activateလုပ်ပြီး သင်ပြောသမျှကို နားထောင်နိုင်ပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် သင့်ဖုန်းကို အသုံးမပြုရင် သင်နဲ့ ဝေးကွာတဲ့ အခြားအခန်းတစ်ခုမှာ ထားပါ။

အင်တာနက်မှာ ကိုယ်ယောင်ဖျောက်ပါ။

အင်တာနက်အသုံးပြုသူအများစုဟာ အွန်လိုင်းမှာ ခြေရာလက်ရာ ကျန်ခဲ့ပြီး နည်းပညာကျွမ်းကျင်သူများက သူတို့ လည်ပတ်ခဲ့တဲ့ ၀က်ဆိုက်တွေကို ရှာဖွေနိုင်ကြပါတယ်။

Tor Web Browserက သင့်ရဲ့ အင်တာနက် ဆက်သွယ်မှုကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကွန်ပြူတာဆက်သွယ်မှုတွေနဲ့ ရောထွေးလိုက်တဲ့အတွက် သင်လည်ပတ်တဲ့ ၀က်ဆိုက်တွေ၊ သင့်ရဲ့ တည်နေရာနဲ့ အခြား Third Parties Companyများက သင့်ကို ခြေရာခံလို့ မရအောင်ပြုလုပ်ပေးပါတယ်။ Tor Web Browserကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းက တီထွင်ထားပြီး ဒီလင့်ကနေ အခမဲ့ ရယူနိုင်ပါတယ်။

140605150823-tor-project-340xa

သင့်အီးမေးကို ကာကွယ်ပါ။
အီးမေးတွေကို ကာကွယ်ဖို့အတွက် နည်းပညာကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း GPGလို့ ခေါ်တဲ့ Toolsကို အသုံးပြုလို့ ရပါတယ်။ ၀င်းဒိုးအသုံးပြုသူတွေအတွက် GPGကို အသုံးပြုနည်းနဲ့ အခမဲ့ ရယူဖို့အတွက် ဒီလင့်ကနေ သွားရောက်နိုင်ပါတယ်။ Mac Userတွေအတွက်ကတော့ ဒီလင့်ကနေ သွားပါ။

သင်ဟာ နည်းပညာဂုရုမဟုတ်ရင် GPGကို အသုံးပြုရတာ အနည်းငယ်ခက်ခဲပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ အီးမေးများကို Encryptလုပ်ရတာ လွယ်ကူလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Googleက လိုအပ်နေတဲ့ အီးမေးလုံခြုံရေးအလွှာတစ်ခုကို ထည့်သွင်းပေးမယ့် Chrome Extensionအသစ်တစ်ခုကို စမ်းသပ်နေပါတယ်။

ဓါတ်ပုံများ Shareလုပ်တဲ့အခါမှာ လုံခြုံရေးကို ဂရုပြုပါ။

Android အသုံးပြုသူများအတွက် ObscuraCamဆိုတဲ့ Appက ဓါတ်ပုံထဲမှာပါသူများရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ကာကွယ်ပေးနိုင်ပါတယ်။ Appက ဓါတ်ပုံများမှာ ပါသူများ(အင်တာနက်မှာ ပုံမတင်ချင်သူများ)ရဲ့ မျက်နှာများကို မှုန်ဝါးအောင် ပြုလုပ်နိုင်တဲ့ Blurစွမ်းဆောင်ချက်ပါရှိပါတယ်။ ဓါတ်ပုံများမှ သင့််ရဲ့ တည်နေရာ သတင်းအချက်အလက်များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ Appနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အသေးစိတ်ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။

140605150833-obscuracam-app-340xa

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *