News

ကွန်ပျူတာနဲ့ပတ်သတ်တဲ့ စိတ်၀င်စားစရာ အချက်လေးတွေ

  • သာမာန် လူတစ်ယောက်က တစ်မိနစ်ကို အကြိမ် ၂၀ မျက်တောင်ခတ်ပေမယ့် ၊ ကွန်ပျူတာကြည့်နေတဲ့ သူတစ်ယောက်က တစ်မိနစ်ကို ၇ ကြိမ်ပဲ ခတ်ဖြစ်ပါတယ်တဲ့။ ( facebook သုံးနေရင် ပိုတောင်အကြိမ်နည်းမယ်ထင်တယ်နော် )
  • Bill Gates က သူ့အိမ်ကို ဒီဇိုင်းလုပ်တုန်းက Mac window ကွန်ပျူတာကိုသုံးတာပါတဲ့။ ( သူလဲ Apple ကို အားပေးချင်တာ ဖြစ်မှာပေါ့လေ )
  • Sweeden နိုင်ငံ က အင်တာနက်အသုံးပြုသူအများဆုံး နိုင်ငံပါ။
  • Mosaic ဆိုတဲ့ broswer က 1993 ခုနှစ်မှာ ပထမဆုံး လူကြိုက်အများအဆုံး Browser တစ်ခုဖြစ်ခဲ့ပါတယ်။ ( ခုချိန်မှာတော့ chrome နဲ့ firefox ထင်တယ် )
  • 1980 ခုနှစ်လောက် က ပေါ်ခဲ့တဲ့ တုံးစီ တဲ့ tetris ဂိမ်းကို လူတိုင်းနီးပါးကစားဖူးကြမှာပါ။ ငယ်ငယ်ကတောင် တုံးစီတဲ့ ဂိမ်းပါတဲ့လက်ကိုင်ဂိမ်းစက်လေးတွေ တော်တော် ၀ယ်ဆော့ဖြစ်ကြပါတယ်။ အဲ့ဒီဂိမ်းတီထွင်တဲ့သူက ဒေါ်လာ 8 မီလီယမ် ကျော်အထိ ချမ်းသာသွားခဲ့ပါတယ်။
  • ကွန်ပျူတာ အသုံးပြုသူ တွေက ဗိုင်းရပ်စ် က စက်ကိုဖျက်စီးစေနိုင်တယ်လို ့သိထားပါတယ်။ ဒါပေမယ့် တကယ်တန်းကတော့ ဗိုင်းရပ်စ်တွေက သူ့အလိုလိုစက်ကို ဖျက်နေကြတာမဟုတ်ပါဘူး။ သူ့ကို သွားပြီး ဖွင့်မိတဲ့အခါမျိုး  ကျမှသာ သူတို့က စက်ထဲမှာ ဒုက္ခပေးတတ်ကြတာပါ။
  • ကွန်ပျူတာ စားကဒ် ( circuit ) တွေကို တည်ငြိမ်လျှပ်စစ်နဲ့ဖြတ်ဆီး နိုင်ပါတယ်။ ( ဦးထုပ် ကြာကြာ ဆောင်းထားတဲ့သူတစ်ယောက် ဦးထုပ်ချွတ်လိုက်တဲ့အခါ ဆံပင်တွေ အပေါ်ထောင်တတ်သွားတတ်ပါတယ်။ ဒါဟာ    တည်ငြိမ်လျှပ်စစ်ကြောင့်ပါ ၊ ဦးထုပ် က ဝါဂွမ်းစနဲ့ ဆံပင်က မတူညီတဲ့ ဓါတ်တွေရှိပြီး ဦးထုပ်ထဲက positive atom atom တွေက ဆံပင်တွေကြားထဲရောက်သွားပြီးနောက် ဦးထုပ်ချွတ်လိုက်တဲ့အခါ ဆံပင်တွေကြားထဲ positive atom လေးတွေ အချင်းချင်း ပြန်လည်တွန်းကန်ကြလို့ ဆံပင်တွေကွဲပီး ထောင်တတ်ပါတယ်။ ငယ်ငယ်က ကျောင်းမှာသင်ဖူးကြပါတယ် ။ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ကြိမ်များလာရင် positive တွေဖြစ်သွားတဲ့အခါ တွန်းကန်ကြတတ်တယ်ဆိုတာ )
  • Nvidia GeForce 6800 Ultra chip ဂရပ်ဖစ်ကဒ်မှာ transistors တွေ 222 မီလီယမ်ကျော်ပါရှိထားပါတယ်။
  • Konrad Zuse ဆိုတဲ့သူက 1936 မှာ ကမ္ဘာ့ပထမဆုံး Z1 လို့ခေါ်တဲ့ ကွန်ပျူတာကို ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ နောက် ၃ နှစ်ကြာတဲ့အခါ စုံလင်စွာ ပါတဲ့  electro-mechanical computer ဆိုတဲ့ Z 2 ကိုထပ်မံတီထွင်ခဲ့ပါတယ်။
  • Stewardesses ဆိုတဲ့စကားလုံးဟာ ဘယ်လက်တစ်ဖက်တည်းနဲ့ရိုက်လို့ရနိုင်တဲ့ အရှည်ဆုံးစကားလုံးပါ။(Stewardesses = လေယာဉ်မယ်)

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *