Googleရဲ့ လူမှုကွန်ရက် ဖြစ်တဲ့ Google+ကို အန်းဒရွိုက်မှာ အသုံးပြုနိုင်အောင် တင်ဆက်ပေးလိုက် ပါတယ်။ ဗားရှင်းကတော့ Google+ For Android 4.0.4ဖြစ်ပြီး ဖိုင်အရွယ်အစား 3.5MBနဲ့ ဒီနေရာမှာ အခမဲ့ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီAppကို Googleက Developလုပ်တာ ဖြစ်ပါတယ်။ အခုဆိုရင် လူမှုကွန်ရက်ဆိုဒ်တွေဟာ ရွေးချယ်စရာတွေ များလာတာကြောင့် အသုံးပြုသူတွေ အနေနဲ့ မိမိနှစ်သက်ရာကို Choiceလုပ်နိုင် ပါတယ်။ ဒီGoogle+ ဟာလည်း သုံးလို့ကောင်းတဲ့ Socialတစ်ခု ဖြစ်ပါတယ်လို့ အကြံပြု ပါရစေ။ Google+ကို Tabletတွေမှာ သုံးမယ်ဆိုရင်တော့ မဂ္ဂဇင်းပုံစံနဲ့ သုံးစွဲနိုင်မှာ ဖြစ်လို့စွဲမက်ဖွယ်ရာ ပါပဲ။
အသစ်ထွက်လာတဲ့ ဒီဗားရှင်းမှာ ဆိုရင် Google Driveထဲမှာ သိမ်းထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုတာ၊ ပြင်ဆင်တာနဲ့ Shareလုပ်တာ စတာတွေ လုပ်နိုင်မှာ ဖြစ်သလို ဘယ်သူ ဘယ်နေရာရောက်နေတယ် ဆိုတဲ့ တည်နေရာLocationတွေ ကိုလည်း သိရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ အကောင့်တွေ၊ Pageတွေကို ကူးပြောင်းတဲ့ နေရာမှာလည်း ပိုမိုလွယ်ကူစေမှာ ဖြစ်ပြီး စီးပွားရေးအတွက် ထောက်ပံ့ဖန်တီးထားတဲ့ Google Appsတွေ ကိုလည်း ရယူနိုင်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့အခါ Messageပို့တာ၊ Video Callတာ စတဲ့အလုပ်တွေ အတွက်လည်း “Hangouts”ဆိုတဲ့ ၀န်ဆောင်မှု စီစဉ်ပေးထား ပါတယ်။