Review

Chromebook ဆိုတာ ဘာလဲ

What is Chromebook?

Laptop လိုပြောလိုက်ရင် လူတွေတော်တော်များများသိကြတာကတော့ သယ်သွားလို့ရတဲ့ကွန်ပျူတာ တစ်လုံးလို့လူတွေကထင်ကြတယ်။ အဲ့ဒီယူဆချက်ကမှန်ပေမယ့် လူတွေမသိသေးတဲ့အချက်တစ်ခု ရှိနေပါတယ်။ အဲ့တာကတော့ လက်တော့တွေဟာ ပုံသဏ္ဍန်၊ အရွယ်အစား၊ OS တွေအပေါ်မူတည်ပြီး အမျိုးအစားတွေအမျိုးမျိူးရှိတယ်ဆိုတာပါပဲ။ အဲ့တာတွေကတော့ Notebook, Ultraportable, Ultrabook, Ultrabook, Chromebook, MacBook, Convertible (2-in-1) or Flipbook, Tablet as a laptop စသဖြင့် နာမည်အမျိုးမျိုးရှိပါတယ်။

အက်ဒ်မင် ဒီနေ့မှာတော့ တွေ့နေကျလက်တော့တွေထဲက နည်းနည်းကွဲထွက်နေတဲ့ Chromebook အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

Chromebook တွေက တွေ့နေကျလက်တော့တွေလို Window OS ကိုအသုံးမပြုထားဘဲ သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Chrome OS ကိုအသုံးပြုထားပါတယ်။ Chrome OS ဆိုတာက Linux OS ကိုအခြေခံကာ ဒီဇိုင်းလုပ်ထားတဲ့ Operation System တစ်ခုဖြစ်ပါတယ်။ Chromebook ကို Google Chrome browser လို tasks တွေများတဲ့ applications တွေ၊ web apps က Data တွေကို Cloud တွေမှာရွှေ့ပြောင်းအလုပ်လုပ်ရသူတွေ အသုံးပြုကြပါတယ်။

Chromebook တွေဟာ လူငယ်တွေအကြိုက် ပါးလွှာပြီး ကျစ်လစ်တဲ့ဒီဇိုင်းပုံစံထုတ်လုပ်ထားပြီး Chrome OS မှာ Android Apps တွေကိုပါ ထည့်သွင်းအသုံးပြုနိုင်တာကြောင့် လက်တော့လိုမျိုးရော tablet လိုမျိုးပါအသုံးပြုလို့ရပါတယ်။ Chromebook တွေက သာမန် Notebook တွေထက် စျေးနှုန်ူးအနည်းငယ်သက်သာတာကြောင့် ကျောင်းသားတွေအတွက် အထူးသင့်လျော်ပါတယ်။

Chromebook ကို စတင်ထုတ်လုပ်ခဲ့တဲ့ Company တွေကတော့ Acer Inc. နှင့် Samsung တို့ဖြစ်ပြီး 2011 ခုနှစ် မေလမှာ စတင်ကြေငြာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Lenovo, Hewlett Packard and Google တို့ကလည်း Chromebook လောကထဲကိုတစ်ဖြည်းဖြည်းဝင်ရောက်လာခဲ့ပါတယ်။

အခုလောက်ဆိုရင် Chromebook အကြောင်းသိသင့်သလောက်သိသွားကြမယ်လို့မျှော်လင့်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *