News

ရန်ကုန်လေဆိပ် ပြုပြင်ထိန်းသိမ်းရေး Singaporean လျှောက်ထား

Singaporean-airport

Yongnam အခြေပြု Singaporean ဆောက်လုပ်ရေး လုပ်ငန်းဟာ လက်ရှိအချိန်မှာ တိုကျို အခြေစိုက် JEC Corporationနှင့်
ပူးပေါင်း၍ Changi Airport Planners and Engineers တို့ကိုဦးဆောင်စေ၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အား
နှစ်သုံးဆယ်ကာလအတွင်း ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ လုပ်ငန်းလည်ပတ် လုပ်ဆောင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခွင့် ရရှိရန် လျှောက်ထားလျက်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ တနလာၤနေ့က ဖော်ပြချက်များအရ Singapore အခြေစိုက်အဖွဲ့ဟာ စဦးလျှာက်ထားမှု အဖြစ် ဖေဖော်ဝါရီလအတွင်းက မြန်မာ မြို့ပြလေကြောင်းဌာနသို့ တင်ပြခဲ့သေးကြောင်းလည်း သိရပါတယ်။

Yongnamရဲ့ ထောက်ပြချက်များအရ ကုမ္ပဏီဟာ စင်ကာပူ ပြည်တွင်း၌တွင် သာမကပဲ ပြည်ပနိုင်ငံများတွင်ပါ အောင်မြင်မှုများ ရရှိခဲ့ကြောင်းသိရပါတယ်။လေဆိပ် ဆောက်လုပ်ရေး အပိုင်းများတွင် စင်ကာပူနိုင်ငံရှိ Changi Airport, Suvarnabhumi International Airport(Bangkok), Brunei International Airport, Kuala Lumpur International Airport, New Delhi International Airport
နှင့် Mumbai Intrenational Airportများအား Yongnamမှ တာ၀န်ယူ ဆောက်လုပ်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *