How-to

Mountain Lion သွင်းပြီး Software အသစ်တွေ “ထပ်” ထည့်သွင်းလို့ မရတော့ဘူးလို့ အော်နေသူများအတွက််

OSX 10.8 အဖြစ် Mountain Lionလို့ အမည်ပေးထားသည့် Macအတွက် Version အသစ်ကို သွင်းပြီးသွားသည့် Mac ပိုင်ရှင်များမှ ‘‘Application အသစ်တွေကို ကျွန်တော့ Macထဲကို Version မြှင့်ပြီးမှ ထပ်ထည့်လို့ မရတော့ဘူး’’ဟု ပြောဆိုသံများ များပြားလာသည့်အတွက်ကြောင့် ဤတစ်ပတ် အိုင်စီတီဂျာနယ်မှ ဘယ်လို ဘယ်ကြောင့်ဆိုတာ တင်ပြလိုက်ရပါတယ်။

Apple Inc.မှ Mountain Lion OSကို အရှေ့ Versionတွေထက် Security ပိုင်းအရ ပို၍ လုံခြုံမှု ရှိစေရန် အဆင့် တစ်ဆင့် ထပ်တိုးခဲ့တာပါ။
၄င်းကတော့ အသုံးပြုသူများ OS ပေါ်မှာ ရှာဖွေ မတွေ့ရှိနိုင်ပဲ အနောက်ကွယ်မှ ၀န်ဆောင်မှု ပေးနေသည့် Gate Keepenပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ၀န်ဆောင်မှုကတော့ Macထဲကို Applicationတွေ ထည့်သွင်းမယ်ဆိုရင် Appleမှ အသိအမှတ်ပြုထားသည့် App Developensများထံမှသာ ထည့်သွင်းခွင့်ပေးထားခြင်း ဖြစ်ပါတယ်။

ဆိုလိုတာကတော့ OSနှင့် တစ်ခါတည်း ပါလာသည့် Mac App Storeနှင့် အသိအမှတ်ပြု Developerတွေထံမှ Appတွေကို Download လုပ်မှသာ အသုံးပြုခွင့် ရှိမည်ဖြစ်ပြီး Torrent ဆိုဒ်တွေမှ ရယူထားသည်များကိုတော့ OSအတွက် အန္တရာယ် ရှိနိုင်၍ သွင်းခွင့် မပေးဘူးဆိုတဲ့ သဘောပါပဲ။
သို့ပေမယ့် မိမိရဲ့ Macကို စိတ်မပူသူများအတွက်တော့ ကြိုက်တဲ့နေရာမှ ရတဲ့ Appကို သွင်းမယ်ကွာ ဆိုရင်တော့ ‘System Preference > Security & Privacy’ အောက်က ‘General’ Tab အောက်မှာ Administrator Password ရိုက်ထည့်ပြီး ‘Allow application download from’ ကို ‘ Anywhere’လို့ ရွေးချယ်ပေးလိုက်ရုံပါပဲဆိုတာ တင်ပြလိုက်ရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *