News

ဆက်သွယ်ရေး ဒုတိယဝန်ကြီး နှင့် USAID ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခြင်း

USAID-MPT

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့် USAIDမှ ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီ ၁၈ရက်နေ့က အမေရိကန်သံရုံး၌ တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် e Government စနစ်တွင် မည်သို့ ပါဝင်ပူးပေါင်းရမည်၊ အစိုးရ၏ သတင်းအချက်အလက် ဖြန့်ဝေခြင်းနည်းပညာ၊ ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်သည့်နည်းပညာများကူညီသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

USAIDကEstonia နိုင်ငံကိုစံနမူနာထားရာ ပြောကြားခဲ့ပြီး Estonia နိုင်ငံတွင် အစိုးရဌာနဆိုင်ရာလုပ်ငန်းများကိုအွန်လိုင်းမှတစ်ဆင့် ပြုလုပ်ဆောင် ရွက်နိုင်ခြင်း၊ ကမ္ဘာဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ခြင်းများ ပြုလုပ်နိုင်ခဲ့သည်ဟု အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ဖံွ့ဖြိုးတိုးတက်ရေးဆိုင်ရာ အေဂျင်စီ (USAID)မှ ပြောပါသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် Darrell Owens, Chris Jurgens, Joe Duncanနှင့် Sait Mboobတို့ ပါဝင် တက်ရောက်ခဲ့ပါသည်။

Ref: www.www.facebook.com/usembassy.rangoon

Leave a Reply

Your email address will not be published. Required fields are marked *