How-to

32 bit နဲ့ 64 bit က ဘာတွေကွာတာလဲ?

ကွန်ပျူတာ အသုံးပြုသူတွေ အနေနဲ့ Windows တင်တဲ့အခါ (သို့) ဆော့ဖ်ဝဲလ်တွဲ ဂိမ်းတွေကို download ဆွဲတဲ့အခါမှာ 32 bit Version နှင့် 64 bit Version ကွဲနေတာ‌ကြောင့် စိတ်ရှုပ်ဖူးကြမယ် ထင်ပါတယ်။

ကိုယ့် Computerရဲ့ CPU က ဘယ် bit Version ကို support လုပ်တယ်ဆိုတာကို မသိဘဲ မှားပြီး install တဲ့အခါ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။

အက်ဒ်မင်က ဒီနေ့မှာတော့ 32 bit နဲ့ 64 bit ဘာတွေ ကွာခြားလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

32 bit/64 bit ဆိုတာက ကွန်ပျူတာရဲ့ ခိုင်းစေချက်တွေကို Radom Access Memory (RAM) နဲ့ Microprocessor ကြားမှာ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

64 bit က 32 bit ထက် unit အရေအတွက် ပိုများလို့ ပိုကောင်းတယ်လို့ အလွယ်တကူ သတ်မှတ်လို့ ရပေမယ့် ဒီကွာခြားချက်က ကွန်ပျူတာတစ်လုံးရဲ့ overall performance အပေါ် တိုက်ရိုက် သက်ရောက်မှု မရှိစေပါဘူး။ Software တစ်ခုစီ အသုံးပြုတဲ့အခါမှာပဲ သိသာတာပါ။

32 bit Version နဲ့ 64 bit Version ရဲ့အဓိက ကွာခြားချက်ကတော့ RAM တွေကို ထိန်းချုပ်နိုင်တဲ့ အပိုင်းမှာ ဖြစ်ပါတယ်။ 32 bit တွေက RAM 4 Gigabytes အထိပဲ support လုပ်ပြီး 64 bit ကတော့ 16 Exabytes အထိ support လုပ်ပါတယ်။

Computer (သို့) Software တစ်ခုကိုစ Run တဲ့အခါမှာ 32 bit က RAM နဲ့ CPU ဆီကို ရောက်ဖို့ HDD ကို အရင်သွားရပြီး 64 bit က HDD ဆီသွားစရာ မလိုဘဲ RAM နဲ့ CPU ဆီကို တိုက်ရိုက်သွားပါတယ်။

32 bit နဲ့ 64 bit တွေက ကိုယ်အသုံးပြုတဲ့ Processor (CPU) နှင့် Motherboard ပေါ်မူတည်တာကြောင့် ၀ယ်ယူတဲ့အခါမှာ သတိထားရမှာ ဖြစ်ပါတယ်။

32 bit Processor တွေကို ၁၉၉၀ ခုနှစ် အစောပိုင်းတုန်း Intel နှင့် AMD ကုမ္ပဏီ တွေမှာ စတင် အသုံးပြုခဲ့ပြီး Windows 95, 98 and XP တို့ဟာ 32 bit ကို အခြေခံထားတဲ့ operating system တွေ ဖြစ်ပါတယ်။ 32 bit ကိုပဲ support ပေးတဲ့ Processor (CPU) နှင့် Motherboard တွေမှာ 64 bit သုံး Windows (or) Software ကို Runလို့ မရပါဘူး။

64 bit Processor တွေကို 1961 ခုနှစ်မှာ IBM 7030 Stretch supercomputer တွေမှာ စတင်အသုံးပြုခဲ့ပြီး 2000 ခုနှစ် အစောပိုင်းမှာမှ home computers တွေမှာ ပါ၀င်လာခဲ့ပါတယ်။
Windows Vista, Windows 7, and Windows 8, Windows 10 တွေက 64-bit processor ကိုအခြေခံထားတဲ့ operating systems တွေ ဖြစ်ပါတယ်။ (အဆိုပါ Windows တွေမှာလည်း 32 bit အတွက်ရှိပါတယ်။) 64 bit ကို Support ပေးတဲ့ Processor (CPU) နှင့် Motherboard တွေမှာ 64 bit ရော 32 bit ရော နှစ်ခုလုံး run နိုင်ပါတယ်။

အခုလောက်ဆိုရင် 32 bit နဲ့ 64 bit ဘာတွေ ကွာခြားလဲ သိသင့်သလောက် သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတ ရနိုင်မယ့် နည်းပညာနှင့်ပတ်သက်တဲ့ ဆောင်းပါးလေးတွေကို အမြဲဖတ်ရှုချင်တယ် ဆိုရင်တော့ Page ကို See First လုပ်ထားကြပါနော်။

ICTနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်း အစုံအလင်ကို ထိုင်ရာမှ မထပဲ အွန်လိုင်းရှော့ပင် လုပ်ချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံ၏ #၁ အိုင်စီတီသီးသန့် အွန်လိုင်းစတိုးသို့ အောက်ပါလင့်အတိုင်း အခုချက်ချင်း ဝင်ရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

» https://bit.ly/2TScs7C

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *