Mobile

ကျောင်းသား/ ကျောင်းသူများ Laptop ဝယ်မည်ဆိုလျှင်

buy-laptop

ယနေ့ခေတ်မှာ ကွန်ပျူတာ သုံးစွဲမှု များပြားလာတဲ့အတွက် ကျောင်းသူ/ ကျောင်းသားများအနေနဲ့ Laptop ဝယ်ယူတဲ့နေရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်လေးတွေကို အကြံပြုရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ Laptop တစ်လုံးကို ဝယ်ယူတဲ့နေရာမှာ မိမိဘယ်လို အသုံးပြုမှာလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး စဉ်းစားသင့်ပါတယ်။ ကျောင်းသား တစ်ယောက်ဖြစ်တာနဲ့ အညီ မိမိရဲ့ Laptopကို ကျောင်းကို သယ်ယူသွားပြီး ကျောင်းသင်ခန်းစာတွေ သင်ယူတဲ့ နေရာမှာ အထောက်အကူဖြစ်ဖို့ ဦးစားပေးပြီး စဉ်းစားသင့်ပါတယ်။ စဉ်းစားသင့်တဲ့ အချက်လေးတွေက ခက်ခက်ခဲခဲ မဟုတ်ပေမယ့် သင့်ရဲ့ လိုအပ်မှုနဲ့ ရွေးချယ်မှု မှားယွင်းခဲ့ရင် မလိုလားအပ်တဲ့ ကုန်ကျမှုတွေနဲ့ အဆင်မပြေမှုတွေ ရှိလာနိုင်တာမို့ တစ်ချက်ခြင်း သေချာ စဉ်းစားကြည့်ရအောင်လား ခင်ဗျာ။

အရွယ်အစားနဲ့ အလေးချိန်
သင်ကျောင်းကို သယ်ဆောင်သွားရမည့် Laptop တစ်လုံးဖြစ်တာမို့ အရွယ်အစားနဲ့ အလေးချိန်က ပထမဆုံး ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ၁၃လက်မ (သို့မဟုတ်) ၁၄လက်မ မျက်နှာပြင်လောက်ဆိုရင် ကျောင်းသားတစ်ယောက်ကို အသုံးပြုဖို့ လုံလောက်တဲ့ မျက်နှာပြင်အကျယ်ဖြစ်ပြီး အလေးချိန်နဲ့ကတော့ သင်သုံးစွဲနိုင်တဲ့ ငွေကြေးအပေါ်မှာ မူတည်ပြီး ပေါ့ပါ့ပါးပါးဖြစ်လေ သယ်ဆောင်သွားဖို့ အဆင်ပြေလေပါပဲ။

Battery Life
သင့်အနေနဲ့ Gaming Board တစ်လုံးဝယ်ယူသလို CPU, RAM, Graphicစတာတွေ အရမ်းကောင်းဖို့ မလိုပေမယ့် Battery Life အနေနဲ့ကတော့ အချိန်ကြာကြာ ဆက်တိုက်အသုံးပြုနိုင်တာကို ရွေးချယ်သင့်ပါတယ်။ အနည်းဆုံး ၄နာရီလောက်ကနေ ၆နာရီလောက်အထိ အသုံးခံတဲ့ Batteryမျိုးနဲ့ Laptopကို ရွေးချယ်သင့်တယ်လို့ အကြံပေးလိုပါတယ်။

CPU, RAM, Graphic နဲ့ Storage Memory
CPU, RAMနဲ့ Graphicနဲ့ ပတ်သက်ပြီးတော့ ဂိမ်းအမြင့်စားတွေ ကစားဖို့ (သို့မဟုတ်) Video Editing လုပ်ဖို့ ဝယ်ယူတဲ့သူတွေကို အမြင့်ဆုံး စွမ်းရည်ကို ဈေးအကြီးဆုံး ပေးပြီး မဝယ်သင့်ပါဘူး။ Core i3 CPU, 4GB RAMနဲ့ Graphic 512MBလောက်ဆို သုံးစွဲရတာလည်း မြန်ဆန်ပြီး ဈေးနှုန်းလည်း သင့်ပါလိမ့်မယ်။ Storage Memory အနေနဲ့ကတော့ ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ PDF Fileတွေ သိမ်းဆည်းဖို့ 500GBလောက်ဆို တော်တော်ကြီးကို လုံလောက်နေပြီလို့ ထင်ပါတယ်။

Wi-Fi Connectivity
ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေဖို့နဲ့ လေ့လာစရာတွေ လေ့လာဖို့အပြင် အားလပ်ချိန်မှာ မိမိအလိုရှိရာ အသုံးပြုရှာဖွေဖို့အတွက် မရှိမဖြစ်ကတော့ အင်တာနက် သုံးဖို့ပါပဲ။ အဲဒီလို အသုံးပြုဖို့အတွက် Wi-Fi ချိတ်ဆက်ဖို့ လိုအပ်မှာ ဖြစ်တဲ့အတွက် Wi-Fi Standard 802.11 b/g/n သုံးမျိုး အသုံးပြုနိုင်တဲ့ Laptopမျိုး ရွေးချယ်ဖို့ ခက်ခဲမယ် မထင်ပါဘူး။

Technical Support
ဒါကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါပဲ။ Laptop တစ်လုံးကို ဝယ်ပြီးသွားရင် ပျက်လို့ပြင်ရတာမျိုး မဟုတ်ရင်တောင် လိုအပ်တဲ့ Applicationလေးတွေ ထပ်ထည့်ချင်တာမျိုး (သို့မဟုတ်) အသုံးပြုရတာ အဆင်မချောမှုတွေ ကြုံလာတာမျိုး တွေ့ရတတ်ပါတယ်။ အဲဒီအတွက် ဝယ်ယူတဲ့အခါမှာ After Sales Service ကောင်းကောင်းပေးတဲ့ ဝန်ဆောင်မှုကောင်းတဲ့ ဆိုင်မျိုးမှာ ဝယ်ယူပြီး နောက်ပိုင်း ငွေထပ်ကုန်တာမျိုးနဲ့ အချိန်ကုန်တာမျိုးကနေ ရှောင်ရှား နိုင်မှာပါ။

Microsoft or Apple ?
သေချာတာကတော့ Apple Productတွေက ဈေးကြီးပါတယ်။ Microsoftရဲ့ Windows OSတွေကတော့ Deviceမျိုးစုံမှာ Run နိုင်တဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် Laptopနဲ့ သူ့ရဲ့ စွမ်းဆောင်ရည် ဈေးနှုန်း စတာတွေ ချင့်ချိန်တဲ့ နေရာမှာ Windows OSသုံးတဲ့ Laptopတွေက ပိုပြီး အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။ ဒါဟာ Appleကို တိုက်ခိုက်တာ မဟုတ်ပါဘူး။ သုံးစွဲရမယ့် ငွေကြေးအတိုင်းအတာနဲ့ သင့်တော်မယ့် Laptopကို ချင့်ချိန်ရမှာ ဖြစ်သလို ထည့်သွင်း စဉ်းစားဖို့ အကြံပေးရတာ ဖြစ်ပါတယ်။

မိမိအနေနဲ့ ဝယ်ယူဖို့ ငွေကြေးသုံးစွဲမှု ကန့်သတ်မထားဘူး ဆိုရင်တော့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်လို့ အကြံပေးလိုက်ရပါတယ် ခင်ဗျာ။

 

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *