Health, Opinion

ဒေါက်တာ နာနို

science.howstuffworks.com

ယခုတလော ဟိုနား ‘‘နာနို’’ ဒီနား ‘‘နာနို’’ ဟူသော စကားကို ကြားနေရသည်။ နို်င်ငံတော်အစိုးရ၏ ဖြူစင်ပြည့်၀သော မေတ္တာစေတနာမှန်ဖြင့် ခေတ်မီကားသစ်များ တင်သွင်းခွင့်ပြုရာမှ တန်ဖိုးကြီး ကားများသာမက၊ တန်ဖိုး အသင့်အတင့်ရှိသော ကားများကိုပါ ပြည်သူများ စီးနို်င်လာကြသည်။ သို့သော် ပြည်သူ့၀န်ထမ်း သာမန် ဆရာ၀န်တစ်ဦးအဖို့ မိမိ၏ ကိုယ်ပိုင်၀င်ငွေဖြင့် ယနေ့အထိ ကား၀ယ် မစီးနိုင်သေးသော ကျွန်တော့အဖို့ ယခုကြားနေရသည့် ‘‘နာနိုိ’’ ခေါ်သော တန်ဖိုးနည်းကားများ တင်သွင်းလာလျှင်တော့ မိဘတို့ထံမှ ငွေစငွေနလေးများ ချေးငှားကာ ၀ယ်စီးလိုက်ဦးမည်ဟု အိမ်မက်မက်နေမိပါသည်။

‘ကား’ ဟုဆို၍ ‘ကိုက္ကား’ ပင် မပိုင်သေးသော ဆရာ၀န်ပါပဲလားဟု အထင်အမြင် ခံရမည် ဆိုး၍ ဖြစ်ပါသည်။ (မှတ်ချက်။ ရန်ကုန်ရောက်လျှင် မိမိမောင်းနေသော ကားမှာ မိဘတို့၏ ကားသာ ဖြစ်ပါကြောင်း) နာဒို အကြောင်း သိကောင်းစရာတို့ကို ပြီးခဲ့သောလများက ဤအိုင်စီတီ သတင်းစာစောင်တွင်
ဆရာတစ်ဦးက အကျယ်တ၀င့် ရှင်းပြခဲ့ဖူးသည်ကို ဖတ်ခဲ့ရပါသည်။

တိုက်ဆိုင်စွာဖြင့်ပင် ပြီးခဲ့သော သတင်းပတ်က ရန်ကုန်သို့ အလည်ရောက်ရင်း အစ်ကို ဆရာတစ်ဦးဖြစ်သူထံမှ ယနေ့ တိုးတက်နေသော မျက်မှောက်ခေတ်၏ ဆေးပညာစာစောင် ၄၊ ၅ စောင်ခန့် ရရှိခဲ့ရာ ထိုအထဲတွင် ‘‘Nanomedicine’’ ဟူသော စာစောင်တစ်ခု ပါရှိနေ၍ စိတ်၀င်စားမိခဲ့သည်။ မိမိ စိတ်၀င်စားသကဲ့သို့ ခေတ်သစ် နညး်ပညာသစ်တို့ကို စိတ်၀င်စားမည့် စာဖတ်သူ မိဘမိတ်ဆွေတို့အတွက် ဆရာ၀န်တစ်ဦးအနေနှင့် အရှင်းလင်းဆုံးဖြစ်အောင် ကြိုးစားဘာသာပြန်ရေးသားလိုက်ပါသည်။

နာနို = Nano = 10 -9
Nanotechnology designs and produces the components size of order nanometer (10 -9 m = one billionth of a meter) ဆိုလိုသည့် သဘောကတော့ တစ်မီတာ ဟူသော အတိုင်းအတာ၏ 1000000000 ပုံ 1ပုံ ( 10 -9 ) ပမာဏမျှသာ ရှိသော (သာမန်မျက်စိဖြင့်မမြင်ရသော) အစိိတ်အပိုင်းများကို ‘နာနို’ဟု ခေါ်သည်။ (မှတ်ချက်။ နာနိုကား ဆိုသည်ကာ သေးငယ်၍ အသုံးတည့်လှသည့် ကားဟု တင်စားခေါ်ေဝါ်ခြင်းသာဖြစ်မည်ဟု ယူဆမိသည်။) ထိုကဲ့သို့သော နာနို ပမာဏရှိသည့် အစိတ်အပိုင်းများကို ဆေးပညာကဏ္႑ာများတွင်လညး် ထည့်သွင်းအသုံးပြုနိုင်အောင် ကြိုးစားရာမှ ‘‘Nanomedicine’’ဟူသော ဆေးပညာကဏ္႑ာသစ်ပေါ်ထွက်ခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုရှိ ဆေးပညာသိပ္ပံပါရဂူများ၏ သုသေတန ရှာဖွေမှုအတွက် 2005မှ ငါးနှစ်တာ ထောက်ပံ့မှု (Funding) ပေးခဲ့ရာ 2006မှ အစပြု၍ လူသားများအတွက် အသုံးတည့်လှသည့် နာနို နည်းပညာကုထုံးများ ဆေးဝါးများကို ရှာဖွေစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြပြီ ဖြစ်သည်။ ယခု ကျွနု်ပ်တို့ ကြားဖူးမြင်ဖူးကြသော ရောဂါ ရှာဖွေရေး စက်ကိရိယာ တစ်ခုဖြစ်သည့် MRI (Magnetic Resonance Imaging) စက်ကြီးတွင်လည်း ထိုနာနို နည်းပညာကို အသုံးပြုထားသကဲ့သို့ အရေပြား အပူလောင်လျှင် အသုံးပြုလေ့ရှိသော ဆေးဝါး အရင်တစ်မျိုးတွင်လည်း ထိုနာနို ပမာဏမျှရှိသော ငွေမှုံ ငွေစလေးများ ထည့်သွင်း အသုံးပြုထားသည်ဟုဆိုလျှင် ဤ ‘‘Nanomedicine’’သည် ကျွနု်ပ်တို့၏ လက်၀ယ်သို့ ရောက်ရှိနေပြီဟု ဆိုနို်င်ပေသည်။

‘‘ဖြစ်ပျက်’’ သဘောတရားများနှင့် အစိုး မရသော ဤခန္ဓာကိုယ်ကြီး၏ ဖောက်လွဲဖောက်ပြန် ဖြစ်မှုများတွင် အဆိုးဆုံးဖြစ်သည့် ‘‘Cancer’’ ကင်ဆာရောဂါကို အပြီးသတ် ချေမှုန်းနိုင်မည့် ဆေးသစ်ဝါးသစ် ဖြစ်ပေါ်လာရေးအတွက် သိပ္ပံပညာရှင်များ အပတ်တကုတ် ကြိုးစားနေရာ၌ ဤ ‘‘Nanomedicine’’သည် ရှေ့ဆုံးမှ ပါ၀င်ပါသည်။ ‘‘Molecular Nanotechnology’’ဖြင့် ခန္ဓာကိုယ် ဆဲလ်များ၏ ဖောက်လွဲ ဖောက်ပြန် ဖြစ်မှုများကို ပြင်ဆင်ရန် ‘‘Gene Therapy’’နှင့် တွဲဖက် ယှဉ်တွဲ၍ စူးစမ်း ရှာဖွေနေကြသည်။ သို့ဆိုလျှင် အနာဂတ်ကာလ မေ၀းလှသော အချိန်တွင် လူ့အသက်ကို သေစေနိုင်သော ရောဂါဟူ၍ ရှိဦးမည်လော။ သိပ္ပံပညာရှင်များ၏ ရည်မှန်းချက်နှင့် ကြိုးစားမှုအတွက် ချီးကျူးမိသည်။

သို့သော် သဘာ၀နှင့် သေခြင်းတရားကို ဆန့်ကျင် အံတုနိုင်မည် ဆိုသည်မှာ ဖြစ်နိုင်၏လော….ထိုစာစောင်ထဲတွင်ဖော်ပြထားရာ၌ ကင်ဆာရှိသော ကြွက်ငယ်ကလေးများ
(လူသားတို့တွင် ရင်သားကင်ဆာဖြစ်တတ်သော မျုးိရိုးဗီဇနှင့် ဆင်တူသည့်)အား ထိုနာနို နည်းပညာဖြင့် ရောဂါ ကင်းစင်အောင် ကုသနိုင်ပြီဖြစ်ကြောင်းနှင့် လူသားတို့တွင် စမ်းသပ်ခွင့် ရရန် စောင့်ဆိုင်းနေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အတ္တကြီးလှသော ဉာဏ်ပညာ ကြီးမားလှသော ကျွနု်ပ်တို့ လူသားတို့မှာ မိမိတို့ အသက်ဆက်ရေးအတွက် များလှစွာသော သတ္တဝါငယ်လေးများ၏ အသက်ကို စတေးကြသည်။

