Mobile

LG Optimus L9

LG-Optimus-L9

LG ရဲ့ L-series မျိုးဆက်သစ်ဖြစ်တဲ့ Optimus L9 ဖုန်းဟာ နောက်ဆုံးထွက် စမတ်ဖုန်း အမျိုးအစား ဖြစ်ပြီး ခေတ်မီ ဆန်းသစ်တဲ့ ဒီဇိုင်း ပုံစံကြောင့် ဆွဲဆောင်မှု အပြည့်ရှိတဲ့ ဖုန်းအမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ LG ကုမ္ပဏီဟာ ယခုလက်ရှိလူကြိုက်များ ရေပန်းစားနေတဲ့ HD ရုပ်ထွက် အရည်အသွေး ကောင်းမွန်စွာ ပေးစွမ်းနိုင်တဲ့ screen ကို LG Optimus L9 စမတ်ဖုန်းမှာ တပ်ဆင်ပေးထားပါတယ်။ GSM ကွန်ယက်ကို အသုံးပြုနိုင်ပြီး Dual-band 3G with HSPA စနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Screen အရွယ်အစား 4.7 လက်မ ရှိပြီး HD IPS LCD display ကို အသုံးပြုပေးထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ခံစားကြည့်ရှူနိုင်ပါတယ်။ ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေကို အကောင်းဆုံး လုပ်ဆောင်ပေးမယ့် dual-core 1GHz ARM Cortex-A9 CPUကို တပ်ဆင်ပေးထားပါတယ်။

ကင်မရာ စွမ်းရည်ကတော့ 5 megapixel ရှိပြီး အပျော်တမ်း ကင်မရာတွေမှာ ပါ၀င်တဲ့ (autofocus, touch focus, a flash, 15x digital zoom,face tracking, geotagging, a timer, continuous shooting, and panoramic shooting) အစရှိတဲ့ functions များစွာကို LG Optimus L9 မှာ ထည့်သွင်း ပေးထားပါတယ်။ ဒုတိယ ကင်မရာဖြစ်တဲ့ VGA front-facing camera လည်း ပါ၀င်ပါသေးတယ်။ LG Optimus L9 ကို Android 4.0.4 Ice Cream Sandwich OS ကို ထည့်သွင်းပေးထားတဲ့အတွက် Google services တွေ ဖြစ်တဲ့ Chrome, Gmail, Plus, Latitude, Maps with Navigation, Messenger, Search, Talk and YouTube အစရှိတာတွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက် အသုံးပြုရန်အတွက် Wi-Fi a/b/g/n စနစ် ပါရှိပါတယ်။ Internal memory ကို 4GB ထည့်သွင်းပေးထားပြီး ဒေတာအချက်အလက်တွေကို အများအပြား သိမ်းဆည်း ထားချင်ရင်တော့ microSD card ကို ထပ်မံတိုးခဲျ့ အသုံးပြုနိုင်ပါတယ်။ Bluetooth v3.0၊ NFC၊ Voice dialing၊ GPS with A-GPS အစရှိတဲ့ စနစ်တွေလည်း ပါ၀င်ပါတယ်။

author-avatar

About Jet Sin

အမည်ရင်းမှာ ရဲဇော်ထက်ဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *