News

၂၀၁၃ ခုနှစ်၏ ပထမဦးဆုံးအကြိမ် တရုတ်နှစ်သစ်ကူးအကြို

chinese-new-year-pre

အထူး ဈေးရောင်းပွဲတော်ကြီးနှင့် အမျိုးသားကုန်စည်ပြပွဲကြီး (Living IT & Electornic Fair (2013) Lashioကို လာရှိုးမြို့တော် ခန်းမတွင် ကျင်းပမည်ဟု သိရသည်။

၄င်းပြပွဲကြီးကို 30.1.2013 ရက်နေ့မှ 3.2.2013 ရက်နေ့ အထိ နေ့စဉ် နံနက် (၉း၀၀) နာရီမှ ည (၉း၀၀) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။ နှစ်သစ်၏ ပထမဦးဆုံးပွဲတော်ဖြစ်ပြီး အစည်ကားဆုံး တရုတ်နှစ်သစ်ကူး အချိန်အခါ အတွင်း၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ အပါအ၀င်ဖြစ်ခြင်း၊ လားရှိုးမြို့၏ ကုန်စည်ရောင်းချမှုနှုန်း အမြင့်ဆုံး လရာသီဖြစ်ခြင်း စသည့် ပြပွဲကြီး၏ ထူးခြားချက်များကြောင့် မိမိတု့ိ၏ ထုတ်ကုန်ပစ္စည်းများကို အဆင့်အတန်းမီ အောင်မြင်စွာ ပါ၀င်ပြသရောင်းချနိုင်ပါရန် လုပ်ငန်းရှင်များ ကုမ္ပဏီများအား ဖိတ်ခေါ်ထားသည်ဟု ဆိုသည်။
ပါ၀င်ပြသသော ကုမ္ပဏီများနှင့် ထုတ်ကုန်ပစ္စည်းများအား လူအများ ပိုမို သိရှိ စိတ်၀င်စားမှု ရှိလာစေရန်အတွက် Flyer များ၊ T-Shirt များ ေ၀ငှခြင်း၊ FM Media များတွင် ကြော်ငြာ ထုတ်လွှင့်ပေးခြင်း၊ ကုမ္ပဏီ အမည်နှင့် Logo များကို Vinyl Stand များ၊ လမ်းဖြတ် ကြော်ငြာများဖြင့် စိုက်ထူ ချိတ်ဆွဲပေးခြင်း၊ မိုးပျံ အလှဆင် ဘောလုံးကြီးများဖြင့် လွှင့်တင်ပေးခြင်းများကိုလည်း သတ်မှတ်ထားသော Sponsor နှုန်းထားများအလိုက် ၀န်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ပါ၀င်ပြသမည့် ကုန်ပစ္စည်းအမျိုးအစားများမှာ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အ၀တ်အထည်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေးသုံး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ပရိဘောဂများ၊ ပြည်တွင်းပြည်ပ ဆေးဝါးများ၊ ဆက်သွယ်ရေးနှင့် လုံခြုံရေးသုံးပစ္စည်းများ၊ စက်မှုဇုန်ထုတ်ကုန်များ၊ ကား ဘက်ထရီနှင့် တာယာများ၊ စက်ဆီ ချောဆီများနှင့် အခြား လူသုံးကုန်ပစ္စည်းများစွာ ပါ၀င်ပြသရောင်းချမှာ ဖြစ်ပါသည်။
ပြခန်းများအနေနှင့်မူ အိမ်ရာအရောင်းပြခန်းများ၊ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ရရှိသူများနှင့် ကုမ္ပဏီကြီးများ၏ ကားအရောင်းပြခန်းများ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသူများ၊ အကြီးစား၊ အလတ်စား လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သူများမှ ဖွင့်လှစ်ပြသရောင်းချသွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *