Featured, News

ကမ္ဘာ့ဖလားရဲ့ update တိုင်းကို မိနစ်နဲ့အမျှ ထုတ်လွှင့်ပေးမယ့် ထိပ်တန်း app ၆ ခု

    • ၁။ ESPN FC Soccer & World Cup
Photo by: Image: ESPN

Photo by: Image: ESPN

ESPN အပလီကေးရှင်းဟာ သူတို့ရဲ့ကျွမ်းကျင်သူတွေ ရှင်းလင်းပြောပြချက်အရတော့ သေချာ ခွဲခြမ်း လေ့လာပြီးမှ ထွက်လာတဲ့ ထူးခြားသော app တစ်ခုဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့အသင်းကို လိုသလို ရွေးချယ် ချယ်လှယ်နိုင်ပြီး အသင်းရဲ့ အနေအထား၊ အခြေအနေတွေနဲ့ ဂိမ်းအတွင်း လူစားထိုးတာတွေကိုလည်း alert လိုမျိုး သတိပေးတာတွေလည်း အသေးစိတ်ကျကျ ဖန်တီးနိုင်တယ်။ ကန်က အသုံးပြုသူတွေဆို ဂိမ်းကနေ ဗီဒီယို ဟိုက်လိုက်တွေလည်း ကြည့်နိုင်ပါတယ်။ ဒီ app လေးကတော့ iOS ကော Android အတွက်ပါ အလကားပေးတဲ့ app လေးပါ။

၂။ FIFA ’14

Photo by: Image: Electronic Arts

Photo by: Image: Electronic Arts

Xbox နဲ့ PlayStation အတွက် EA ရဲ့ FIFA စီးရီး ဖန်များကတော့ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် World Cup iOS app လေးကို တန်ဖိုးထားကြမှာပါ။ FIFA မှာတော့ ကစားသမား ၁၄ ယောက်ကို သူတို့ရဲ့ ကိုယ်ပိုင် World Cup ကွင်းထဲမှာ ထားပြီးတော့ သူတို့ရဲ့ အတွေးထဲက အသင်းအတိုင်းကို စိတ်တိုင်းကျ line-up ရွေးချယ်နိုင်တယ်။ ဒီလိုမျိုး ကိုယ်စိတ်ကျ လုပ်ချင်တဲ့သူတွေဟာ သူငယ်ချင်းတွေနဲ့ multiplayer mode မှာဆို အခြားအွန်လိုင်း ကစားသမားတွေနဲ့ စိန်ခေါ် ကစားနိုင်ကြပါတယ်။ iOS အတွက်တော့ အလကား ပေးထားပါတယ်။

၃။ FIFA Official

Photo by: Image: FIFA

Photo by: Image: FIFA

FIFA Official app ထဲမှာ အသင်းတစ်သင်းစီအတွက် ပြည့်စုံသော ပရိုဖိုင်းတွေ၊ ကစားသမားတွေ၊ နိုင်ငံနဲ့ ဆိုင်သော အားကစားနည်းပြတွေနဲ့ အဖွဲ့စည်းတစ်ခုစီရဲ့ ကမ္ဘာ့ဖလားအကြောင်းတွေကို ထည့်သွင်းထားပါတယ်။ ဒီ app လေးမှာ အဆတ်မပြတ် ထုတ်ပြနေတဲ့ ပွဲစဉ်တွေက update တွေနဲ့ အားကစားပြိုင်ပွဲများမှ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေ ကို နေ့စဉ်တိုက်ရိုက် ထုတ်ပြနေတဲ့ ဘလော့ဂ်တစ်ခုလည်း ပါပါတယ်။ ထိပ်တန်းအဖွဲ့ဝင်တွေကတော့ ဂိမ်းလည်းကစားနိုင်မယ်၊ ဂိမ်းတစ်ခုစီမှာလည်း vote လုပ်နိုင်မယ်၊ ပြီးရင် တကယ့်ဂိမ်းတွေမှာလို kick-off ဖန်ရှင်တွေကို မမ်ဘာဝင်ပြီး သုံးနိုင်ပါသေးတယ်။ ဒီ app လေးကတော့ iOS ကော၊ Android အတွက်ပါ အလကားပေးထားပါတယ်။

၄။ Onefootball Brasil

Photo by: Image: Motain GmbH

Photo by: Image: Motain GmbH

ဒီ app ထဲမှာက ကြိုက်နှစ်သက်ရာ အသင်းကို ရွေးမယ်၊ ပြီးရင် ဒီပွဲစဉ်တွေထဲက လက်ရှိကစားနေတာတွေနဲ့ ပြီးသွားတဲ့ဟာတွေမှ မိနစ်အလိုက် update တွေ ကြည့်နိုင်မယ်။ ပွဲစဉ်တွေက တိုက်ရိုက်ထုတ်လွှင့်မှုတွေ နားထောင်မယ်၊ ပြီးရင် Facebook အကောင့်ကို app က ချိတ်လိုက်မယ်ဆိုရင် အဖွဲ့ဝင်တွေနဲ့ အာလာပသလ္လာပ ပြောနိုင်မယ်။ ဒီ app လေးမှာ ကြိုတင် ခန့်မှန်းချက်တွေ၊ ပွဲအတွက် ဆွေးနွေးချက်တွေကို ပွဲမစခင်ကော ပွဲပြီးမှာကောပါ မေးထားတဲ့ အင်တာဗျူးတွေလည်း ပါပါသေးတယ်။ iOS၊ Android နဲ့ Windows Phone အတွက်ကောပါ အလကားပေးသုံး ထားပါတယ်။

၅။ Travel Portuguese Futebol Edition

Image: Rosetta Stone, Ltd.

Image: Rosetta Stone, Ltd.

ဒီလို ဘရာဇီးကို အမှန်တကယ် ကစားပွဲတွေ ကြည့်ဖို့ သွားသူတွေအတွက် ဒီ app လေးကို Rosetta Stone က အဲဒီ နိုင်ငံအတွင်း ပေါ်တူဂီနိုင်ငံသားတွေ အထောက်အကူဖြစ်အောင် အားထုတ်ထားတာပါ။ အဲဒီ app လေးမှာ လွယ်ကူတဲ့ ဥပမာနည်းလမ်းတွေက ဘောလုံးပွဲဆိုင်ရာ အခေါ်အဝေါ်တွေ နိုင်ငံအတွင်း လှည့်လည်သွားလာရမယ့် လမ်းညွှန်တွေ၊ အစားအစာမှာတာတွေနဲ့ တခြားလိုအပ်မယ့် အရာများကို သင်ကြားပေးသလို ပါရှိပါတယ်။ ဒီ အလကား ရတဲ့ app လေးက Android အတွက်ပါ။

၆။ theScore

Photo by: Image: theScore

Photo by: Image: theScore

ဒီ app လေးကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားသမားတွေနဲ့ အသင်းတွေရဲ့ update တွေနဲ့ လျှပ်တပြက် သတင်းတွေကို စုံလင်စွာ ဖော်ပြပေးမှာပါ။ အသုံးပြုသူကနေ အသင်းတစ်သင်းလုံးအတွက် ဒါမှမဟုတ် ကစားသမား တစ်ယောက်ချင်းစီ အတွက်ကို ကိုယ်တိုင် လိုချင်တဲ့ သတင်းလောက်ကို ကြိုက်သလို setting ချနိုင်ပါတယ်။ ကစားပွဲတွေအတွင်း အသင်းတစ်ခုစီအတွက် အဆက်မပြတ် သတင်းတွေနဲ့ ရမှတ်တွေ၊ သွင်းဂိုးတွေရဲ့ update တွေကိုလည်း ကြိုက်သလို ပြောင်းနိုင်ပါတယ်။ ပိုပြီး အသေးစိတ် ကြည့်ရမယ်ဆိုရင် app ရဲ့ တိုတောင်းတဲ့ tracking ဖန်ရှင်တွေဟာ ဂိုးတစ်ဂိုးချင်းစီကို ဘယ်လို ဂိုးသွားတယ်ဆိုတာက အစ အသေးစိတ် အတိအကျ ကြည့်နိုင်ပါတယ်။ iOS နဲ့ Android မှာ သုံးနိုင်ပါတယ်။

ကမ္ဘာ့ဖလားပွဲကြီးကတော့ နောက်ဆုံးမှာ ကျင်းပနေပါပြီ။ ပွဲစဉ်တွေကတော့ ဒီအပတ် ကြာသပတေးနေ့ ညသန်းခေါင်ယံက ဘရာဇီးနဲ့ ခရိုအေးရှက အဖွင့်အနေနဲ့ စကန်ခဲ့ပါတယ်။ ပြီးတော့ မြို့ ၁၂ မြို့မှာ လေးပါတ်အတွင်း ပွဲစဉ်တွေ ဒါဇင်နဲ့ချီးပြီး ယှဉ်ပြိုင်ကြမှာပါ။ ပွဲစဉ်တစ်ခုလုံးမှာ ကိုယ့်ရဲ့စိတ်ကြိုက်အသင်းတွေနဲ့ ကစားသမားတွေကို စောင့်ကြည့်ရတာကလည်း အရမ်းစိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ကံကောင်းစွာနဲ့ပဲ ကစားမည့် အသင်းတွေနဲ့ ကစားသမားတွေနဲ့ အခြေအနေတွေကို အချိန်နဲ့အမျှ ဖော်ပြပေးမယ့် app တွေကလည်း ဘောလုံးဝါသနာအိုးတွေ အတွက်တော့ လိုအပ်နေတဲ့ ဟာကွက်တစ်ခုကို အတိအကျ ဖြည့်ပေးလိုက်သလိုပါပဲ။ ဝါသနာရှင်တွေ အနေနဲ့ ဘရာဇီးမှာပဲ သွားကြည့်ကြည့် အိမ်မှာပဲ ကြည့်ကြည့် ဒီ app လေးတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ပွဲစဉ်တိုင်းကို စက္ကန့်နဲ့အမျှ တိုက်ရိုက် ဖော်ပြပေးသွားမှာပါ။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *