News

KMD ၏ HTC CONCEPT STORE ကို မန္တလေးမြို့တွင် ဖွင့်လှစ်

KMD-HTC

မြန်မာနို်င်ငံ၏ နည်းပညာလုပ်ငန်းတစ်ခုဖြစ်သော KMD Computer Group နှင့် HTC Corporationတို့ ပူးပေါင်း၍ HTC Concept Storeကို မန္တလေးမြို့၊ ၇၇လမ်း (၂၇လမ်းနှင့် ၂၈လမ်းကြား) ချမ်းမြေ့သာစံမြို ့ နယ်ရှိ KMD IT Mall အတွင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ HTC ၏ CEO ဖြစ်သော Mr. Peter Chou ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး KMD IT Mall၏ ၃ လွှာတွင် တည်ရှိမှာ ဖြစ်ပါတယ်။

“HTCရဲ့ Main Partner အဖြစ်နဲ့ HTC Smartphoneတွေကို မြန်မာနိုင်ငံမှာ ဖြန့်ချိခွင့်ရတဲ့အတွက် ကျွန်မတို့အနေနဲ့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်မတို့ကSmartphone တွေသက်သက်ကိုပဲ ရောင်းနေတာမဟုတ်ပါဘူး။ မြန်မာလူထုကိုအကျိုးဖြစ်ထွန်းစေမယ့် ဂေဟစနစ်နဲ့ ဖောက်သည်အခြေပြု
ဖြေရှင်းဆောင်ရွက်မှုတွေကိုပါ ပံ့ပိုးဆောင်ရွက်ပေးနေတာပါ။

ကျွန်မတို့အနေနဲ့ HTC Service Center တွေဖွင့်လှစ်မှုအပါ၀င် ဖောက်သည်၀န်ဆောင်မှုလုပ်ငန်းမှာကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပါတယ်။
အဲဒါကြောင့်လည်း ဖောက်သည်တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံ အသစ်တွေ ခံစားရရှိ လာမှာပါ” ဟု KMD Computer Group၏ President ဖြစ်သူ ဒေါ်တင်တင်အေးက ပြောကြားခဲ့ပါသည်။HTC ကုမ္ပဏီထုတ် ဖုန်းမျိုးစုံနှင့် အခြားသော Brand မျိုးစုံတို့အားတင်သွင်း
ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ရရှိနိုင်မည့် ဖုန်းများမှာ HTCထုတ် Butterfly, One X+, Desire X, Desire VCနှင့်
Desire C တို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Related Posts

One thought on “KMD ၏ HTC CONCEPT STORE ကို မန္တလေးမြို့တွင် ဖွင့်လှစ်

  1. aungkyimin says:

    Thank ….
    မြန်မာပြည်မှာအဆင့်မှီ HTC Phone ကိုဝယ်ယူလို့ရတာအရမ်းကောင်းပါတယ်
    service center နဲ့ အာမခံပေးတော့ ok တာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *