Mobile

Lenovo ThinkPad Helix

Lenovo-ThinkPad-Helix

သယ်ယူရ လွယ်ကူအောင် ပြုလုပ်ထားတဲ့ PC အသေးစားဖြစ်တဲ့ ThinkPad Helixဟာ Screen Display အကျယ် ၁၁.၆ လက်မ ရှိမှာဖြစ်ပြီး Lenovoရဲ့ နောက်ဆုံးထုတ် ပစ္စည်းသစ်ဖြစ်ပါတယ်။ Intel Core i5 ဒါမှမဟုတ် အဲဒီထက် ပိုမြန်မယ့် Processorကို အသုံးပြုထားမှာ ဖြစ်ပြီးတော့ Keyboardလည်း ပါ၀င်တာကြောင့် Notebookလိုမျိုးရော၊ Tabletလိုမျိုးပါ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မူလက မတ်လထဲမှာ ဈေးကွက်တင်နိုင်ဖို့ Lenovoက မျှော်မှန်းထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်ကမှ ဈေးကွက်မှာ ဖြန့်ချိနိုင်ခဲ့တာ ဖြစ်ပါတယ်။ Resolutionက ၁၉၈၀×၁၀၈၀ Pixelရှိမှာ ဖြစ်ပြီး Brightnessက ၄၀၀ nit ရှိမှာ ဖြစ်ပါတယ်။ IPS Display စနစ်ကို အသုံးပြုထားတာကြောင့် ကြည်လင်တောက်ပတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ Windows 8 Proကို အသုံးပြုထားပြီး Processorက Intel Ivy Bridge ဖြစ်ပါတယ်။ RAMမှာ 4 GB ပါရှိမှာဖြစ်သလို SSDကို 256 GB ထိအောင် မြှင့်တင် သုံးစွဲနိုင်ဦးမှာ ဖြစ်ပါလိမ့်မယ်။ Battery Lifeက Tabletနဲ့ Keyboardကို တွဲဖက် သုံးစွဲမယ်ဆိုရင် ၁၀ နာရီကြာအောင် သုံးစွဲနိုင်မှာ ဖြစ်ပြီး Tablet သီးသန့်ဆိုရင်တော့ ၅ နာရီ ကြာအောင် သုံးစွဲနိုင်ပါလိမ့်မယ်။ Keyboardနဲ့ တွဲဖက် သုံးစွဲချိန်တွေမှာ Battery Consumtion သက်သာရတဲ့ အကြောင်းက Keyboardမှာ Attach Batteryစနစ် ပါ၀င်သေးတာကြောင့် ဖြစ်ပါတယ်။ ဈေးနှုန်းက တစ်လုံးကို ၁၄၉၉ ဒေါ်လာနဲ့ ဧပြီလဆန်းပိုင်းကစပြီး ဂျပန်၊ ဥရောပနဲ့ အမေရိကတို့မှာ ဖြန့်ချိနေပြီ ဖြစ်ပါတယ်။
Ref: www.liliputing.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *