News

Union Successနှင့် ကိုရီးယားနိုင်ငံ Koda and Hyun Junတို့မှ ရေသန့်စင်စက် တပ်ဆင်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဇေယျ၀တီရေကန်တွင် ကိုရီးယားနိုင်ငံ KODA AND HYUN JIN COMPANYမှ ဆောက်လုပ် လှူဒါန်းသော USD (2)သိန်းကျော် တန်ဖိုးရှိ ရေသန့်စင်စက်် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၅၊ ၁၂၊ ၂၀၁၂ (ခရစ္စမတ်နေ့) နံနက် ၉း၃၀တွင် အဆိုပါရေကန်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ လှူဒါန်းမှု ဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီပေးခဲ့ကြသော UNION SUCCESS CO., LTD.မှ M.D MR. PARK CHIN IL, LION WORLD INTERNATIONAL CO., LTD. မှ M.D U SOE THAN OO, KOREA နိုင်ငံ KODA AND HYUN JIN COMPANYမှ တာ၀န်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဖေ၊ သာကေတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်စိုး၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်၀င်း၊ သာကေတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ရပ်ကွက်နေရပ်မိရပ်ဖများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြပါသည်။

အဆိုပါ ရေသန့်စင်စက် တပ်ဆင်ထားသောကြောင့် ၄င်းကန်ရေကို ပိုးမွှားသန့်စင်ထားသော သောက်သုံးရေအဆင့်ထိ ရရှိမည်ဖြစ်ပြီး ရေကန် အနီးပတ်၀န်းကျင်ရပ်ကွက်များတွင် နေထိုင်သူများအနေဖြင့် သန့်ရှင်းသောရေကို လုံလောက်စွာ ရရှိရန်နှင့် ရပ်ကွက်နေပြည်သူများ မသန့်ရှင်းသောရေကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို ကာကွယ်ပေးရန်အတွက်လည်း ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် အလားတူရေသန့်စင်စက်ကို ပုဂ္ဂလိကအနေဖြင့်သော်လည်းကောင်း၊ ဌာနဆိုင်ရာအနေဖြင့်သော် လည်းကောင်း တပ်ဆင်လိုလျှင် လက်ခံ တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *