Goolge က Nest နဲ့ အလုပ်တွဲလုပ်ဖို့ Nest ကထွက်တဲ့ ထွက်ကုန်တွေထဲက Thermostat နဲ့ Smoke detector ကို လှမ်းပြီး ချိတ်နိုင်တဲ့ API တစ်ခုကို ထုတ်ပြလိုက်ပါတယ်။ Nest ဆိုတာက အိမ်သုံးပစ္စည်းတော်တော်များကို အလိုအလျောက် ချိတ်ဆက်နိုင်တဲ့ ပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူက IFTTT, Jawbone, LIFX, Logitech, Mercedes-Benz, Whirlpool, Chamberlain နဲ့ Google စသည့် ကုမ္ပဏီကြီးတွေနဲ့ သူ့ service တွေသုံးနိုင်အောင် ချိတ်ဆက်ထားပါတယ်။ အဲဒီသဘောတူညီချက်အရ Google ကစပြီး ဒီ API ကို ထုတ်တာဖြစ်ပါတယ်။ Nest ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေက ထွက်ကုန်တွေနဲ့ ဘယ်လို ချိတ်ဆက်ထားလဲဆိုတာ အသေးစိတ် ဖော်ပြထားပါတယ်။
မာစီဒီးကုမ္ပဏီနဲ့ဆိုရင် သင့်ရဲ့ မာစီဒီးကားဟာ အိမ်က thermostat တို့လို အပူချိန်ထိန်း ကိရိယာတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် သင်ကားဟာ အိမ်ပြန်လာပြီဆိုရင် အိမ်မှာ သင်လိုချင်တဲ့ နွေးထွေးမှု ဒါမှမဟုတ် အအေးဓါတ်မျိုးမဟုတ်ဘူးဆိုရင် သင်မရောက်ခင်မှာ အလိုအလျောက် လေအေးစက် ဒါမှမဟုတ် အပူပေးစက်ကို ဖွင့်ပေးထားမှာပါ။ အဲဒီလိုပဲ Jawbone တို့လိုကုမ္ပဏီတွေနဲ့လည်း ချိတ်ဆက်ပြီး သင်အိပ်စက်နေတဲ့ အချိန် သို့ နိုးနေတဲ့ အချိန်တွေမှာ အပူချိန်လယ်ဗယ်ကို သင် setting ချထားသလိုမျိုး အမြဲအလိုအလျောက် ညှိပေးနေမှာပါ။
Nest က စီနီယာ ထွက်ကုန်မန်နေဂျာ ဂရီ ဟူးကတော့ သူတို့သဘောတူညီချက် ယူထားတဲ့ စာချုပ်ဟာ သူတို့ရဲ့ ထွက်ကုန်တွေဖြစ်တဲ့ Nest ရဲ့အိမ်သုံးပစ္စည်းတွေကို ချိတ်ဆက်ပေးပြီး အလိုအလျောက် remote လုပ်ပေးနိုင်မှာ ဖြစ်ပါတယ် လို့ပြောခဲ့ပါတယ်။ ချိတ်ဆက်မှုကတော့ ပစ္စည်းတွေပေါ်မှာ မူတည်ပြီးတော့ကွဲပြားမှာပါ။ LIFX ကုမ္ပဏီက ထုတ်တဲ့ Wi-Fi LED မီးသီးကတော့ Nest ရဲ့ အိမ်ကာကွယ်ရေး ပရိုဂရမ်ဖြစ်တဲ့ Nest Protect Detected Smoke နဲ့သာ ချိတ်ဆက်ထားတဲ့အတွက် မီးခိုးပုံစံအရာရာတစ်ခုခုကို အာရုံခံစားရတာနဲ့ LIFX ရဲ့ မီသီးတွေကို အလိုအလျောက်လှမ်း ချိတ်ပြီးတော့ အနီရောင်လေးတွေ မှိတ်တုန့်မှိတ်တုန့် လင်းစေပြီး အလန်းမြည်သံကို run ပေးမှာဖြစ်ပါတယ်။ Nest ရဲ့ ပူးတွဲတည်ထောင်သူ အင်ဂျင်နီယာ ခေါင်းဆောင် မက် ရော်ဂျာ ကတော့ API ကြေညာတဲ့အတောအတွင်းကို နောက်ပိုင်းမှာ cross-platform ကိုလည်း ထုတ်ပေးမယ်လို့ ပြောသွားပါတယ်။ ဒီဖန်ရှင်တွေ၊ ဖီးချားတွေနဲ့ပဲ iOS မှာလည်းပေးမှာပါလို့ ပြောခဲ့ပါတယ်။
ရော်ဂျာကနေပြီး “အိမ်သုံးပစ္စည်းတွေမှာ ဒီလိုမျိုး platform ပြိုင်ပွဲတွေမဖြစ်သင့်ပါဘူး၊ အိမ်သုံးပစ္စည်းဆိုတော့ ရိုးရိုးရှင်းရှင်းလေး သဘာဝအတိုင်းလေးပဲကောင်းပါတယ်” ပြောခဲ့ပါသေးတယ်။ Nest ရဲ့ အခြား ထုတ်ကုန်တွေ အတွက်လည်း Google I/O နဲ့ချိတ်ဆက်မှုတွေလုပ်ပြီး ဖန်တီးဖို့ ရည်ရွယ်ထားပါတယ် လို့ ရော်ဂျာ ကဆက်ပြောပါတယ်။