Mobile

LG Spirit 4G CDMA

LG-spirit-4Gjpg

အားသာချက်
Graphicနဲ့ Phoneရဲ့ Performance တော်တော်လေး ကောင်းမွန်တာကို တွေ့ရပြီး 4G LTEကိုလည်း ကောင်းကောင်း အသုံးပြုနိုင်မယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Battery သက်တမ်းကလည်း တော်တော်လေး ကောင်းမွန်တာ တေ့ွရပါတယ်။

အားနည်းချက်
ဖုန်းရဲ့ Cameraကိုတော့ အခြားဖုန်း တော်တော်များများ တွေ့ရမယ့် 5 MP ထည့်သွင်းပေးထားပြီး Cameraရဲ့ အရည်အသွေးပိုင်းဆိုင်ရာနဲ့ Audio ပိုင်းဆိုင်ရာမှာ အားနည်းချက် အနည်းငယ်ရှိတာ တေ့ွရပါတယ်။

ကိုယ်ထည်ဒီဇိုင်း
ဖုန်းရဲ့ ကိုယ်ထည်ဒီဇိုင်းကိုတော့ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်အောင် Plastic Caseနဲ့ ပြုလုပ်ပေးထားပါတယ်။ Back Coverကိုတော့ အမည်းရောင်နဲ့ မီးခိုးရောင်ဆိုပြီး နှစ်မျိုး တပ်ဆင် အသုံးပြုနိုင်ပါတယ်။Display အမျိုးအစားကတော့ Screenပေါ်မှာ အစင်းရာ အခြစ်ရာများ မဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် IPS Display Panelကို 960 x 540 Pixel ရရှိမှာဖြစ်ပြီး Screen Size 4.5လက်မ အကျယ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ကိုယ်ထည် အတိုင်းအတာကတော့ 5.08 x 2.6နဲ့ 0.37 အထူရှိပြီး 4.4 အောင်စသာ အလေးချိန် ရှိပါတယ်။

Battery Life
LG Spirit 4G ဖုန်းရဲ့ Battery အမျိုးအစားကတော့ 2,150 mAh Batteryကို အသုံးပြုပေးထားပြီး Talk Time အနေနဲ့ 7 နာရီကျော် အသုံးပြုနိုင်မှာ ဖြစ်ပြီး Standbyအနေနဲ့ ဆိုရင်တော့ နာရီ 200ကျော် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Battery Life
LG Spirit 4G ဖုန်းရဲ့ Battery အမျိုးအစားကတော့ 2,150 mAh Batteryကို အသုံးပြုပေးထားပြီး Talk Time အနေနဲ့ 7 နာရီကျော် အသုံးပြုနိုင်မှာ ဖြစ်ပြီး Standbyအနေနဲ့ ဆိုရင်တော့ နာရီ 200ကျော် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ် ဖော်ပြချက်
LG Spirit 4G ဟန်းဆက်ကတော့ CDMA 800 MHzသုံး ဟန်းဆက် အမျိုးအစားဖြစ်ပြီး Tri-Band/Dual-Mode/LTE B2, B4 Network အတွင်းမှာ အသုံးပြုနိုင်မှာဖြစ်ပြီး Frequencies Rangeကတော့ 1.9 GHz CMDA PCS, 800 MHz CDMA, 1.7/2.1 GHz AWSအတွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Processorပိုင်းကိုတော့ 1.2 GHz အမြန်နှုန်းရှိတဲ့ Dual Core Qualcomm Snapdragon Processorကို အသုံးပြု ပေးထားပါတယ်။ RAM ပမာဏကိုတော့ 1 GB ထည့်သွင်း အသုံးပြုပေးထားပြီး ဖုန်းရဲ့ OSကိုတော့ 4.0 Ice Cream Sandwichကို အသုံးပြု ပေးထားပါတယ်။ Internal Memoryအနေနဲ့ 4.3 GB ထည့်သွင်းပေးထားပြီး Cast Slotအနေနဲ့ 32 GBထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ Cameraကိုတော့ 5MP Cameraကို တပ်ဆင်ပေးထားပြီး Front Cameraကိုတော့ 1.3MP Cameraကို တပ်ဆင် အသုံးပြု ပေးထားပါတယ်။ အခြား Featureတွေအနေနဲ့ Built in Wi-Fi , Bluetooth 3.0အပြင် အခြားဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့ Featureတွေ အတော်များများ ထည့်သွင်း အသုံးပြုပေးထာပါတယ်။

သုံးသပ်ချက်
CDMA ဟန်းဆက်တွေထဲမှာ တော်တော်လေး အရည်သွေး ကောင်းပြီး ရွေးချယ်သင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုပါ။ ဖုန်းရဲ့ Performance, Display Panel, Battery Time ကောင်းမွန်ပြီး ဈေးနှုန်းကလဲ USD 199ပဲ ရှိတဲ့အတွက် တန်ဖိုး အနေနဲ့လည်း သင့်တော်တဲ့ ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

author-avatar

About Jet Sin

အမည်ရင်းမှာ ရဲဇော်ထက်ဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *