News

iPhoneက ရေခဲသေတ္တာထက် စွမ်းအင်ပိုသုံး

သာမန် iPhone တစ်လုံးဟာ အလယ်အလတ် ရေခဲသေတ္တာတစ်လုံး အသုံးပြုတဲ့ ပါဝါထက်ပိုပြီး စွမ်းအင်ကို အသုံးပြုနိုင်တယ်လို့ Digital Power Groupရဲ့CEOဖြစ်တဲ့ မာ့ခ်မီးလ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အလယ်အလတ် အရွယ်အစား ရေခဲသေတ္တာတစ်လုံးဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သီးသန့် ထုတ်လုပ်တဲ့ Energy Star ရေခဲသေတ္တာ တစ်လုံးသည်ပင် တစ်နှစ်လျှင် 322KWကို သုံးစွဲနိုင်ကြောင်း၊ iPhone ဖြင့် wireless အသုံးပြုရင် တစ်နှစ်ကို361KWအထိ စွမ်းအင် သုံးစွဲနိုင်ကြောင်း မီးလ်ကဆိုပါတယ်။

ဖုန်းတစ်လုံးမှာ စွမ်းအင်အသုံးပြုမှုဟာ အိမ်သုံးပစ္စည်းများ စွမ်းအင်သုံးစွဲတဲ့ပုံစံနဲ့ မတူကြောင်း၊ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုနိုင်ဖို့ လျှပ်စစ်ဓာတ်အားတွေကို တစ်နေကုန် ပေးထားရတဲ့အတွက် ကုန်ကျတဲ့ စွမ်းအားထက် ၊wireless အသုံးပြုနိုင်ဖို့ ကွန်ပျူတာနဲ့ အခြားပစ္စည်းတွေကို အထောက်အကူ ပြုနေရတဲ့ server ကွန်ပျူတာကြီးတွေကို စွမ်းအင်မပြတ်စေဖို့ ပေးထားရခြင်းက စွမ်းအင်ပိုပြီးကုန်ကြောင်း၊ ယခုအခါ Cloud နည်းပညာကို လူတိုင်းသုံးစွဲနေကြတဲ့အတွက် အဲ့ဒီစနစ်ကို သုံးနိုင်ဖို့ စွမ်းအင်တောက်လျှောက် ပေးထားရလို့ စွမ်းအင်သုံးစွဲမှု ပိုပြီးမြင့်မားနိုင်ကြောင်း Science Timeသတင်းမှာ ဘရိုင်ယန်ဝေါ့ရှ်ဆိုသူကလည်း ရေးသားထားတယ်လို့ သိရပါတယ်။ရုပ်ရုင်ဇာတ်ကားတစ်ကားကို ကြည့်ရှုရာမှာ သာမန်DVDစက်နဲ့ ကြည့်ခြင်းထက် HDစနစ်နဲ့ကြည့်တာက စွမ်းအင်ပိုမိုကုန်စေနိုင်တာကိုလည်း မာ့ခ်မီးလ်က ထောက်ပြထားပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *