News

မြန်မာစာ OS ပါ၀င်သည့် LG Optimus G Pro ကိုသြဂုတ်လ (၁၀) ရက်နေ့၌ မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်ပြီ

LG ကုမ္ပဏီမှ ထုတ်လိုက်သည့် မြန်မာစာ OS ပါ၀င်သည့် LG Optimus G Pro ကို သြဂုတ်လ (၁၀) ရက်နေ့၌ မြန်မာနိုင်ငံတွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း LG Electronics ကုမ္ပဏီမှ ထုတ်ပြန်လိုက်သည်။

၂၀၁၃ ခုနှစ်၏ အကောင်းဆုံး 4G LTE ဆု ရရှိထားသည့် LG Optimus G Pro ကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုးရီးယားနိုင်ငံမှာစတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် အဆိုပါ Smart ဖုန်းအလုံးရေ ၅၀၀ ကျော်ကိုရောင်းချသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းအားဖြင့် ၆၂၉,၀၀၀ ကျပ်ဖြင့် ဖုန်းဆိုင်များတွင် ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“LG Optimus G Pro က ဖုန်းနဲ့ Tablet ၂ မျိုးစလုံးအသုံးမပြုလိုသူများအတွက် ရည်ရွယ်ပြီး ၅.၅ လက်မရှိတဲ့ Full HD display ကိုအသုံးပြုထားပါတယ်။ ယနေ့ခေတ် နည်းပညာ ရေစီကြောင်းကိ ုဦးဆောင်နေတာက အာရှတိုက်က သုံးစွဲသူတွေပါ။ LG ရဲ့ Optimus G Pro ကို အာရှဈေးကွက်အတွင်းမှာ အောင်မြင်နိုင်လိမ့်မယ် လို့ယုံကြည်ပါတယ်”ဟု LG Electronics Mobile Communication ကုမ္ပဏီရဲ့ ဥက္ကဌနှင့် CEO ဖြစ်သူDr.Jong-seok Park က ပြောကြားခဲ့ပါသည်။

ယင်း Smart Phone သည် မေလ ၃၀ ရက်နေ့မှ စတင်ပြီးအာရှတိုက်ရှိ ဖုန်းဈေးကွက်များအတွင်းသို့ ရောက်ရှိခဲ့ရာဇွန်လတွင် ဟောင်ကောင်မှာရောင်းချခဲ့ပြီး ထိုင်၀မ်၊ စင်ကာပူ၊ ထိုင်း၊ အိနိ္ဒယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများ၏ ဖုန်းဈေးကွက်အတွင်းတွင် ရောင်းချလျက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

LG Optimus G Pro တွင်အလွန်မြန်ဆန်သည့် 1.7GHz Quad-Core CPU နှင့် Adreno320 GPU ပါ၀င်သော Qualcomm Snapdragon 600 processor တပ်ဆင်ထားသည်။ ထို ့အပြင် 3,140mAH Battery ၊ 2GB RAM ၊ Resolution 1920¬ × 1080 pixel at 400ppi ပေးစွမ်းနိုင်သော 5.5inch 1080p Full HD IPS display နှင့်အတူ ကြည်လင်ပြတ်သားသော Razor Sharp ပုံရိပ်တွေကိုပေးစွမ်းနိုင်မှာဖြစ်ပြီး၊ စွမ်းရည်မြင့်မားသော Hardware Features များနှင့်အတူ ထူးခြားသော UX features များပါ၀င်မည် ဖြစ်ကြောင်းသိရသည်။

Operating System အနေဖြင့် Andriod Jelly Bean 4.1.2 ၊ Memory: 16GB /micro SD (up to 64GB) ၊ RAM:2GB DDR ၊ Camera: Rear 13.0MP / Front 2.1MP ၊ Size:150.2×76.1×9.4mm ပါ၀င်ပြီး “Indigo Black” နှင့် “Lunar White” အရာင်နှစ်မျိုးရှိကြောင်း၊ လူကြီးမင်း ၊ Technoland ၊ Unique ၊ Phone Corner ၊ E-City ၊ Best One ၊ Mr.Fone ၊ ICE ၊ Hello Mobile ၊ Do Co Mo ၊ Touch Mobile ဖုန်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။

LG Optimus G Pro

LG Optimus G Pro


Key Specifications:

• Operating System: Android Jelly Bean 4.1.2
• Processor: 1.7GHz Quad-Core Qualcomm® Snapdragon™ 600 Processor
• Display: 5.5-inch Full HD (1920 x 1080 pixels / 400ppi)
• Memory: 16GB / microSD (up to 64GB)
• RAM: 2GB DDR
• Camera: Rear 13.0MP / Front 2.1MP
• Battery: 3,140mAh (removable)
• Size: 150.2 x 76.1 x 9.4mm
• Colors: Indigo Black, Lunar White

For more information, please visit http://www.lge.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *