Mobile, Review

Samsung Galaxy S4နဲ့ LG Optimus G Proကို နှိုင်းယှဉ် သုံးသပ်ခြင်း

Comparison of Galaxy S4 & Optimus G Pro
ပြီးခဲ့တဲ့ ရက်သတ္တပတ်က အထိ လူစိတ်၀င်စားမှု အရှိဆုံးနဲ့ ၀င်ရောက်ကြည့်ရှုခံရမှု အများဆုံး စာရင်းမှာ Samsung Galaxy Note 3, iPhone 5sနဲ့ Galaxy S4တို့ အသီးသီး ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Appleရဲ့ iPhone 5sကြီးက တတိယနေရာကို ဆင်းပေးလိုက်ရပြီး သူ့ရဲ့နေရာမှာ Galaxy S4က တက်လာခဲ့တာပါ။ သို့သော် မြန်မာပြည်ဈေးကွက် ထဲမှာ Samsung Galaxy S4ရဲ့ ဈေးက မသေးလှပါဘူး။ ဒါကြောင့် Galaxy S4ထက် ဈေးသက်သာပြီး တောင်ကိုရီးယားအခြေစိုက်ပဲ ဖြစ်တဲ့ LGမှ ထုတ်လုပ်ထားတဲ့ Optimus G Proနဲ့ Galaxy S4တို့ရဲ့ နှိုင်းယှဉ်သုံးသပ် ချက်ကို တင်ဆက်ပေးလိုက် ပါတယ်။ ဒီလို နှိုင်းယှဉ်ဖော်ပြ ရခြင်းအကြောင်းကတော့ ဈေးနှုန်းကွာပြီး အရည်အသွေး ပိုကောင်းတဲ့ LGရဲ့ Optimus G Proကို မြန်မာပြည်သူ ပြည်သားတွေ မှန်မှန်ကန်ကန်နဲ့ ရွေးချယ်၀ယ်ယူနိုင်စေဖို့ပဲ ဖြစ်ပါတယ်။

Display
Screenကျယ်ကျယ်၊ မျက်နှာပြင် ကြီးကြီးတွေ ခေတ်စားနေတဲ့ အခုခေတ်ထဲမှာ Optimus G Proက Galaxy S4ထက် မျက်နှာပြင်ပိုကြီး တာဟာ နံပါတ်တစ် အားသာချက် တစ်ခုပါ။ မျက်နှာပြင်ကြီးရုံတင်မက Optimus G Proမှာ တပ်ဆင်ထားတဲ့ Displayဟာ True Full HD(1080×1920 pixels)ဖြစ်ပါတယ်။ Galaxy S4မှာ ကတော့ Super AMOLED Capacitive Touchscreenကိုသာ တပ်ဆင်သုံးစွဲ ထားတာ ဖြစ်ပါတယ်။

Hardware & OS
Samsung Galaxy S4မှာ တပ်ဆင်ထားတဲ့ Chipsetက Exynos 5 Octaဆိုတဲ့ Chipsetဖြစ် ပါတယ်။ Optimus G Proကတော့ ယနေ့အသုံးများနေတဲ့ Qualcommမှ ထုတ်လုပ်တဲ့ Snapdragon 600 Chipsetကို တပ်ဆင် အသုံးပြု ထားတာ ဖြစ်ပါတယ်။ ဖုန်းကို မောင်းနှင်ဖို့ OSအနေနဲ့လည်း Galaxy S4ရော၊ Optimus G Proပါ Android OS 4.2(Jelly Bean)ဗားရှင်း ကိုသုံးထားတာပါ။

CPU, GPU
CPU(Processor)ပိုင်းမှာတော့ ဖုန်းနှစ်လုံးစလုံးဟာ Quad-Coreကို သုံးထားကြပါတယ်။ ဒါပေမယ့် အမြန်နှုန်းကို ကြည့်ရင် Optimus G Proက 1.7GHzရှိပြီး Galaxy S4ကတော့ 1.6GHzသာ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေမှာ LGစမတ်ဖုန်းက ပိုမိုလျင်မြန် နေမှာပါ။ ဒါ့အပြင် ဖုန်းရဲ့ ရုပ်ထွက်နဲ့ အန်နီမေးရှင်းပိုင်းမှာ ဖုန်းနှစ်မျိုးဟာ များစွာ မကွာခြားပေမယ့် Galaxy S4ဟာ PowerVR SGXဆိုတဲ့ GPU(Graphic)ကို သုံးထားတာ ဖြစ်ပါတယ်။ Optimus G Proကတော့ ယနေ့ခေတ်မှာ လူသုံးများပြီး စိတ်ချရတဲ့ Adreno 320 GPUကို သုံးထားတာပါ။

Memory
RAMနဲ့ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းမှာ ဖုန်းနှစ်မျိုးလုံးက အတူတူပါပဲ။ RAM 2GBစီ ရှိပြီး Internal Memory 32GBစီစဉ် ပေးထားကာ မလုံလောက်သေးရင် ထပ်မံတိုးချဲ့ဖို့ Card Slotလည်း စီစဉ်ပေးထား ပါတယ်။

Camera
ကင်မရာကတော့ ဖုန်းနှစ်လုံး စလုံး 13MP အရည်အသွေးနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ် ကွာခြားသွားတာက Galaxy S4ဟာ ရုပ်ထွက် 4128×3096 Pixels Resolutionသာ ရှိပြီး LGရဲ့ Optimus G Proကတော့ Resolutionအနေနဲ့ 4208×3120ထုတ်လုပ် ပေးနိုင်ပါတယ်။ ကင်မရာရဲ့ Featuresပိုင်းမှာလည်း စမတ်ဖုန်း နှစ်လုံးဟာ များစွာမကွာခြားပါဘူး။ ရှေ့ကင်မရာမှာတော့ Galaxy S4က 2MPဖြစ်ပြီး Optimus G Proကတော့ 2.1MPဖြစ်ပါတယ်။

Connectivity
ဖုန်းကို ချိတ်ဆက်မှု ကွန်ရက်ပိုင်းမှာလည်း GSM, HSPDA, LTEစတဲ့ 2G, 3G, 4Gကွန်ရက်တွေ အားလုံးမှာ ချိတ်ဆက် သုံးစွဲနိုင်ပါတယ်။ SIM Cardကတော့ ဖုန်းနှစ်မျိုးလုံး Micro-SIM Cardထည့်သွင်း သုံးစွဲရမှာပါ။

Data Transfer
Dataတွေ ကူးပြောင်းမှု ပိုင်းမှာလည်း GPRS, EDGEစတဲ့ စနစ်တွေသာမက Wi-Fi 802.11 a/b/g/n/acစတဲ့ စနစ်တွေမှာ အကုန်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth, NFC, USB, microUSBနဲ့ Infrared Portတွေ ပါ၀င်မှုလည်း S4ရော၊ G Proပါ အတူတူပဲ ဖြစ်ပါတယ်။

Design, Body & Battery
ဖုန်းရဲ့ ဒီဇိုင်းပိုင်းမှာတော့ Optimus G Proက Galaxy S4ထက် ပိုမိုကြီးမားခန့်ထည်ကာ လှပတဲ့ Interfaceရှိ ပါတယ်။ ဒါ့အပြင် LG Brandဖြစ်တာနဲ့ အညီပိုမို အကြမ်းခံပြီး သုံးစွဲသူကို စိတ်ကျေနပ်မှု ပေးနိုင်မှာ မလွဲပါဘူး။ Batteryပိုင်းမှာတော့ ကွာခြားသွားပါတယ်။ အားလုံးက ပိုမိုတာရှည်ခံတဲ့ Batteryကို မျှော်လင့်နေကြတဲ့ အချိန်မှာ Optimus G Proက Li-ion 3140mAh Batteryကို တပ်ဆင်သုံးစွဲ ပေးထားပေမယ့် Samsung Galaxy S4ကတော့ Li-ion 2600 mAhကိုသာ သုံးထားတာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *