Mobile

Battery Life ကို အရင်ကထက် ၅၀ရာနှုန်း ပိုအသုံးခံအောင်

battery-life-50-be-suitable-for-use

Laptopတွေဟာ အရွယ်အစားနဲ့ စွမ်းအင်သုံးစွဲမှု အပိုင်းတွေမှာ ပိုမိုများပြားတာ တွေ့ရပါတယ်။ ဒီနေ့မှာ လူတော်တော်များများဟာ Laptopတွေကို နေ့စဉ်ဘ၀တွေမှာ အသုံးချနေကြတာ တွေ့ရပါတယ်။ ဒီနေရာမှာ Laptopသုံးသူတိုင်း ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုရှိပါတယ်။ အဲဒါကတော့ Battery lifeတိုတောင်းတာပဲ ဖြစ်ပါတယ်။ အလွယ်ဆုံး အနေနဲ့ သင်ဖြေရှင်းနိုင်မယ့် အချက်ကတော့ Screenရဲ့ Brightnessကို လျော့ချလိုက်တာပဲ ဖြစ်ပါတယ်။ အခုတော့ အဲဒီ ပြဿနာကို Intelက နည်းပညာနဲ့ ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ အဆိုပါ စနစ်ကို တီထွင်ဖန်တီးတာကတော့ Intelရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ Haswellဖြစ်ပြီး Intelရဲ့ Processorအတော်များများကို ထုတ်လုပ်ပေးနေတဲ့ အပိုင်းဖြစ်ပါတယ်။

အခုထုတ်လိုက်တဲ့ Haswellရဲ့ Chipအသစ်ကိုသာ သုံးစွဲမယ်ဆိုရင် သင့်အနေနဲ့ ပုံမှန် လုပ်ဆောင်နိုင်စွမ်း နှုန်းအတိုင်း လုပ်ဆောင်ပေးနိုင်ပြီး Battery Lifeကို ၅၀ ရာခိုင်နှုန်းအထိအောင် ပိုမိုရှည်ကြာအောင် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အဲဒီ Chipကို Core i7သုံး Ultrabook-classတွေမှာ တပ်ဆင်အသုံးပြုကြည့်တဲ့အခါ Battery Lifeကို ၉.၁ နာရီကြာအောင် သုံးစွဲနိုင်တာ တွေ့ရပါတယ်။

အဆိုပါ Ultrabookအသစ်မှာ HD 5000 GPUကို အသုံးပြုထားပြီး ပုံမှန် Resolutionက 1366×768 Pixelရှိကြောင်းနှင့် Video recordတွေ အတွက် တစ်စက္ကန့်လျှင် Frameပေါင်း ၆၀နှုန်းနဲ့ ရိုက်ကူးမှတ်တမ်းတင်နိုင်မှာ ဖြစ်ကြောင်းနှင့် Call of Duty 3လို Gameမျိုး အတွက်ဆိုရင် Resolutionက 1920×1200 Pixelအဖြစ်တောင်မှ ပြသပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Intelဟာ နောက်ထပ် Chipနှစ်ခုကိုလည်း စမ်းသပ်တီထွင်နေပြီး အဆိုပါ ပစ္စည်းသစ်နှစ်ခုမှာ Battery Lifeအား ၁၅ နာရီကျော်သည်ထိအောင် သုံးစွဲနိုင်အောင် တိထွင်ဖန်တီးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *