How-to

လုံခြုံစိတ်ချစွာ အင်တာနက် အသုံးပြုနိုင်မယ့် နည်းများ

အင်တာနက်အသုံးပြုသူတွေအတွက်  မိမိတို့ရဲ့ Privacy, Securityကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မကြာမီက အမေရိကန်ရဲ့ National Security Agnecy က အင်တာနက်အသုံးပြုသူတွေ  အပေါ်ကို စောင့်ကြည့်လေ့လာနေတဲ့ PRISM ဆိုတဲ့ Project ကိစ္စ လူသိရှင်ကြားဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အင်တာနက် အသုံးပြုရတာ လုံခြုံမှု မရှိတော့ပါဘူး။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ Personal Data တွေကို ပေးပို့ရယူတော့မယ်ဆိုရင် တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက သင့်ရဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်တယ်ဆိုတာ သတိပြုပါ။ အဲဒီအတွက် လုံခြုံစိတ်ချစွာ အင်တာနက် အသုံးပြုနိုင်မယ့် နည်းတွေကို ဒီဆောင်းပါးမှာဖတ်ပါ။

Emailကို Encrypt လုပ်ပါ။

Email ကို Encrypt  လုပ်တယ်ဆိုတာ Emailကို Code တွေ အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပြီး သင်သတ်မှတ်ထားတဲ့ Password Key ကို အသုံးပြုမှသာ Email ကို ဖတ်လို့ရမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အီးမေး ပေးပို့တော့မယ်ဆိုရင် Encrypt လုပ်ပြီး ပေးပို့သင့်ပါတယ်။ Encrypt လုပ်ဖို့အတွက် Mailvelope ဆိုတဲ့ Browser Extensionကို သုံးနိုင်ပါတယ်။ Secure Gmail ဆိုတဲ့ Extension ကို အသုံးပြုနည်းကိုလည်း ရေးပေးထားပြီး လေ့လာဖတ်ရှုပါ။

Chat Conversation တွေကို Encrypt လုပ်ပါ။

Chat Client တော်တော်များများက Off-the-Record Messaging ဆိုတဲ့ Encryptionကို အသုံးပြုကြပါတယ်။ သင်ပေးပို့လိုက်တဲ့ Message တွေကို ဖတ်ဖို့ သင့်ရဲ့ Password Keyကို အသုံးပြုဖို့ လိုပါတယ်။ဒီလို အသုံးပြုဖို့အတွက် Adium, Pidgin လို Chat Application တွေကို သုံးနိုင်ပါတယ်။

Cloud Storage တွေကို လုံခြုံအောင် ပြုလုပ်ပါ။

Cloud Storage တွေမှာ အရေးကြီးတဲ့ ဖိုင်တွေကို သိမ်းမယ်ဆိုရင်လည်း လုံခြုံအောင် ပြုလုပ်ထားသင့်ပါတယ်။ သင်အသုံးပြုတဲ့ Cloud Storage တွေ Hack ခံရရင် သင့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့အတွက်ပါ။ Dropbox ကို အသုံးပြုရင် SafeMonk ဆိုတဲ့ Applicationကို သုံးနိုင်ပါတယ်။ SafeMonk က သင့်ဖိုင်တွေကို Encrypt လုပ်ပေးနိုင်ပါတယ်။

Password Manager တွေ အသုံးပြုပါ။

 

Password Managerတွေ အသုံးပြုရင် Master Password တစ်ခုသာ မှတ်ထားစရာလိုပြီး သင့် Passwords အားလုံးကို မေ့ထားလို့ ရပါပြီ။ Browser တွေမှာ  Password Managerတွေ ပါရှိပါတယ်။ ဒါပေမယ့် Browser တွေရဲ့ Password Manager တွေမှာအားနည်းချက်တွေ ရှိပါတယ်။ Browser တွေရဲ့ Password Manager တွေကို နှိုင်းယှဉ်ပြီး Review လုပ်ထားတဲ့ ဆောင်းပါး မှာဖတ်ပါ။ LastPass လို Password Manager ကို အသုံးပြုရင် သင့် Password တွေကို Encrypt လုပ်ပြီး သိမ်းထားနိုင်တဲ့အပြင် 2 Factor Authentication တွေပြုလုပ်ပြီး LastPass အကောင့်ကို Password နှစ်ထပ်နဲ့ ကာကွယ်ထားနိုင်ပါတယ်။ ဒါ့အပြင် LastPass က Password Generator ပါရှိပြီး မှန်းဆရခက်တဲ့၊ ဖောက်ထွင်းရခက်တဲ့ Passwordတွေ ပြုလုပ်ပေးနိုင်ပါတယ်။

Two-Factor Authentication ကိုအသုံးပြုပါ။

အင်တာနက်မှာ Google, Facebook, Microsoft အပါအ၀င် Service အချို့က သင့်အကောင့်ကို Password နှစ်ထပ်နဲ့ ကာကွယ်နိုင်အောင် ပြုလုပ် ပေးထားပါတယ်။ Two-Factor Authentication or Multi-Factor Authentication or  2-Step Verification  ပြုလုပ်နိုင်တဲ့ Service တိုင်းမှာ အဲဒီ Security Featureကို အသုံးပြုခြင်းဖြင့် သင့်အကောင့်တွေကို ကာကွယ်နို်င်ပါတယ်။ Two-Factor Authentication တွေကို အသုံးပြုနိုင်တဲ့ Servicesတွေ အကြောင်းကို ဒီဆောင်းပါး  မှာ လေ့လာပါ။ မကြာသေးခင်က Code တွေ Share လုပ်နိုင်တဲ့ ၀က်ဆိုက်တစ်ခုဖြစ်တဲ့ GitHub ကလည်း Two-Factor Authentication ကို အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

အထက်ပါနည်းတွေကို အသုံးပြုပြီး သင့် Internet Lifeကို လုံခြုံအောင် ကာကွယ်နိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “လုံခြုံစိတ်ချစွာ အင်တာနက် အသုံးပြုနိုင်မယ့် နည်းများ

  1. Thet Khaing says:

    ကျေးဇူးပြုပြီးမြန်မာဖောင့်ကိုပြင်ပေးစေချင်တယ်ဖတ်မရလိုပါအရန်းစိတ်ဝင်စားလိုပါ

Leave a Reply

Your email address will not be published. Required fields are marked *