Opinion

Internet ခေတ်ကြီးမှာ ဆောင်ရန်၊ ရှောင်ရန်

အခြေခံကို ပြန်သုံးပါ။
မည်သည့် OSကို သုံးသည်ဖြစ်စေ OSကို ထုတ်လုပ်သည့် ကုမ္ပဏီမှ အမြဲ ထုတ်လုပ်ပေးနေသည့် Security Updates, Patches, Version အသစ်တွေနှင့် ကွန်ပျူတာကိုဖြစ်စေ၊ Softwareတွေကို ဖြစ်စေ အမြဲ up-to-date ဖြစ်အောင်ထားပါ။

Click အရမ်း မနှိပ်ပါနှင့်
Googleက ကြေညာချက် ထုတ်ပြန်ထားသည့်အတိုင်း ကွန်ပျူတာ လုံခြုံရေးအတွက် မသင်္ကာစရာ ၀က်ဘ်ဆိုဒ်တွေဟာ နေ့စဉ်နဲ့အမျှ ၉၅၀၀ ၀န်းကျင်လောက် ရှိတယ်လို့ ဆိုထားပါတယ်။ ထို့ကြောင့် သင်သည် Browserမှာ သတင်းဖတ်နေရင်းဖြစ်စေ၊ emailမှတစ်ဆင့်ဖြစ်စေ အခြား၀က်ဘ်ဆိုဒ်ကို ရည်ညွှန်းထားသော Link တွေကို အလွယ်တကူ မနှိပ်မိအောင် သတိထားသင့်ပါတယ်။ Click မနှိပ်ခင်လည်း ထိုဆိုဒ်၏ URLကို သေချာစွာ ဖတ်ရှုသင့်ပါသေးတယ်။ နောက်ထပ် ထိုသို့ မသင်္ကာစရာဆိုဒ်တွေကို လေ့လာစစ်ဆေး ဖမ်းဆီးပေးနိုင်တဲ့ Firewallတွေကို On ထားသင့်သလို Antivirus Softwareတွေလဲ သွင်းထားသင့်ပါတယ်။

Email addressတွေကို ဖွက်ထားသင့်
@facebook.com ဆိုပြီး Facebook အသုံးပြုသူတွေအားလုံးရဲ့ Usernameနှင့် Facebook ကုမ္ပဏီမှ email accountတွေ ပေးလိုက်သည့် အတွက်ကြောင့် Spam ပို့ချင်သူများဟာ အလွယ်တကူ Spam emailတွေကို ပို့နိုင်တဲ့ ခေတ်ကြီး ရောက်နေပါပြီ။ ထို့ကြောင့် မိမိဟာ မိမိရဲ့ Email addressနဲ့ personal detailတွေကို Facebookမှာဖြစ်စေ၊ Websiteမှာဖြစ်စေ တစ်ကမ်ဘာလုံးက အလွယ်တကူ မြင်တွေ့နိုင်အောင် မဖော်ပြထားပဲ ဖွက်ထားသင့်ပါတယ်။

Password
Email ၀င်ကြည့်ဖို့၊ Facebook တက်ဖို့ ဒီနေ့ Internet ခေတ်ကြီးမှာ Passwordတွေဟာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ တူနေပြန်ရင်လည်း Hackerတွေက ကိုယ့်ရဲ့ Password တစ်ခု ရသွားပြီဆိုတာနဲ့ ကိုယ် နေ့စဉ်အသုံးပြုနေတဲ့ ၀က်ဘ်ဆိုဒ်တွေ၊ emailတွေ အားလုံးကို ဖျက်ဆီးလို့ ရသွားပါပြီ။ ထို့ကြောင့် မိမိဟာ Password မတူတာတွေ သုံးသင့်ပါတယ်။ မှတ်မိရ ခက်မယ် ဆိုရင်တော့ Spreadsheetလို ဇယားမျိုးမှာ မှတ်ထားပြီး ထို Spreadsheetကိုလည်း Passwordနဲ့ ကာကွယ်ထားသင့်ပါတယ်။

Gaming
Gamerတွေလည်း Security Software သွင်းထားသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ကြီးမှာ Online Gameတွေ ခေတ်စားလာ သည်နှင့်အမျှ မိမိက အခြားကမ်ဘာက မည်သူနှင့် ကစားနေတယ်ဆိုတာ မသိရခြင်းကြောင့်ပါ။

Pirated
ပြည်တွင်းမှာတော့ ကျပ်ငွေ ၅၀၀နှင့် CD တွေမှတစ်ဆင့် အားလုံးလိုလို Softwareတွေ သွင်းယူကြပါတယ်။ နိုင်ငံခြားမှာတော့ P2Pလို Site မျိုးကနေတစ်ဆင့် တရားမ၀င် Softwareတွေကို Download ယူကြပါတယ်။ နှစ်ခုလုံး မလုပ်သင့်ပါဘူး။ ဘာ့ကြေင့်လဲဆိုတော့ ထို CDတွေ Download လုပ်လိုက်တဲ့ Software Package တွေထဲမှာ သွင်းပေးတဲ့သူက Malware တွေ၊ Virusတွေ ထည့်ပေးနိုင်လို့ပါ။ မရှိမဖြစ် အသုံးပြု သွင်းရမယ်ဆိုရင်တော့ Security Softwareတွေမှတစ်ဆင့်သာ သွင်းသင့်ပါတယ်။

Social Networking
Social Site တွေမှတစ်ဆင့်လဲ မိမိရဲ့ အကြောင်းအရာတွေကို Spammerတွေ၊ Hackerတွေက ရယူနိုင်တာ ဒီခေတ်ကြီးထဲမှာ လွန်စွာ များပြားလာပါတယ်။ ဥပမာ – Hacker တွေဟာ မိမိရဲ့ သူငယ်ချင်းအဖြစ်သော်လည်းကောင်း၊ သူဌေးအဖြစ်သော်လည်းကောင်း ဟန်ဆောင်ပြီး မိမိ Facebook မှာလာပြီး Add လုပ်တာတို့၊ email ပို့ပြီး အကြောင်းအရာ တစ်ခုခုနဲ့ မသမာသော Linkတွေ ထည့်ပေးတာတို့ လုပ်နိုင်ခြင်းကြောင့်ပါ။ မိမိရဲ့ နာမည် အပြည့်အစုံတို့၊ အကြောင်းအရာတွေ အားလုံးကို Social Siteတွေမှာ တိတိကျကျ မဖော်ပြတာ အကောင်းဆုံးပါပဲ။ ထို့ကြောင့်မို့လဲ twitterတို့လို Link အတိုတွေပဲ ဖတ်လို့ရတဲ့ Site မျိုးတို့၊ Facebookလို မိမိကို တကမ်ဘာလုံးမှ လာပြီး သူငယ်ချင်း လုပ်လို့ရတဲ့ နေရာမျိုးမှာ ဘယ်သူနဲ့ ပေါင်းသင်းမည်၊ ဘယ်သူ့နောက် Follow လုပ်ရမည်ဆိုတာ လွန်စွာ သတိထားသင့်ပါတယ်။

Wi-Fi Hotspot
ပြည်တွင်းမှာလည်း Wi-Fi Hotspotတွေဟာ မြို့ထဲက နေရာတိုင်းလိုလို အထင်ကရ ဆိုင်တွေ၊ Hotel တွေမှာ ရှိလာပြီမို့ မိမိရဲ့ ဖုန်းနဲ့ ဖြစ်စေ၊ ကွန်ပျူတာနဲ့ ဖြစ်စေ အင်တာနက် ချိတ်ဆက်ရာမှာ သတိထားသင့်ပါတယ်။ မိမိ ချိတ်ဆက်မည့် Wi-Fi ရဲ့ အမည်၊ SSIDကို ယုံကြည်မှသာ ချိတ်ဆက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Wi-Fi ချိတ်ဆက်လိုက်ပြီဆိုရင်တော့ မိမိရဲ့ နည်းပညာပစ္စည်းဟာ ထို Wi-Fi အမည်တွင်တဲ့ Networkတစ်ခုတည်း ရောက်သွားလို့ပါပဲ။ ရောက်သွားပြီဆိုတာနဲ့ မိမိရဲ့နည်းပညာပစ္စည်းထဲကို မသာမာသူများက ကြိုက်သလို လုပ်လို့ရခြင်းကြောင့်ပါ။ အထူးသဖြင့် Password မလိုပဲ Free Wi-Fi ဆိုတာမျိုးတွေ သတိထားသင့်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *