News

LG က G2 mini ကို ရောင်းချ

LG က စွမ်းဆောင်ရည်မြင့် LG G2 ရဲ့ Mini Version ဖြစ်တဲ့ LG G2 mini ကို Mobile World Congress မှာ ပြသခဲ့ပေမယ့် ရောင်းချမယ့်ရက် နဲ့ နိုင်ငံများ ကို အခုမှ ကြေညာလိုက်တာဖြစ်ပါတယ်။ LG G2 mini ကို နောက်လကစပြီး တစ်ကမ္ဘာလုံးမှာ ရောင်းချမှာ ဖြစ်ပါတယ်။

LG G2 mini ကို အမျိုးအစားသုံးမျိုး နဲ့ အရောင်လေးမျိုး ထုတ်လုပ်ပေးထားပါတယ်။ အနက်၊ အဖြူ ၊ အနီ နဲ့ ရွှေရောင် တို့ ဖြစ်ပါတယ်။ နိုင်ငံပေါ်မူတည်ပြီး အမျိုးအစား နဲ့ အရောင်များခွဲခြားရောင်းချမှာ ဖြစ်ပါတယ်။ CIS နိုင်ငံများမှာ စတင်ရောင်းချမှာဖြစ်ပြီး အဲဒီနောက်မှာ ဥရောပ၊ အာရှ၊ လက်တင်အမေရိက ၊ အရှေ့အလယ်ပိုင်း ၊ အာဖရိက တို့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်းတွေကလည်း နိုင်ငံအလိုက်ကွာခြားမှာ ဖြစ်ပါတယ်။ LG က လာမယ့် ရက်သတ္တပတ်များမှာ ကြေညာမှာ ဖြစ်ပါတယ်။

LG G2 mini မှာ ၄.၇ လက်မ qHD Display တပ်ဆင်ထားပါတယ်။ 1.2GHz Qualcomm Snapdragon 400 Chipset နဲ့ 1.7GHz Nvidia Tegra 4i Processor နှစ်မျိုးနှစ်စားရှိပါတယ်။ 1GB RAM ပါရှိပါတယ်။ အနောက်ဘက် ကင်မရာ ကို 13 Megapixel Camera နဲ့ 8 Megapixel Camera နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ အရှေ့ဘက်မှာ 1.3 Megapixel Camera တပ်ဆင်ထားပါတယ်။ 8GB Internal Memory ပါရှိပါတယ်။ MicroSD Card အသုံးပြုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *