News

LG အရောင်းကိုယ်စားလှယ်များ ကိုရီးယားနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သို့ ခရီးစဉ်

LG-korea-american

TMW Enterprise Ltd. နှင့် LG Electronic တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် LG အီလက်ထရောနစ် အရောင်း ကိုယ်စားလှယ် (၉) ဦးနှင့် TMW Enterprise Ltd. မှ တာ၀န်ရှိသူများသည် အမေရိကန် နိုင်ငံသို့ ဇန်နဝါရီလ (၄)ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါ သွားကြပြီး တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံရှိ မြို့များနှင့် Hawaii ကမ်းခြေသို့ လည်ပတ်ကြည့်ရှုကာ ဇန်နဝါရီလ (10)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိမည်ဟု သိရှိရပါသည်။

TMW Enterprise Limited နှင့် LG Electronic တို့၏ ပူးပေါင်းစီစဉ်မှုအနေဖြင့် LG ကိုယ်စားလှယ်များအား ဂျပန်နို်င်ငံ၊ ကိုရီးယားနို်င်ငံ၊ ဥရောပနိုင်ငံများသို့လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်ရှုရန်အတွက် တောင်အာဖရိကနိုင်ငံသို့ လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ကနေဒါနိုင်ငံ မြို့များရှိ ကမ္ဘာကျော် နေရာများသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် ဂုဏ်ပြု ခရီးစဉ်များကို နှစ်စဉ် ဆက်လက် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *