Mobile

ကောင်းမွန်တဲ့ အရည်အသွေးနဲ့ နောက်ဆုံးပေါ် နည်းပညာများဖြင့် ပေါင်းစပ် တီထွင် ဖန်တီးထားတဲ့ ZTE Grand Memo V9815 စမတ်ဖုန်း

zte-v9815

တရုတ်နိုင်ငံ အခြေစိုက် ZTE Coporation ကုမ္ပဏီဟာ ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗီးရှင်း အစရှိတဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို အဓိကထား ထုတ်လုပ် ဖြန့်ချိပေးနေတဲ့ ကုမ္ပဏီကြီး တစ်ခုပါ။ ZTEဟာ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၈၅ခုနှစ်မှာ Hou Weigui ဆိုသူက စတင် တည်တောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်ပစ္စည်းတွေကတော့ Mobile Phones, Hardware, Software and Services to Telecommunications Service Providers and Enterprisesတို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည် ဈေးကွက်ထဲမှာလည်း ZTE အမှတ်တံဆိပ် မိုဘိုင်းဖုန်းတွေကို အရည်းအသွေး ကောင်းမွန်စွာဖြင့် ဈေးနှုန်း ချိုသာစွာ တင်သွင်း ဖြန့်ချိပေးထားတာ တွေ့ရပါတယ်။

ZTE မိုဘိုင်းဖုန်းတွေဟာ နောက်ဆုံးပေါ် နည်းပညာများဖြင့် ထည့်သွင်း တီထွင် ထုတ်လုပ်ထားပြီး ဖုန်းရဲ့ဒီဇိုင်းပိုင်းဆိုင်ရာကိုလည်း စွဲမက်ဖွယ် ကောင်းလောက်အောင် ဖန်တီး ပေးထားပါတယ်။ ZTE ရဲ့ အဆင်မြင့် နည်းပညာများဖြင့် အရည်အသွေး ကောင်းမွန်စွာ ဖန်တီး တီထွင်ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် အသစ် ထွက်ရှိလာတဲ့ ZTE Grand Memo V9815 စမတ်ဖုန်းကို ဒီတစ်ပတ် အိုင်စီတီ ပရိသတ်တွေအတွက် တင်ဆက် ပေးလိုက်ရပါတယ်။

Connectivity
အသုံးပြုနိုင်တဲ့ ကွန်ယက်ကတော့ GSM ကွန်ယက်သုံး စမတ်ဖုန်း အမျိုးအစားပဲ ဖြစ်ပါတယ်။ 2G Networkမှာ ဆိုရင်တော့ ( GSM 850/900/1800/1900 )၊ 3G Networkမှာ (HSDPA)၊ 4GB Networkမှာ (LTE) အစရှိတဲ့ ကွန်ယက်တွေကို အသုံးပြုနိုင်ပါတယ်။ GPRS, EDGE စနစ်တွေကို ထောက်ပံ့ပေးပါတယ်။ ဝါယာလက် အင်တာနက် ချိတ်ဆက် အသုံးပြုဖို့အတွက် Wi-Fi 802.11 a/b/g/nနှင့် Dual-Band, DLNA, Wi-Fi Hotspot, Blutetooth v4.0 with A2DP, Micro USB v2.0 အစရှိတဲ့ စနစ်တွေကိုလည်း စုံလင်စွာ ထည့်သွင်း ပေးထားပါတယ်။

Display
၅.၇လက်မရှိတဲ့ HD Displayက မြင်ကွင်းကျယ်ကျယ်ဖြင့် ပုံရိပ်တွေကို ကြည့်ရှု ခံစားနိုင်မှာဖြစ်ပြီး ရုပ်ထွက် ကြည်လင် ပြတ်သားမှုကို ပေးစွမ်းမယ့် Resolutionကတော့ 1280×720 Pixels ရရှိမှာပါ။ Display အမျိုးအစားကတော့ Capacitive Touchscreen အမျိုးအစား ဖြစ်ပါတယ်။ တစ်လက်မမှာ ထောက်ပံ့ ပေးထားတဲ့ Pixel ပမာဏကတော့ 336 ppi သိပ်သည်းဆရှိပြီး Multi Touch စနစ်ကို အခြေခံထားပါတယ်။ ဖုန်းကိုယ်ထည် အထူကတော့ 8.5mm သာရှိတဲ့အတွက် ပါးလွှာသွယ်လျတဲ့ စမတ်ဖုန်း အမျိုးအစားပဲ ဖြစ်ပါတယ်။

Camera
ဖုန်းမှာ ပါ၀င်တဲ့ အနောက်ဘက် ကင်မရာစွမ်းရည်က 13MP ရှိတဲ့အတွက် Compact ကင်မရာ တစ်လုံးလို အသုံးပြုနိုင်မှာပါ။ ကင်မရာမှာ ပါ၀င်တဲ့ Featuresတွေကတော့ Auto Focus, LED Flash, Geo-Tagging, Touch Focus, Face Detection အစရှိတဲ့ စနစ်တွေ စုံလင်စွာ ထည့်သွင်း ပေးထားပါတယ်။ ဗီဒီယိုကို 1080p@30fpsနဲ့ အကောင်းဆုံး ရိုက်ကူးနိုင်ပါတယ်။ အင်တာနက်မှ တဆင့် Video Calling ပြုလုပ်ရန် အရှေ့ဘက် ကင်မရာစွမ်းရည်က 1MP အရည်အသွေး ရှိပါတယ်။

Battery
ဘက်ထရီ အမျိုးအစားကတော့ Li-ion 3200 mAh အမျိုးအစားဖြစ်ပြီး တခြားစမတ်ဖုန်းတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ZTE ရဲ့ဘက်ထရီ ကြာရှည် ခံနိုင်မှု စွမ်းရည်က သာလွန် နေတာ တွေ့ရပါတယ်။ ဘက်ထရီကိုတော့ ဖြုတ်တပ် ပြုလုပ်လို့ မရပါဘူး။ ZTE ကုမ္ပဏီကတော့ ဒီGrand Memo V9815 စမတ်ဖုန်းကို ၂၀၁၃ ဖေဖော်ဝါရီလမှာ သုံးစွဲသူထံသို့ မိတ်ဆက်ပြသလိုက်ပြီး ဒီနှစ်ဆန်းပိုင်းလောက်မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

author-avatar

About Jet Sin

အမည်ရင်းမှာ ရဲဇော်ထက်ဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *