News

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ကျင်းပသည့် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များသေနတ်ပစ်ပြိုင်ပွဲစတင်

မြန်မာနိုင်ငံက ပထဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော(၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များသေနတ်ပစ်ပြိုင်ပွဲ(AARM)ကို အောက်တိုဘာ၂၉ရက် နံနက်ပိုင်းကပြင်ဦးလွင်ရှိ တပ်မတော် စက်ပစ် ကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲတွင် အာဆီယံ အဖွဲ့၀င် ၁၀နိုင်ငံလုံး စလုံးမှ တပ်မတော်သား အားကစားသမားများ ပါ၀င်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများ အနေဖြင့်ရိုင်ဖယ်သေနတ်ပစ် ပြိုင်ပွဲ၊ စက်သေနတ် ပစ်ပြိုင်ပွဲ၊ကာဘိုင်သေနတ်ပစ်ပြိုင်ပွဲ၊ ပစ္စတို(ကျား)သေနတ်ပစ်ပြိုင်ပွဲနှင့် ပစ္စတို(မ)သေနတ် ပစ်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးစား ငါးမျိုးဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းအာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ၂၉ရက်မှ နို၀င်ဘာ၉ရက် အထိပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲ၀င်တပ်မတော် များမှအားကစားသမားများသည် (AARM)Village တွင်တည်းခို ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ် ပြိုင်ပွဲ(AARM)ကို၁၉၉၁ ခုနှစ်တွင် မလေးရှားကြည်းတပ် ဦးစီးချုပ်၏ ကွပ်ကဲမှုဖြင့်စတင်ဆောင်ရွက်နိုင်ခဲ့ပြီး မလေးရှားနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ်စတင်ကျင်းပ ခဲ့သည်။စတင်ကျင်းပခဲ့စဉ် အချိန်က ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့်ဖွဲ့ စည်းခဲ့ပြီး ယခု(၂၃)ကြိမ်မြောက် ပြိုင်ပွဲတွင်မှ မြန်မာနိုင်ငံကပထမဆုံး အကြိမ်အိမ်ရှင် အဖြစ်လက်ခံကျင်းပ ခဲ့ခြင်းဖြစ်သည်။

ယခုပြိုင်ပွဲ ဖွင့်ပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှုး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေး၀င်း အပါအ၀င် အာဆီယံ နိုင်ငံတပ်မတော်များမှ ဒုတိယ(ကြည်း)တပ်ဦးစီးချုပ်များ၊စစ်သံမှုးများနှင့်ဖိတ်ကြား ထားသူများတက်ရောက် ခဲ့ကြသည်ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *