Mobile

မြန်မာပြည်ကို မကြာခင် ရောက်လာတော့မယ့် LG G2

မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် အဆင့်မြင့်စမတ်ဖုန်း တစ်လုံးနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ အဆိုပါ ဖုန်းဟာ တောင်ကိုရီးယား အခြေစိုက် LGမှ ထုတ်လုပ်တာ ဖြစ်ပြီးတော့ ယခုလထဲမှာ ထွက်ရှိထားတဲ့ စမတ်ဖုန်း အသစ်လည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ နာမည်ကြီး အင်အားကြီး Samsungကုမ္ပဏီလည်း ရှိနေတော့ LGအနေနဲ့ ဘယ်လိုပုံစံနဲ့ ယှဉ်ပြိုင်မလဲ ဆိုတာ လေ့လာလိုက်ကြရအောင်ဗျာ။ LG G2ဖုန်းရဲ့ ဓာတ်ပုံတွေကိုလည်း တင်ဆက်ပေးထား ပါတယ်။ မြန်မာနိုင်ငံမှာတော့ အောက်တိုဘာလမှာ ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ထူးခြားချက်ကတော့ အဆိုပါ G2ဖုန်းရဲ့ ကျောဘက်မှာ ခလုတ်တွေ တပ်ဆင်ထားပြီး အသုံးပြုသူအနေနဲ့ အသံအတိုးအကျယ်၊ ဖုန်းအဖွင့်အပိတ် တို့ကို အဆိုပါ ခလုတ်တွေကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့မျက်နှာပြင်ကို ၂ချက်ထိလိုက်ရုံနဲ့ Power Buttonကို နှိပ်စရာမလိုဘဲ ဖုန်းကို ဖွင့်ပေးနိုင်မှာ ဖြစ်တဲ့ Knock On Feature, ဖုန်းကို နားရွက်နားသို့ ကပ်လိုက်သည့် အခါ Ringtoneသံကို လျှော့ပြီး အလိုလျောက် ဖုန်းလက်ခံမည့် Featureစတာ တွေလည်း ပါ၀င်ပါတယ်။

LG G2 Covers

Display

မျက်နှာပြင်အကျယ် ၅.၂လက်မရှိပြီး ရုပ်ထွက်အရည်အသွေး 1080×1920 Pixelsနဲ့ Pixelသိပ်သည်းဆ 424ppi(Pixel Per Inch)မို့လို့ ရုပ်ထွက် အတော်ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ LCD Capactive TouchScreenတပ်ဆင် ထားပြီး Multitouchလည်း အသုံးပြုလို့ ရတဲ့အပြင် မျက်နှာပြင်ကာကွယ်မှု အနေနဲ့ Corning Gorilla Glass 3ကို တပ်ဆင် ထားပါတယ်။

Connectivity

GSM, HSPDA, 4G LTEစတဲ့ ကွန်ရက်တွေမှာ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပြီး မော်ဒယ်မြင့် ဖုန်းတွေရဲ့ ထုံးစံအတိုင်း Micro-SIMထည့်သွင်း ရမှာပါ။ GPRS, EDGEစနစ်တွေ သာမက Wi-Fiကို 802.11 a/b/g/n/acစတဲ့ ဗားရှင်းတွေမှာ အကုန်ချိတ်ဆက် နိုင်မှာပဲ ဖြစ်ပါတယ်။ Bluetooth 4.0, USB, microUSB, Infrared Portစတာတွေ ပါ၀င်ရုံသာမက NFC(Near Field Communication)စနစ်လည်း ပါ၀င်တာကြောင့် အဆင့်မြင့် စမတ်ဖုန်းအချင်းချင်း ထိကပ်လိုက်တာနဲ့ Dataတွေ အလွယ်တကူ စီးဆင်းကူးပြောင်းသွားမှာ ဖြစ်ပါတယ်။

Hardware & OS

ဒီဖုန်းမှာ အန်းဒရွိုက်ဗားရှင်း 4.2.2(Jelly Bean)OS ကိုအသုံးပြု မောင်းနှင်ထားပါတယ်။ Chipsetအနေနဲ့ Qualcomm Snapdragon 800ကို တပ်ဆင်ထားကာ CPUကတော့ Quad-Core 2.26GHz Krait 400မို့လို့ လုပ်ဆောင်ချက်တွေကို လျင်မြန်စွာအသုံးပြုနိုင်မှာပါ။ ဖုန်းရဲ့ ရုပ်ထွက်နဲ့ အန်နီမေးရှင်းအတွက်လည်း GPUကို Adreno 330သုံးထားတာကြောင့် ဂရပ်ဖစ်မြင့်မားတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ RAMကို 2GBတပ် ဆင်ထားပြီး အချက်အလက်တွေ သိုလှောင်ဖို့ Memoryကို ထပ်မံတိုးချဲ့ နိုင်မှာမဟုတ်ပေမယ့် 16GB, 32GBဗားရှင်း နှစ်မျိုး ထုတ်လုပ် ထားပါတယ်။

Design, Body & Battery

အဖြူ၊ အနက် ကာလာ၂မျိုးနဲ့ ထုတ်လုပ်ထားကာ ဖြုတ်/တပ်လို့ မရတဲ့ Li-Po 3000mAh Batteryတပ်ဆင် ထားပါတယ်။ အလေးချိန် ၁၄၃ဂရမ်သာ ရှိပြီး ဖုန်းပုံစံဟာလည်း ထောင့်စွန်းတွေ အနည်းငယ်၀န်းတဲ့ ဒီဇိုင်းဖန်တီးထားကာ ယနေ့ခေတ်စားနေတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

Camera

13MPအရည်အသွေး ရှိတဲ့ ကင်မရာကို တပ်ဆင်ထားပါတယ်။ Featureတွေ အနေနဲ့ AutoFocus, LED Flash, Geo-Tagging, Face Detection, Image Stabilization, HDRတို့ ပါ၀င်ရုံသာမက ရုပ်ပုံနဲ့ ဗီဒီယိုကို တစ်ပြိုင်တည်း ရိုက်ကူးနိုင်မယ့် ဖန်ရှင်ပါ ထည့်သွင်း ထားပါတယ်။ ရှေ့ကင်မရာကတော့ 2.1MPရှိပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “မြန်မာပြည်ကို မကြာခင် ရောက်လာတော့မယ့် LG G2

Leave a Reply

Your email address will not be published. Required fields are marked *