ကျွနု်ပ်တို့ ယနေ့ ပဲကြီးလှော်ကဲ့သို့ စားနေသော ထိုဆေးဝါးများ အာနိသင် ရှိရှိ၊ အန္တရာယ်ဘေးထွက် ဆိုးကျိုးနည်းနိုင်သမျှ နည်းရေးအတွက် အဆင့်ပေါင်းများစွာ အသက်ပေါင်း များစွာ စတေးကြရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ကျွနု်ပ်တို့ ဆေးပညာ သင်ကြားစဉ် ကျောင်းသားဘ၀က ဆေးဝါးပညာ ပါမောက္ခဆရာကြီးက ဒီသတ္တဝါလေးတွေဟာ တို့တွေရဲ့ အသက်သခင် ကျေးဇူးရှင်တွေပဲဟု အမြဲအမှတ်ရသင့်ကြောင်း ဆုံးမဖူးပါသည်။

ယခုလက်ရှိ သုံးနေသော နည်းပညာနှင့် ဆေးဝါးများထက် ထိုနာနိုက မည်သို့ သာလွန်မြင့်မြတ်သနည်းဟု မေးစရာ ရှိပါသည်။ ထိုနာနို ပစ္စည်းများသည် ခန္ဓာကိုယ် Cell အဖွဲ့အစည်းနှင့် သဘာ၀၌ အလွယ်တကူ ၀င်ဆ့ံသည်။ မြန်ဆန်သည်။ ပိုမိုထိရောက်သော ရောဂါ ရှာဖွေရေး ကိရိယာများ ဖန်တီးရာ၌လည်း သက်ဆိုင်ရာ ခန္ဓာကိုယ် အဖွဲ့အစည်း၏ အတွင်းအပြင် နေရာအနှံ့ကို ၀င်ထွက်နိုင်သော ဤနာနိုဒြပ်စင်လေးများ၏ ကဏ္႑သည် အရေးပါလှသည်။ ထိုစာတမ်း၌ ဖော်ပြထားသော စာကြောင်းလေးကား အားရစရာ ကောင်းလှ၍ ကူးယူ ဖော်ပြလိုက်ရပါသည်။

‘‘What Nanoscientists will be able to achies in the fature is beyond current imagination. This might be accomplished by self assembled biocompatible nanodevies that will delect, evaluate, treat and report to the clinical doctor automatically.’’

ဆေးဝါးတစ်ခု၏ အာနိသင် ခန္ဓာကိုယ်ပေါ် ဘေးသင့်မှု ပမာဏနှင့် ခန္ဓာကိုယ်မှ ပြန်လည် စွန့်ထုတ်မှုကို အဆင့်အတန်းခွဲ ဆုံးဖြတ်ရာ၌ ဤနာနိုနည်းပညာဆေးဝါးများသည် နံပါတ်တစ် ဖြစ်လာနို်င်သည်။ အကြောင်းဆိုသော် ၄င်းတို့သည် လိုအပ်သောနေရာ (Target)သို့ သတ်မှတ်ထားသော အချိန်အတွင်း လိုအပ်သည့် ပမာဏအစရှိသည့် Bioavailabilityတို့ကို တိကျစွာ ပေးနိုင်စွမ်းရှိသည်။ အသုံးပြုပြီး စွန့်ထုတ်ရန် အချိန်ကျသောအခါလည်း အလွယ်တကူပင်ဖြစ်သောကြောင့် ခန္ဓာကိုယ်တွင်း ခိုအောင်း ပျက်စီးဖွယ်ရာအကြောင်း ရှားပါးလှသောကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့်လည်း ကမ်ဘာက ဤနည်းပညာ ဖွ့ံဖြိုးမှုအတွက် 4- B billion dollars မျှသော ရင်းနှီးမြှပ်နှံမှုကို ပြုလုပ်နေကြသည် မဟုတ်ပါလော။

ကင်ဆာ ဆေးဝါးကို အဓိက ဦးတည်ရှာဖွေကြသည်သာမက Bio-scientiet ဇီ၀သိပ္ပံပညာရှင်တို့သည် ‘‘Nanoscientistများနှင့် ပူးပေါင်းကာ ကမ်ဘာကို ခြိမ်းခြောက်နေသော ပဋိဇီ၀ဆေးဝါး ယဉ်ပါးမှု (Antibiiotic Resistence)အတွက်လည်း အထူး အလေးထားကာ စမ်းသပ် ရှာဖွေနေကြသည်။
ဤစမ်းသပ်မှုများ အကောင်အထည်ပေါ်ပါက ဆေးမတိုးသော TB ပိုး ( XDR-TB)ပင် ကြောက်စရာမလိုတော့ဟု ဆိုထားသည်။ Nano နည်းပညာသည် ဤဆေးမျှသာမက သွေးကျဲဆေး သွေးကြောပွင့်ဆေး အာရုံကြော အားကောငး်ဆေးတို့ ဖော်ထုတ်ရာတွင်လည်း စမ်းသပ် ပါ၀င်နေပြီ ဖြစ်သည်။ စိတ်၀င်စားစရာ အကောင်းဆုံး ပညာရပ်မှာတော့ ‘‘Neuro-electronic interface’’ ဖြစ်သည်။

ဤပညာရပ်သည် ခန္ဓာကိုယ်အတွင်းရှိ အာရုံကြောများ၏ လျှပ်စစ် လှုံ့ဆော်မှု (Nerve impulse)ကို ပြင်ပ ကွန်ပျူတာများမှ Nanodevice များ၏ အကူအညီဖြင့် အာရုံခံ သိရှိနို်င်မည် ဖြစ်သည်။ ထိုကွန်ပျူတာမှလည်း အာရုံကြောထဲသို့ လျှပ်စစ် လှုံ့ဆော်မှု ပြန်လည် ပေးပို့နိုင်ပြီး လူ့ ဦးနှောက်မှ စေခိုင်းသကဲ့သို့ လှုံ့ဆော်နိုင်မည်။ ဤစူးစမ်းရှာဖွေ စမ်းသပ်မှုများ အပြီးသတ် အောင်မြင်ချောမွေ့ပါက လေဖြတ် လေဖြန်းထားသူများ (cerbrovascular Avvidents) အကြောင်း အမျိုးမျိုးကြောင့် ဦးနှောက် (သို့) ခါးရိုးပင်မ အာရုံကြော ထိိခိုက်သွားသူများ အာရုံကြော ပျက်စီးသူများ အာလုံး လူကောင်း ပကတိ ပြန်လည် သန်စွမ်းလာကြမည်ဖြစ်၍ အားရ ၀မ်းသာစရာပင် ဖြစ်သည်။

သြော်… စဉ်းစားမိသည်။ လူ့လောကတွင် အဖြစ်အပျက်မျိုးစုံတို့သည် အနိမ့်အမြင့် အတက်အကျဖြင့် ပြောင်းလဲဖြစ်ပေါ်နေသည်။ လောက ဓမ္မတာအရ ရောဂါတစ်ခုခု ခံစားရလျှင် လူတိုင်း စိတ်ပျက်မိသည်။ သို့သော် ထိုေ၀ဒနာသည်တို့ကို အားပေးချင်သည်။ အားတင်းထားကြပါ။ လူကြံလျှင် ဘာမဆို ဖြစ်နိုင်ပါသည်။ လူသားနှင့် ထပ်တူထပ်မျှ အသိဉာဏ်ရှိသော စက်ရုပ်များကို တီထွင်နေကြသကဲ့သို့ လူသားစင်စစ်များကိုလည်း ကွန်ပျူတာဖြင့် ထိန်းချူပ်နိုင်မည့် အချိန်သို့ ရောက်လာကြဦးမည်။ ထိခိုက်ဒဏ်ရာ ရ၍ ကွဲပြားသွားသော အသားအရေ ဒဏ်ရာများကို အပ်ဖြင့် ချူပ်စရာမလိုဘဲ Nano နည်းပညာဖြင့် Welding (၀ဒိန်) ဆော်နိုင်တော့မည်။

လူကို သေစေနို်င်သော ပိုးမွှားများ (Microorganism)တို့ကို Nanorobots များဖြင့် ပြန်လည် တိုက်ခိုက်နို်င်တော့မည်။ ခန္ဓာကိုယ်အတွင်းမှ ယိုယွင်းမှု ဖြစ်စဉ်များကို Nanoimaging cameraများဖြင့် မျက်ဝါး ထင်ထင် တွေ့မြင် ကုသနို်င်တော့မည်။ လာမည့် မေ၀းတော့သည့် အနာဂတ်ကာလတွင် ခန္ဓာ၏ ရောဂါ ဇစ်မြစ် အတိအကျကို Nano ပညာဖြင့်ဖော်ထုတ်၊ Nano ဆေးဝါးများဖြင့် ကုသကာ Nano စောင့်ကြပ်မှုများဖြင့် အချိန်ပြည့် ကာကွယ်ပေးနေမည့် အလိုအလျောက် Automated Nano Doctorsများ ပေါ်ထွက်လာမည်သာ ဖြစ်ပေတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *